ဗဟုသုတ

ညအခ်ိန္မေတာ္ တကၠစီ စီးတဲ့အခါ အလုံျခဳံဆုံး ျဖစ္ေစမယ့္ နည္းလမ္း(၃)ခု

ညအခ်ိန္မေတာ္ တကၠစီ စီးတဲ့အခါ အလုံျခဳံဆုံး ျဖစ္ေစမယ့္နည္းလမ္း(၃)ခု

ညသန္းေခါင္ေက်ာ္ေလာက္ႀကီးတစ္ေယာက္တည္းအိမ္ျပန္ခဲ့ရတာေတြရွိခဲ့ဖူးမွာပါ

ခရီးကေနျပန္လာလို႔ပဲျဖစ္ျဖစ္သူငယ္ခ်င္းေတြနဲ႔အေပ်ာ္လြန္ၿပီးေနာက္က်သြားတာပဲျဖစ္ျဖစ္ ညအခ်ိန္မေတာ္တကၠစီနဲ႔အိမ္ျပန္ဖူးၾကပါလိမ့္မယ္

အဲဒီအခ်ိန္ႀကီးမွာကိုယ္ကတစ္ေယာက္တည္းတကၠစီစီးေနရေပမယ့္ ဆိုးသြမ္းတဲ့တကၠစီသမားတစ္ေယာက္ေယာက္နဲ႔မ်ားေတြ႕ၿပီးပိုက္ဆံပဲအလုခံရမလား၊

ကိုယ့္ဆီမွာရွိတာေတြ ယူထားလိုက္ၿပီးကားေပၚကေနကန္ခ်ထားခဲ့မလားဆိုတာစိတ္ထဲမွာခဏေတာ့ ေတြးမိၾကမွာပါ

တခ်ိဳ႕တကၠစီသမားေတြကလူေကာင္းေတြျဖစ္ၿပီးေစာင့္ေရွာက္တတ္သူေတြျဖစ္ေပမယ့္ တခ်ိဳ႕ကေတာ့ အခြင့္အေရးယူသူေတြ ျဖစ္နိုင္ပါတယ္…။

ဒီေတာ့ညအခ်ိန္မေတာ္ႀကီးတကၠစီစီးဖို႔kျဖစ္လာတဲ့အခါဒီနည္းလမ္း(၃)ခုကိုသာသုံးၾကည့္ပါသင္အိမ္ကိုအလုံျခဳံဆုံးျပန္ေရာက္သြားပါလိမ့္မယ္ေနာ္…။

(၁)ကားထဲမွာ အျခားလူတစ္ေယာက္ပါ၊မပါအရင္ၾကည့္ပါ သင္စီးမယ့္ကားထဲမွာကားေမာင္းသူအျပင္အျခားတစ္ေယာက္ရွိေနမယ္ဆိုရင္အဲဒီကားကိုလုံးဝမစီးတာအေကာင္းဆုံးပါ

တကယ္လို႔လမ္းမွာတစ္စုံတစ္ခုအမွားအယြင္းရွိခဲ့ရင္ေတာင္ တစ္ဦးခ်င္းရင္ဆိုင္ရတာက သင့္အတြက္ ပိုေကာင္းမွာပါ။

ကားေမာင္းသူနဲ႔အတူေနာက္တစ္ေယာက္အတူရွိေနတာမ်ိဳးကသင့္ရဲ့စိုးရိမ္မႈကိုတစ္ခ်ိန္လုံးတြန္းအားေပးေနသလိုျဖစ္ေနမွာမို႔တစ္ဦးထက္ပိုၿပီးကားေပၚမွာရွိေနခဲ့ရင္ေနာက္တစ္စီးငွားလိုက္တာက အေကာင္းဆုံးပါပဲ။

(၂)ကားေပၚတက္တာနဲ႔ဖုန္းဆက္ပါကားေပၚတက္လိုက္ၿပီဆိုတာနဲ႔ သင့္ရဲ့မိသားစုဝင္တစ္ေယာက္ေယာက္ဒါမွမဟုတ္သင့္ရဲ့သူငယ္ခ်င္းတစ္ေယာက္ေယာက္ဆီဖုန္းဆက္ၿပီးသင္ဘယ္ေနရာကေနကားငွားလာၿပီဆိုတဲ့အေၾကာင္းအသိေပးပါ။

