ၾကားသိရသမွ်

ဧရာမပုလဲကြီးက ဒေါ်လာ သန်း(၁၀၀) လောက်တန်နေတယ်ဆိုတာ မသိခဲ့ ဘဲ အိပ်ရာအောက်မှာ သိမ်းထားခဲ့တဲ့ တံငါသည်

ဖိလစ်ပိုင်နိုင်ငံ ပါလဝမ်းကျွန်းဟာ ရေနေသယံဇာတတွေ ပေါကြွယ်ဝတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ မြို့တော်မနီလာဆီ တင်ပို့တဲ့ငါးတော်တော်များများဟာ ပါလဝမ်းကျွန်းကနေ ရောက်လာတာပါ။

ငါးအမျိုးမျိုးဖမ်းဆီးရမိနိုင်တဲ့ နေရာဖြစ်တဲ့အပြင် ပုလဲတွေကြောင့်လည်းပါလဝမ်းကျွန်းဟာ နာမည်ကြီးပါတယ်။ မကြ ာသေးခင်ကတော့ ပါလဝမ်းကျွန်းနေ တံငါသည်တစ်ဦးဟာ ပါလဝမ်းပြည်နယ်အစိုးရကိုဧရာမပုလဲကြီးတစ်လုံး ပေးအပ်ခဲ့ပါသေးတယ်။

အရွယ်အစားကြီးလွန်းတဲ့ ပုလဲကြီးဟာ ကမာ ္ဘ့အကြီးဆုံး သဘာဝပုလဲကြီး ဖြစ်နိုင်ပါတယ်။ အကျယ်တစ်ပေရှိပြီး (၂.၂) ပေ ရှည်လျားကာပေါင်(၇၅) ပေါင်နီးနီး ရှိပါတယ်။ ကမ္ဘာ့အကြီးဆုံးပုလဲအဖြစ် ဂင်းနစ်စံချိန်ဝင်ထားတဲ့ အလေးချိန်(၁၄) ပေါင်ရှိ Pearl of Lao Tzu သို့မဟုတ် The Pearl of Allah ထက်တောင် သာလွန်ပြီး ကြီးမားပါသေးတယ်။

၎င်း Pearl of Lao Tzu ပုလဲကြီးကိုလည်း ဖိလစ်ပိုင်နိုင်ငံ ပါလဝမ်းကျွန်းကနေပဲ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပါလဝမ်းပြည်နယ် အစိုးရရဲ့ ေြပာစကားအရ ပုလဲရတနာကြီးကို ရှာဖွေတွေ့ရှိခဲ့တဲ့ တံငါသည်ဟာ ၎င်းပုလဲကြီးကို သိမ်းထားတာ ဆယ်စုနှစ်တစ်ခုတောင် ကြာနေခဲ့ပြီလို့ဆိုပါတယ်။

တံငါသည်ကြီးဟာ ငါးအရှာထွက်ရင်း တစ်နေ့ မုန်တိုင်းထဲမှာ ဧရာမကမာခွံကြီးတစ်ခုကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ တံငါသည်ြကီးအတွက် ပိုပြီးအံ့သြရတာကတော့ ကမာခွံအတွင်းထဲမှာ ရှိနေတဲ့ ပုလဲကြီးပဲ ဖြစ်ပါတယ်။

ပုလဲကြီးဆယ်ယူမိပေမယ့် လူမသိသူမသိ ထားချင်တာကြောင့် တံငါသည်ကြီးဟာ ပုလဲကြီးကို သူ့ အိပ်ရာအောက်ထဲမှာ ကံကောင်းစေဖို့အတွက် အဆောင်သဘောအနေနဲ့ ထားခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ တံငါသည်ကြီးဟာ အိမ်ခဏခဏအပြောင်းအရွှေ့လုပ်ရတာကြောင့် ပုလဲကြီးကို ပြည်နယ်အစိုးရဆီ အပ်လိုက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ထိုတံငါသည်ကြီးဟာ ၎င်းဧရာမပုလဲကြီးက ဒေါ်လာသန်း(၁ ၀၀) လောက်တန်နေတယ်ဆိုတာ မသိခဲ့ကြောင်း ပြောပြခဲ့ပါသေးတယ်။

ပုလဲကြီးရဲ့ အရွယ်အစားကတော့ ပုံမှာမြင်ရတဲ့အတိုင်း အကြီးကြီးပါပဲ။ လက်ရှိမှာ ပုလဲရတနာကြီးကို Puerto Princesa City Hall မှာ ြပသထားပါတယ်။ ခရီးသွားလုပ်ငန်းဆိုင်ရာက တာဝန်ရှိသူတွေကတော့ ပုလဲကြီးဟာ ကမ္ဘာလှည့်ခရီးသည်အများအပြားကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

