ၾကားသိရသမွ်

ကြောက်စရာအသံတွေနဲ့ အတူ လေယာဉ်ပျက်မှုမှာ ပါဝင်ခဲ့တဲ့ခရီးသည်တစ်ဦးရဲ့ နောက်ဆုံးရုပ်သံဖိုင်မှတ်တမ်း

အောက်တွင်ဖော်ပြထားသော ဗွီဒီယိုဖိုင်မှာ လေယာဉ်ပေါ်တွင် ပါလာသော ခရီးသည်တစ်ဦး ပို့ပေးခဲ့သော နောက်ဆုံး videoလို့ သိရှိရပါတယ်

MU5735 တရုတ်လေယာဉ် ပျက်မကျမီ လေယာဉ်ပေါ်တွင် ပါလာသော ခရီးသည်တစ်ဦး ပို့ပေးခဲ့သော နောက်ဆုံး video

Source – wechat(Nay Min Ko Ko FB Acc)ဗွီဒီယိုဖိုင်ကို အောက်တွင်ဖော်ပြထားပါသည်။

တရုတ် လေယာဉ် ပျက်ကျမှု ရှာဖွေမှုတွေ ဆက်လုပ်နေပြီး အသက်ရှင်ကျန်သူ မတွေ့

တရုတ်လေကြောင်းလိုင်း China Eastern ရဲ့ လူ ၁၃၂ ဦး လိုက်ပါခဲ့တဲ့ လေယာဉ်ပျက်ကျရာနေရာမှာ အင်္ဂါနေ့(မတ် ၂၂) က ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အသက်ရှင်ကျန်ရစ်သူ မတွေ့ရဘူးလို့ သိရပါတယ်။

အဆိုပါလေယာဉ်ဟာ တနင်္လာနေ့အစောပိုင်းက တရုတ်နိုင်ငံရှိ တောထူထပ်တဲ့ တောင်ကုန်းတစ်ခုမှာ ပျက်ကျခဲ့တာဖြစ်ပြီး ဆယ်စုနှစ်တစ်ခုအတွင်း နိုင်ငံရဲ့ အဆိုးဆုံး လေကြောင်းဘေးဆိုးတစ်ခုဖြစ်ခဲ့ပါတယ်။

အခင်းဖြစ်နေရာမှာ လေယာဉ် အပျက်အစီးအပိုင်းအစတွေ တွေ့ခဲ့ပေမယ့် အခုချိန်ထိ အဆက်အသွယ်ပြတ်တောက်နေတဲ့ လေယာဉ်ပေါ် လိုက်ပါသွားသူတွေကိုတော့မတွေ့သေးဘူးလို့ နိုင်ငံပိုင် ရုပ်သံ CCTV က လေယာဉ်ပျက်ကျမှုဖြစ်အပြီး ၁၈ နာရီအကြာ အင်္ဂါ မနက်ခင်းမှာ ပြောဆိုပါတယ်။

ဘိုးရင်း ၇၃၇-၈၀၀ အမျိုးအစား လေယာဉ်ဟာ နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့ကနေ စက်မှုလုပ်ငန်းဗဟိုချက်တစ်ခုဖြစ်တဲ့ ကွမ်ကျိူးမြို့ကို ပျံသန်းလာစဉ်

ကွမ်ရှီပြည်နယ် ဝူကျိုးမြို့အနီးမှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။ လေယာဉ် ပျက်ကျခဲ့ရာမှာ နာဆာ ဂြိုဟ်တုဓါတ်ပုံတွေမှာ မြင်ရလောက်တဲ့အထိ မီးတောက်ကြီးဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။

လေယာဉ်ပျက်ကျရာ တောင်စောင်းနေရာမှာ ချိုင့်နက်ကြီးဖြစ်ပေါ်ခဲ့တယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောကြောင်း ဆင်ဟွာသတင်းက ဖော်ပြပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို

စုံစမ်းစစ်ဆေးရာမှာ မရှိမဖြစ်လိုအပ်သော လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာနဲ့ လေယာဉ်မှူးခန်း အသံမှတ်တမ်းတင

ကိရိယာ ဘလက်ဘောက်စ်တွေကို ဒရုန်းတွေနဲ့ရော လူအသုံးပြုပြီးပါ ရှာဖွေနေတယ်လို့ သတင်းမှာ ဆက်လက် ဖော်ပြခဲ့ပါတယ်။

လေယာဉ်လမ်းကြောင်း ခြေရာခံ ဝက်ဘ်ဆိုက်ဖြစ်တဲ့ FlightRadar24.com ရဲ့ အချက်အလက်များအရ

China Eastern ခရီးစဉ်အမှတ် ၅၇၃၅ လေယာဉ်ဟာ အမြင့်ပေ ၂၉၀၀၀ ဝန်းကျင်မှာ

တစ်နာရီ ၈၄၂ ကီလိုမီတာနှုန်းနဲ့ ပျံသန်းနေစဉ် ဒေသစံတော်ချိန် ၂း၂၀ လောက်မှာ မတ်စောက်ပြီး လျင်မြန်စွာ စိုက်ဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လေယာဉ်ဟာ အမြင့်ပေ ၇၄၀၀ သို့ စိုက်ဆင်းသွားခဲ့ပြီးနောက် ပေ ၁၂၀၀ ခန့် ခေတ္တ ပြန်တက်သွားကာ ယင်းနောက်မှာ ထပ်မံစိုက်ဆင်းခဲ့တယ်လို့လည်း သိရပါတယ်။

Video Player

00:00
00:10

လေယာဉ် စတင်ပြုတ်ကျပြီး ၉၆ စက္ကန့်အကြာမှာ အချက်အလက် ပေးပို့မှု ရပ်တန့်သွားခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၁၂၃ ဦးနဲ့ လေယာဉ်အမှုထမ်း ၉ ဦး လိုက်ပါသွားခဲ့ကြောင်း တရုတ်နိုင်ငံ အရပ်ဖက် လေကြောင်းပျံသန်းမှု စီမံခန့်ခွဲရေးဌာနက ပြောဆိုပါတယ်။

CNA(အကုန်သိ)