ဧရာဝတီတိုင်း ပင်လယ်ဝကျေးရွာများ၌ လေတိုက်ပြီး ဒီရေစတင်ဝင်ရောက်လာ (ရုပ်သံ)
DVB
မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ဒေသကို ဦးတည်လာတဲ့ မုန်တိုင်းကြောင့် ဧရာဝတီတိုင်းအတွင်း မြို့နယ်တချို့က ပင်လယ်ဝမှာ တည်ရှိတဲ့ကျေးရွာတွေကို လေတွေတိုက်ပြီး ဒီရေစတင်ဝင်ရောက်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဖျာပုံခရိုင်အတွင်း ဘိုကလေးမြို့နယ်မှာရှိတဲ့ ဧရာကျေးရွာနဲ့ လပွတ္တာမြို့နယ် အောင်လှိုင်ကျေးရွာကို မတ် ၂၂ ရက် မွန်းတည့် ၁၂ နာရီလောက်ကစတင်ကာ ရေဝင်ရောက်လာတာလို့ ဆိုပါတယ်။
လပွတ္တာမြို့နယ်နေ ဒေသခံတဦးက “ဒီနေ့လယ်ပိုင်းမှာ ရေစဝင်လာတာ ဗြုန်းဆိုရောက်လာတာတော့ မဟုတ်ဘူး။ တဖြည်းဖြည်းတက်လာတာ။ တော်တော်များများကတော့ ဆိုင်ကလုန်းရှယ်တာတွေဘက်ကို သွားပြီ။ ဒီဘက်က သွားဖို့မလွယ်လို့ အိမ်အမြင့်ရှိတဲ့ အိမ်မှာပေါင်းနေနေတာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းက ပင်လယ်နဲ့နီးတဲ့မြို့နယ်တွေမှာ လေတိုက်ပြီး ရေတက်လာတာတွေရှိပြီး လေတအားတိုက်တာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
တိုင်းအတွင်းက တခြားမြို့နယ်အများစုမှာတော့ လေနည်းနည်းတိုက်ပြီး မိုးရွာတာမျိုးတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အားကောင်းတဲ့ မုန်တိုင်းဟာ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့နားကနေ စတင်ဝင်ရောက်နေပြီးလို့ စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက ဒီနေ့ မွန်းလွဲ ၁၂ နာရီခွဲ သတင်းထုတ်ပြန်ထားပါတယ်။
Credit
Zawgyi
ဧရာဝတီတိုင္း ပင္လယ္ဝေက်း႐ြာမ်ား၌ ေလတိုက္ၿပီး ဒီေရစတင္ဝင္ေရာက္လာ (႐ုပ္သံ)
DVB
ျမန္မာႏိုင္ငံ၊ ျမစ္ဝကြၽန္းေပၚေဒသကို ဦးတည္လာတဲ့ မုန္တိုင္းေၾကာင့္ ဧရာဝတီတိုင္းအတြင္း ၿမိဳ႕နယ္တခ်ိဳ႕က ပင္လယ္ဝမွာ တည္ရွိတဲ့ေက်း႐ြာေတြကို ေလေတြတိုက္ၿပီး ဒီေရစတင္ဝင္ေရာက္လာၿပီလို႔ ေဒသခံေတြက ေျပာပါတယ္။
ဖ်ာပုံခ႐ိုင္အတြင္း ဘိုကေလးၿမိဳ႕နယ္မွာရွိတဲ့ ဧရာေက်း႐ြာနဲ႔ လပြတၱာၿမိဳ႕နယ္ ေအာင္လႈိင္ေက်း႐ြာကို မတ္ ၂၂ ရက္ မြန္းတည့္ ၁၂ နာရီေလာက္ကစတင္ကာ ေရဝင္ေရာက္လာတာလို႔ ဆိုပါတယ္။
လပြတၱာၿမိဳ႕နယ္ေန ေဒသခံတဦးက “ဒီေန႔လယ္ပိုင္းမွာ ေရစဝင္လာတာ ျဗဳန္းဆိုေရာက္လာတာေတာ့ မဟုတ္ဘူး။ တျဖည္းျဖည္းတက္လာတာ။ ေတာ္ေတာ္မ်ားမ်ားကေတာ့ ဆိုင္ကလုန္းရွယ္တာေတြဘက္ကို သြားၿပီ။ ဒီဘက္က သြားဖို႔မလြယ္လို႔ အိမ္အျမင့္ရွိတဲ့ အိမ္မွာေပါင္းေနေနတာ” လို႔ ေျပာပါတယ္။
ဧရာဝတီတိုင္းအတြင္းက ပင္လယ္နဲ႔နီးတဲ့ၿမိဳ႕နယ္ေတြမွာ ေလတိုက္ၿပီး ေရတက္လာတာေတြရွိၿပီး ေလတအားတိုက္တာမ်ိဳးေတာ့ မရွိေသးဘူးလို႔ ဆိုပါတယ္။
တိုင္းအတြင္းက တျခားၿမိဳ႕နယ္အမ်ားစုမွာေတာ့ ေလနည္းနည္းတိုက္ၿပီး မိုး႐ြာတာမ်ိဳးေတြ ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
အားေကာင္းတဲ့ မုန္တိုင္းဟာ ဧရာဝတီတိုင္း ဟိုင္းႀကီးကြၽန္းၿမိဳ႕နားကေန စတင္ဝင္ေရာက္ေနၿပီးလို႔ စစ္ေကာင္စီလက္ေအာက္ခံ မိုးဇလဌာနက ဒီေန႔ မြန္းလြဲ ၁၂ နာရီခြဲ သတင္းထုတ္ျပန္ထားပါတယ္။
Credit