ဒီလိုအသိေပးျခင္းကသင့္ရဲ့အိမ္အျပန္ကိုေစာင့္ေနတဲ့သူတစ္ေယာက္ရွိေနတယ္လို႔ေဖာ္ျပလိုက္တာပဲျဖစ္ၿပီးလမ္းမွာတစ္စုံတစ္ခုျဖစ္ခဲ့ရင္ကူညီမယ့္သူတစ္ေယာက္အဆင္သင့္ရွိေနတယ္လို႔ေဖာ္ျပလိုက္တာလည္းျဖစ္ပါတယ္…။

ကားငွားၿပီဆိုတာနဲ႔ ကားနံပတ္ကို အရင္မွတ္ထားၿပီးမိသားစုဆီဒါမွမဟုတ္သူငယ္ခ်င္းေတြဆီ မက္ေဆ့ခ်္ပို႔ဖို႔မေမ့ပါနဲ႔

ဒီနည္းက သင္တစ္ခုခုျဖစ္ခဲ့တယ္ဆိုရင္ေတာင္သင့္အတြက္ အေထာက္အကူျဖစ္မွာျဖစ္ၿပီးဒီကားနံပတ္ကတစ္ဆင့္ ျပန္လည္စုံစမ္းလို႔ရပါလိမ့္မယ္။

(၃)အငွားဝန္ေဆာင္မႈကုမၸဏီေတြကိုသုံးပါဒီေန႔ေခတ္ရန္ကုန္မွာေတာ့ကားအငွားဝန္ေဆာင္မႈေတြမ်ားလာၾကပါၿပီ…။

ကိုယ္သြားခ်င္တဲ့ခရီးကိုAppမွာရိုက္ထည့္လိုက္ၿပီးခလုတ္ႏွိပ္လိုက္႐ုံနဲ႔ကားတစ္စီးကသင့္ဆီကိုအဆင္သင့္ေရာက္လာနိုင္တာမ်ိဳးပါ။

ဒီေတာ့ညသန္းေခါင္မွာတစ္ေနရာရာသြားဖို႔လိုလာၿပီျဖစ္ရင္တရားဝင္ကားအငွားဝန္ေဆာင္မႈေတြကိုသုံးတာအေကာင္းဆုံးပါပဲ…။

သူတို႔ဆီမွာသက္ဆိုင္ရာကားသမားေတြရဲ့ကိုယ္ေရးအခ်က္အလက္ေတြကိုမွတ္ပုံတင္ထားၿပီးသားျဖစ္တာမို႔ သင့္အတြက္အလုံျခဳံဆုံးျဖစ္မွာပါ…။

Unicode,

ညအချိန်မတော် တက္ကစီ စီးတဲ့အခါ အလုံခြုံဆုံး ဖြစ်စေမယ့်နည်းလမ်း(၃)ခု

ညသန်းခေါင်ကျော်လောက်ကြီးတစ်ယောက်တည်းအိမ်ပြန်ခဲ့ရတာတွေရှိခဲ့ဖူးမှာပါ

ခရီးကနေပြန်လာလို့ပဲဖြစ်ဖြစ်သူငယ်ချင်းတွေနဲ့အပျော်လွန်ပြီးနောက်ကျသွားတာပဲဖြစ်ဖြစ် ညအချိန်မတော်တက္ကစီနဲ့အိမ်ပြန်ဖူးကြပါလိမ့်မယ်

အဲဒီအချိန်ကြီးမှာကိုယ်ကတစ်ယောက်တည်းတက္ကစီစီးနေရပေမယ့် ဆိုးသွမ်းတဲ့တက္ကစီသမားတစ်ယောက်ယောက်နဲ့များတွေ့ပြီးပိုက်ဆံပဲအလုခံရမလား၊

ကိုယ့်ဆီမှာရှိတာတွေ ယူထားလိုက်ပြီးကားပေါ်ကနေကန်ချထားခဲ့မလားဆိုတာစိတ်ထဲမှာခဏတော့ တွေးမိကြမှာပါ

တချို့တက္ကစီသမားတွေကလူကောင်းတွေဖြစ်ပြီးစောင့်ရှောက်တတ်သူတွေဖြစ်ပေမယ့် တချို့ကတော့ အခွင့်အရေးယူသူတွေ ဖြစ်နိုင်ပါတယ်…။

