မိုးေလ၀သ

မြန်မာပြည်ကို စတင်ဝင်ရောက်နေတဲ့ မုန်တိုင်းနှင့် စိတ်အေးစရာ နောက်ဆုံးရ မုန်တိုင်း သတင်း

မြန်မာပြည်ကို စတင်ဝင်ရောက်နေတဲ့ မုန်တိုင်းနှင့် စိတ်အေးစရာ နောက်ဆုံးရ မုန်တိုင်း သတင်း

မုန်တိုင်းဟာ အင်အား ဆက်မကြီးလာနိုင်တော့ဘူးတဲ့။ ရှေ့လာမယ့်နာရီတွေမှာ ဒီထက်အားမပိုတော့ဘူး။ လောလောဆယ် အများဆုံးတနာရီ မိုင် (၄၀) အားပဲရှိတယ်။ ပြောရရင် နာဂစ်လို လှိုင်းတွေ ၁၅ ပေ ပေ ၂၀ မတက်နိုင်ဘူးပေါ့။ ဒါပေမယ့် ဒီရေကတော့ ပုံမှန်ထက် ပိုတက်မှာပဲ။

ဒီလေအရှိန်ကလည်း အိမ်အမိုးလန်နိုင်တယ်၊ သစ်ပင်ကျိုးနိုင်တယ်၊ ထရံပွင့်နိုင်တယ်၊ အိမ်ပြိုနိုင်သေးတယ်။ မိုးကြီးနိုင်တယ်။ လမ်းတွေ မိုးရေကြောင့်ရေကြီးပြီး တနေရာနဲ့တနေရာ အဆက်အသွယ်ပြတ်နိုင်တယ်။

စားပင်ရိက္ခာ ကျွဲနွားတွေ အန္တရာယ်ရှိသေးတယ်။ ပုံ – ညနေခင်း မော်လမြိုင်ကမ်းနားလမ်း မြစ်ရေတက်မြင်ကွင်း။ မုန်တိုင်းရဲ့ အဝေးဆုံးအမြှီးဖျားက မြန်မာပြည်အနောက်တောင်ဖက်အစွယ်နားမှာ စပြီး ကုန်းတွင်းဝင်နေပြီ။ မုန်တိုင်း ကိုယ်ထည်ကတော့ မနက်ဖြန်မှ ကုန်းတွင်းထဲရောက်မယ်။ ဘာပဲပြောပြော.. တော်ပါသေးရဲ့။ (Kyaw Swa Min)

မုန်တိုင်းဝင်ကာနီး ထူခြားတဲ့ အခြေအနေတွေကို တွေ့ရပါမယ်၊ အဲ့ဒီအတွက် Weatherbug မှာ ကြည့်နိုင်ပါမယ်.. ရန်ကုန်နဲ့ မိုင် ၈၀ လောက်ဝေးတဲ့ ပင်လယ်ပြင်မှာရယ်၊ မော်တင်စွန်းနဲ့ ကိုကိုးကျွန်းနားက ပင်လယ်ပြင်မှာရယ် မိုးကြိုးပစ်တာ လျှပ်စီးလက်တာတွေက စ နေပါပြီ။

မုန်တိုင်းဝင်ကာနီး ငြိမ်သွားတဲ့ လေ၊ ပိုပူလာတယ်ထင်ရတဲ့ အပူချိန်နဲ့ ကောင်းကင်က လျှပ်စီးလက်တာတွေကို မြင်နေရရင်တော့ မုန်တိုင်းက သိပ်မဝေးတော့ဘူးလို့ သိနိုင်ပါမယ်။ မှတ်ချက် – မုန်တိုင်းတွေက အကျင့်မကောင်းပါ၊ ညဘက် အိပ်ချိန်ကျမှ ဝင်တတ်တော့ လူတွေ မှောင်မှောင်မည်းမည်းမှာ ကယ်ရာမဲ့ ဖြစ်ကုန်ကြရတတ်လို့ပါ။

(Win Naing)

