လက္ရွိေနတဲ့အိမ္အပါအဝင္ ပိုင္ဆိုင္မွုအခ်ိဳ႕ ခ်ိတ္ပိတ္ခံလိုက္ရတဲ့ ေဇကမၻာ ဦးခင္ေရႊတို့သားအဖ
အာဏာသိမ္း စစ္ေကာင္စီက ဖမ္းဆီးထားသည့္ ျမန္မာနိုင္ငံ၏ ထိပ္တန္းခရိုနီသူေဌးႀကီးတစ္ဦးျဖစ္သူ ေဇကမၻာကုမၸဏီဥကၠ႒ ဦးခင္ေရႊႏွင့္ သားျဖစ္သူ ဦးေဇသီဟတို့ကို ယမန္ေန႔က အင္းစိန္ေထာင္သို့ ပို့ေဆာင္ခ်ဳပ္ေႏွာင္ထားၿပီး ၎တို့၏ပိုင္ဆိုင္မွုမ်ား ကိုလည္း စစ္ေကာင္စီက ခ်ိတ္ပိတ္ရန္ ျပင္ဆင္ေနေၾကာင္း သတင္းရရွိသည္။
အာဏာသိမ္း စစ္ေကာင္စီက ေဇကမၻာ ဦးခင္ေရႊမိသားစုေနအိမ္၊ အင္းယားလိပ္ဟိုတယ္ဝန္းအတြင္းရွိ Sport Bar ႏွင့္ မြန္ျပည္နယ္၊ က်ိဳက္ထိုရွိ ေနအိမ္တလုံးတို့ကို ခ်ိတ္ပိတ္သိမ္းဆည္းလိုက္ေၾကာင္း၊ က်န္သည့္ လုပ္ငန္းမ်ားႏွင့္ ပိုင္ဆိုင္မွုမ်ားကိုလည္း ဆက္လက္စိစစ္ေနေသးေၾကာင္း ေဇကမၻာကုမၸဏီႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
“လက္ရွိက ရန္ကုန္က ဦးခင္ေရႊတို့အိမ္နဲ႔ မြန္ျပည္နယ္က အိမ္ကို ခ်ိတ္ပိတ္လိုက္ၿပီ။ က်န္တဲ့ ပိုင္ဆိုင္မွုေတြကို ထပ္စစ္ေနတယ္။ ေဇကမၻာကုမၸဏီ႐ုံးကိုေတာ့ ခ်ိတ္မပိတ္ေသးဘူး။ သူလုပ္ထားတဲ့ ျပတိုက္နားမွာ လုံျခဳံေရးေတြအျပည့္ ခ်ထားတယ္။”ဟု ေဇကမၻာကုမၸဏီမွ အမည္မေဖာ္လိုသူ ဝန္ထမ္းတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္။လက္ရွိ မဂၤလာဒုံၿမိဳ့နယ္က အမွတ္ ၃ လမ္းေပၚရွိ ေဇကမၻာကုမၸဏီဝန္းကိုလည္း စစ္တပ္ႏွင့္ရဲလုံျခဳံေရးမ်ား အျပည့္ခ်ထားသည္ကို ေတြ႕ရေၾကာင္း မဂၤလာဒုံၿမိဳ့ခံတဦးက ဧရာဝတီတိုင္းမ္သို့ ေျပာသည္။
ေဇကမၻာ ဦးခင္ေရႊႏွင့္ သားျဖစ္သူ ဦးေဇသီဟတို့ကို လုံျခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ယမန္ေန႔တြင္ အင္းစိန္ေထာင္သို့ ပို့ေဆာင္လာသျဖင့္ ေထာင္တြင္း၌ ဖမ္းဆီးထိမ္းသိမ္းထားေၾကာင္း အင္းစိန္ေထာင္မွ ေထာင္ဝန္ထမ္းအရာရွိတစ္ဦးက အတည္ျပဳေျပာဆိုသည္။