ဒီတော့ညအချိန်မတော်ကြီးတက္ကစီစီးဖို့kဖြစ်လာတဲ့အခါဒီနည်းလမ်း(၃)ခုကိုသာသုံးကြည့်ပါသင်အိမ်ကိုအလုံခြုံဆုံးပြန်ရောက်သွားပါလိမ့်မယ်နော်…။

(၁)ကားထဲမှာ အခြားလူတစ်ယောက်ပါ၊မပါအရင်ကြည့်ပါ သင်စီးမယ့်ကားထဲမှာကားမောင်းသူအပြင်အခြားတစ်ယောက်ရှိနေမယ်ဆိုရင်အဲဒီကားကိုလုံးဝမစီးတာအကောင်းဆုံးပါ

တကယ်လို့လမ်းမှာတစ်စုံတစ်ခုအမှားအယွင်းရှိခဲ့ရင်တောင် တစ်ဦးချင်းရင်ဆိုင်ရတာက သင့်အတွက် ပိုကောင်းမှာပါ။

ကားမောင်းသူနဲ့အတူနောက်တစ်ယောက်အတူရှိနေတာမျိုးကသင့်ရဲ့စိုးရိမ်မှုကိုတစ်ချိန်လုံးတွန်းအားပေးနေသလိုဖြစ်နေမှာမို့တစ်ဦးထက်ပိုပြီးကားပေါ်မှာရှိနေခဲ့ရင်နောက်တစ်စီးငှားလိုက်တာက အကောင်းဆုံးပါပဲ။

(၂)ကားပေါ်တက်တာနဲ့ဖုန်းဆက်ပါကားပေါ်တက်လိုက်ပြီဆိုတာနဲ့ သင့်ရဲ့မိသားစုဝင်တစ်ယောက်ယောက်ဒါမှမဟုတ်သင့်ရဲ့သူငယ်ချင်းတစ်ယောက်ယောက်ဆီဖုန်းဆက်ပြီးသင်ဘယ်နေရာကနေကားငှားလာပြီဆိုတဲ့အကြောင်းအသိပေးပါ။

ဒီလိုအသိပေးခြင်းကသင့်ရဲ့အိမ်အပြန်ကိုစောင့်နေတဲ့သူတစ်ယောက်ရှိနေတယ်လို့ဖော်ပြလိုက်တာပဲဖြစ်ပြီးလမ်းမှာတစ်စုံတစ်ခုဖြစ်ခဲ့ရင်ကူညီမယ့်သူတစ်ယောက်အဆင်သင့်ရှိနေတယ်လို့ဖော်ပြလိုက်တာလည်းဖြစ်ပါတယ်…။

ကားငှားပြီဆိုတာနဲ့ ကားနံပတ်ကို အရင်မှတ်ထားပြီးမိသားစုဆီဒါမှမဟုတ်သူငယ်ချင်းတွေဆီ မက်ဆေ့ချ်ပို့ဖို့မမေ့ပါနဲ့

ဒီနည်းက သင်တစ်ခုခုဖြစ်ခဲ့တယ်ဆိုရင်တောင်သင့်အတွက် အထောက်အကူဖြစ်မှာဖြစ်ပြီးဒီကားနံပတ်ကတစ်ဆင့် ပြန်လည်စုံစမ်းလို့ရပါလိမ့်မယ်။

(၃)အငှားဝန်ဆောင်မှုကုမ္ပဏီတွေကိုသုံးပါဒီနေ့ခေတ်ရန်ကုန်မှာတော့ကားအငှားဝန်ဆောင်မှုတွေများလာကြပါပြီ…။

ကိုယ်သွားချင်တဲ့ခရီးကိုAppမှာရိုက်ထည့်လိုက်ပြီးခလုတ်နှိပ်လိုက်ရုံနဲ့ကားတစ်စီးကသင့်ဆီကိုအဆင်သင့်ရောက်လာနိုင်တာမျိုးပါ။

ဒီတော့ညသန်းခေါင်မှာတစ်နေရာရာသွားဖို့လိုလာပြီဖြစ်ရင်တရားဝင်ကားအငှားဝန်ဆောင်မှုတွေကိုသုံးတာအကောင်းဆုံးပါပဲ…။

သူတို့ဆီမှာသက်ဆိုင်ရာကားသမားတွေရဲ့ကိုယ်ရေးအချက်အလက်တွေကိုမှတ်ပုံတင်ထားပြီးသားဖြစ်တာမို့ သင့်အတွက်အလုံခြုံဆုံးဖြစ်မှာပါ…။

Unicode,