Unicode

ဒေါ်လာ သန်း(၁၀၀) တန် ပုလဲကြီးကို အိပ်ရာအေ ာက်မှာ သိမ်းထားခဲ့တဲ့ ဖိလစ်ပိုင်တံငါသည်ဖိလစ်ပိုင်နိုင်ငံ ပါလဝမ်းကျွန်းဟာ ရေနေသယံဇာတတွေ ပေါကြွယ်ဝတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။

မြို့တော်မနီလာဆီ တင်ပို့တဲ့ ငါးတော်တော်များများဟာ ပါလဝမ်းကျွန်းကနေ ရောက်လာတာပါ။ ငါးအမျိုးမျိုးဖမ်းဆီးရမိနိုင်တဲ့ နေရာဖြစ်တဲ့အပြင် ပုလဲတွေကြောင့်လည်း ပါလဝမ်းကျွန်းဟာ န ာမည်ကြီးပါတယ်။

မကြာသေးခင်ကတော့ ပါလဝမ်းကျွန်းနေ တံ ငါသည်တစ်ဦးဟာ ပါလဝမ်းပြည်နယ်အစိုးရကို ဧရာမပုလဲကြီးတစ်လုံး ပေးအပ်ခဲ့ပါသေးတယ်။

အရွယ်အစားကြီးလွန်းတဲ့ ပုလဲကြီးဟာ ကမ္ဘာ့အကြီးဆုံး သဘာဝပုလဲကြီး ဖြစ်နိုင်ပါတယ်။ အကျယ်တစ်ပေရှိပြီး (၂.၂) ပေ ရှည်လျားကာ ပေါင်(၇၅) ပေါင်နီးနီး ရှိပါတယ်။

ကမ္ဘာ့အကြီးဆုံးပုလဲအဖြစ် ဂင်းနစ်စံချိန်ဝင်ထားတဲ့ အလေးချိန်(၁၄) ပေါင်ရှိ Pearl of LaoTzu သို့မဟုတ် The Pearl of Allah ထက်တောင် သာလွန်ပြီး ကြီးမားပါသေးတယ်။

၎င်း Pearl of Lao Tzu ပုလဲကြီးကိုလည်း ဖိလစ်ပိုင်နိုင်ငံ ပါလဝမ်းကျွန်းကနေပဲ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပါလဝမ်းပြည်နယ် အစိုးရရဲ့ ပြောစကားအရ ပုလဲရတနာကြီးကို ရှာဖွေတွေ့ရှိခဲ့တဲ့ တံငါသည်ဟာ ၎င်းပုလဲကြီးကို သိမ်းထားတာ ဆယ်စုနှစ်တစ်ခုတောင် ကြာနေခဲ့ပြီလို့ ဆိုပါတယ်။ တံငါသည်ကြီးဟာ ငါးအရှာထွက်ရင်း တစ်နေ့ မုန်တိုင်းထဲမှာ ဧရာမကမာခွံကြီးတစ်ခုကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

တံငါသည်ကြီးအတွက် ပိုပြီးအံ့သြရတာကတော့ ကမာခွံအတွင်းထဲမှာ ရှိနေတဲ့ ပုလဲကြီးပဲ ဖြစ်ပါတယ်။ပုလဲကြီးဆယ်ယူမိပေမယ့် လူမသိသူမသိ ထားချင်တာကြောင့် တံငါသည်ကြီးဟာ ပုလဲကြီးကို သူ့အိ ပ်ရာအောက်ထဲမှာ ကံကောင်းစေဖို့အတွက် အဆောင်သဘောအနေနဲ့ ထားခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ တံငါသည်ကြီးဟာ အိမ်ခဏခဏအပြောင်းအရွှေ့လုပ်ရတာကြောင့် ပုလဲကြီးကို ပြည်နယ်အစိုးရဆီ အပ်လိုက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ထိုတံငါသည်ကြီးဟာ ၎င်းဧရာမပုလဲကြီးကဒေါ်လာသန်း(၁၀၀) လောက်တန်နေတ ယ်ဆိုတာ မသိခဲ့ကြောင်း ပြောပြခဲ့ပါသေးတယ်။

ပုလဲကြီးရဲ့ အရွယ်အစားကတော့ ပုံမှာမြင်ရတဲ့အတိုင်း အကြီးကြီးပါပဲ။ လက်ရှိမှာ ပုလဲရတနာကြီးကို Puerto Princesa City Hall မှာပြသထားပါတယ်။

ခရီးသွားလုပ်ငန်းဆိုင်ရာက တာဝန်ရှိသူတွေကတော့ ပုလဲကြီးဟာ ကမ္ဘာလှည့်ခရီးသည်အများအပြားကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

Credit Oiginal Writer