ျမန္မာျပည္ကို စတင္ဝင္ေရာက္ေနတဲ့ မုန္တိုင္းႏွင့္ စိတ္ေအးစရာ ေနာက္ဆုံးရ မုန္တိုင္း သတင္း

မုန္တိုင္းဟာ အင္အား ဆက္မႀကီးလာနိုင္ေတာ့ဘူးတဲ့။ ေရွ႕လာမယ့္နာရီေတြမွာ ဒီထက္အားမပိုေတာ့ဘူး။ ေလာေလာဆယ္ အမ်ားဆုံးတနာရီ မိုင္ (၄၀) အားပဲရွိတယ္။ ေျပာရရင္ နာဂစ္လို လွိုင္းေတြ ၁၅ ေပ ေပ ၂၀ မတက္နိုင္ဘူးေပါ့။ ဒါေပမယ့္ ဒီေရကေတာ့ ပုံမွန္ထက္ ပိုတက္မွာပဲ။

ဒီေလအရွိန္ကလည္း အိမ္အမိုးလန္နိုင္တယ္၊ သစ္ပင္က်ိဳးနိုင္တယ္၊ ထရံပြင့္နိုင္တယ္၊ အိမ္ၿပိဳနိုင္ေသးတယ္။ မိုးႀကီးနိုင္တယ္။ လမ္းေတြ မိုးေရေၾကာင့္ေရႀကီးၿပီး တေနရာနဲ႔တေနရာ အဆက္အသြယ္ျပတ္နိုင္တယ္။

စားပင္ရိကၡာ ကၽြဲႏြားေတြ အႏၲရာယ္ရွိေသးတယ္။ ပုံ – ညေနခင္း ေမာ္လၿမိဳင္ကမ္းနားလမ္း ျမစ္ေရတက္ျမင္ကြင္း။ မုန္တိုင္းရဲ့ အေဝးဆုံးအျမႇီးဖ်ားက ျမန္မာျပည္အေနာက္ေတာင္ဖက္အစြယ္နားမွာ စၿပီး ကုန္းတြင္းဝင္ေနၿပီ။ မုန္တိုင္း ကိုယ္ထည္ကေတာ့ မနက္ျဖန္မွ ကုန္းတြင္းထဲေရာက္မယ္။ ဘာပဲေျပာေျပာ.. ေတာ္ပါေသးရဲ့။ (Kyaw Swa Min)

မုန္တိုင္းဝင္ကာနီး ထူျခားတဲ့ အေျခအေနေတြကို ေတြ႕ရပါမယ္၊ အဲ့ဒီအတြက္ Weatherbug မွာ ၾကည့္နိုင္ပါမယ္.. ရန္ကုန္နဲ႔ မိုင္ ၈၀ ေလာက္ေဝးတဲ့ ပင္လယ္ျပင္မွာရယ္၊ ေမာ္တင္စြန္းနဲ႔ ကိုကိုးကၽြန္းနားက ပင္လယ္ျပင္မွာရယ္ မိုးႀကိဳးပစ္တာ လၽွပ္စီးလက္တာေတြက စ ေနပါၿပီ။

မုန္တိုင္းဝင္ကာနီး ၿငိမ္သြားတဲ့ ေလ၊ ပိုပူလာတယ္ထင္ရတဲ့ အပူခ်ိန္နဲ႔ ေကာင္းကင္က လၽွပ္စီးလက္တာေတြကို ျမင္ေနရရင္ေတာ့ မုန္တိုင္းက သိပ္မေဝးေတာ့ဘူးလို႔ သိနိုင္ပါမယ္။ မွတ္ခ်က္ – မုန္တိုင္းေတြက အက်င့္မေကာင္းပါ၊ ညဘက္ အိပ္ခ်ိန္က်မွ ဝင္တတ္ေတာ့ လူေတြ ေမွာင္ေမွာင္မည္းမည္းမွာ ကယ္ရာမဲ့ ျဖစ္ကုန္ၾကရတတ္လို႔ပါ။

(Win Naing)