ၾကားသိရသမွ်

နန္ဒာလှိုင် ခင်ပွန်းဖြစ်သူ ဇေသီဟ နဲ့ ဦးခင်ရွှေ ဖမ်းဆီး ခံလိုက်ရတဲ့ နောက်ကွယ်က အကြောင်း အရင်း အပြည့်စုံ

ရန်ကုန် ဗဟန်းမြို့နယ် ပုလဲလမ်းရှိ စစ်တပ်ပိုင် မြရိပ်ညိုဟိုတယ်နှင့် မြေနေရာကို ငှားရမ်းမှုတွင် သ ဘောတူညီချက် ဖောက်ဖျက်မှု၊ ယင်းမြေပေါ်ရှိ ရှေးဟောင်း အဆာက်အအုံ ၂လုံးကို ဖျက်ဆီးခဲ့မှုဖြင့် ဇေကမ္ဘာခင်ရွှေကို စစ်တပ်က ဖမ်းဆီးတရားစွဲမည်ဖြစ်ကြောင်း ရဲသတင်းရင်းမြစ်က အတည်ပြုသည်

ဇေကမ္ဘာခင်ရွှေကို တရားစွဲမည့် ရဲကြေးနန်းစာ အွန်လိုင်းပေါ်တွင် ပေါက်ကြားလာပြီး ယင်းပေါက်ကြားလာသည့်စာမှန်ကန်မှု ရှိ၊ မရှိ ရဲသတင်းရင်းမြစ်ကို ရန်ကုန်ခေတ်သစ်က မေးမြန်းရာ မှန်ကန်ကြောင်း ရဲသတင်းရင်းမြစ်က အတည်ပြုသည် ဇေကမ္ဘာခင်ရွှေကိစ္စက မှန်တယ်ဗျ တပ်ဘက်က တရားစွဲတာ အဲဒီစာထဲအတိုင်း မှန်ပါတယ် ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်

စစ်တပ်ပိုင် ပုလဲလမ်းပေါ်ရှိ အကြမ်းဖက် စစ်တပ်ပိုင် မြရိပ်ညိုဟိုတယ်ဝင်း မြေတိုင်းအမှတ် ၃၆-J၊ မြေကွက် အမှတ် ၁၁၁၊ ၁၁၂ A၊ ၁၁၂ B ၊ ၁၁၂ C နှင့် ၁၁၂ D မြေဧရိယာ ၆ ဒသမ ၉၃၇ ဧကနှင့် မြေတိုင်းအမှတ် ၃၆ L၊ မြေတိုင်းအမှတ် ၁၁၂ B၊ ၁၁၆ C မြေဧရိယာ ၆ ဒသမ ၈၅၇ ဧက စုစုပေါင်း မြေဧရိယာ ၁၃ ဒသမ ၇၉၄ ဧကနှင့် ယင်းမြေပေါ်ရှိ အဆောက်အဦများကို စစ်တပ်က ဇေကမ္ဘာကုမ္ပဏီကို ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်

ထိုသို့ ငှားရမ်းခဲ့ခြင်းကြောင့် အကြမ်းဖက် စစ်တပ်က မြေအသုံးချခ အဖြစ် ပရီမီယံကြေး ၁ဧကကို အမေရိကန်ဒေါ်လာ ၃သန်းရရှိပြီး နှစ်စဉ် ငှားရမ်းခ အနေဖြင့် အမေရိကန် မြေ ၁စတုရန်း မီတာကို အမေရိကန် ဒေါ်လာ ၁၅ ဒေါ်လာရရှိပြီး စစ်တပ်က တစ်နှစ်ကို ငှားရမ်းခ ၁ ဒသမ ၂ သန်းရရှိကြောင်း သိရသည်

ယင်းသို့ စစ်တပ်နှင့် ဇေကမ္ဘာခင်ရွှေတို့ သဘောတူညီတာသော်လည်း ဇေကမ္ဘာခင်ရွှေက အမေရိကန် ဒေါ်လာ ၁၆ ဒသမ ၅၅၂၈ ပေးသွင်းခဲ့ကာ အဆိုပါ မြေပေါ်ရှိ ရှေးဟောင်း အဆောက်အအုံ ၂လုံးဖြစ်သော

မြို့တော်ဝန်အိမ်ဟောင်းနှင့် မြို့တော်ဝန်ဧည့်ဂေယာ အိမ်တို့ကို ဖြိုချခဲ့သည်ဆိုကာ ရန်ကုန်တိုင်း စစ် ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မိုးက တရားလိုပြုလုပ်ကာ အမှုဖွင့်ခြင်းဖြစ်ကြောင်း သိရှိရသည် စစ်တပ်၏ အမှုဖွင့်သော အကြောင်းပြချက်များတွင် ဇေကမ္ဘာကုမ္ပဏီ အနေဖြင့်စစ်တပ်နှင့် နှစ်ဖက်သဘောတူ ချုပ်ဆိုထားသော စာချုပ်များကို ချိုးဖောက်ခြင်း၊ မြေအသုံး ပြု ငှားရမ်းခများကို ပေးသွင်းရန် ပျက်ကွက်ခြင်း၊

တရုတ်ကုမ္ပဏီတခုနှင့် Yangon New World စီမံကိန်းကို ခွင့်ပြုချက် တစုံတရာ မယူဘဲ လုပ်ကိုင်ခြင်း၊ ထို့ပြင် ကုမ္ပဏီအနေဖြင့် BOT စာချုပ်ချုပ် ဆိုနိုင်ခြင်း မရှိသည့် အချိန်တွင် သက်ဆိုင်ရာကို တင်ပြခြင်း မရှိဘဲ ရှေးဟောင်းသမိုင်းဝင် မြို့တော်ဝန် အိမ်အပါအဝင် အခြား အဆောက်အအုံ ၂ လုံးကို

ဖြိုဖျက်ခြင်း၊ မြရိပ်ညိုအိမ်ရာစီမံကိန်းအ ကောင်အထည်ဖော်ခြင်း တို့ပါဝင်ပြီး ၂၀၁၈ ခုနှစ်တွင် စစ်တပ်က ဇေကမ္ဘာကုမ္ပဏီကို စစ်တပ်ပိုင်မြေမှ ထွက်ခွာရန် မောင်းထုတ်ခဲ့သည်

ဦးခင်ရွှေ၏သမီးဖြစ်သူ ဒေါ်ဇေဇင်လတ်သည် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း၏ သားဖြစ်သူ ဦးတိုးနိုင်မန်းနှင့် လက်ထပ်ထားကြပြီး ဦးခင်ရွှေနှင့်ဦးရွှေမန်းမှာ ခမည်းခမက်တော်စပ်ကြသူများလည်းဖြစ်သည်။c r d