လူမွုကြန္ရက္တြင္ ပ်ံ႕ႏွံ့ေနေသာ အမွုဖြင့္ေၾကးနန္းစာအရ ရန္ကုန္တိုင္း၊ ဗဟန္းၿမိဳ့နယ္၊ ပုလဲလမ္းရွိ ကာကြယ္ေရးဝန္ႀကီးဌာနပိုင္ေျမ ၁၃ ဒႆမ ၇၉၄ ဧကႏွင့္ ေျမေပၚအေဆာက္အဦးမ်ားကို ဟိုတယ္ လုပ္ငန္းမ်ား ေဆာင္ရြက္ရန္ ဦးခင္ေရႊပိုင္ ေဇကမၻာကုမၸဏီကို စစ္ေထာက္ခ်ဳပ္႐ုံးက ၂၀၁၄ ခုႏွစ္၊ ဇန္နဝါရီလတြင္ ငွားရမ္းခဲ့ေၾကာင္း သိရသည္။
ေျမအသုံးခ်ခအျဖစ္ ေျမ ၁ ဧကလၽွင္ အေမရိကန္ေဒၚလာ ၃ သန္းႏွုန္းျဖင့္ ေျမ ၁၃ ဒႆမ ၇၉၄ ဧကအတြက္ ၄၁ ဒႆမ ၃၈၂ သန္းႏွင့္ ႏွစ္စဥ္ေၾကး ကန္ေဒၚလာ ၁ ဒႆမ ၂ သန္းတို့ကို ေဇကမၻာ ဦးခင္ေရႊက ကာကြယ္ေရးဝန္ႀကီးဌာန လက္ေအာက္ရွိ စစ္ေထာက္ခ်ဳပ္႐ုံးကို ေပးေခ်ရန္ သေဘာတူညီမွု MOA ေရးထိုးခဲ့ေၾကာင္း သိရသည္။
ထိုသို့ လက္မွတ္ေရးထိုးထားေသာ္လည္း ေဇကမၻာကုမၸဏီက စစ္ေထာက္ခ်ဳပ္႐ုံးကို စုစုေပါင္း ကန္ေဒၚလာ ၁၆ ဒႆမ ၈၈၂၈ သန္းကိုသာ ေပးေခ်ၿပီး ေတြ႕ဆုံေဆြးေႏြးျခင္း၊ ၈ ႀကိမ္တိုင္ စာျဖင့္ အေၾကာင္းၾကားေသာ္လည္း ေငြေပးသြင္းမွု မရွိေၾကာင္း၊ ယင္းကိစၥအား စစ္တပ္အာဏာသိမ္းၿပီး၁ ႏွစ္အၾကာ ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္ ငွားရမ္းေျမေပၚရွိ ေရွးေဟာင္း သမိုင္းဝင္ အေဆာက္အဦး ၿမိဳ့ေတာ္ဝန္အိမ္ေဟာင္း၊ ၿမိဳ့ေတာ္ဝန္ ဧည့္ေဂဟာအပါအဝင္ ေရွးေဟာင္း အေဆာက္အဦး ၄ လုံးကို ခြင့္ျပဳခ်က္မရွိဘဲ ၿဖိဳဖ်က္သည္ဟုဆိုကာ ေဇကမၻာ ကုမၸဏီပိုင္ရွင္ ဦးခင္ေရႊႏွင့္ သားျဖစ္သူ ဦးေဇသီဟတို့ကို စစ္တပ္က အမွုဖြင့္ဖမ္းဆီးခဲ့ျခင္း ျဖစ္သည္။
ဗိုလ္ခ်ဳပ္ႀကီးေဟာင္း သူရ ဦးေရႊမန္းႏွင့္ ခမည္းခမက္ေတာ္စပ္ၿပီး ထိပ္တန္းခရိုနီသူေဌးႀကီးတစ္ဦး ျဖစ္သူ ေဇကမၻာဦးခင္ေရႊႏွင့္ သားျဖစ္သူ ဦးေဇသီဟတို့ကို မတ္လ ၂၁ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ့၊ ဗဟန္းၿမိဳ့မရဲစခန္းတြင္ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္မွ စစ္ဦးစီးမွူး ပထမတန္း ဒုဗိုလ္မွူးႀကီး ေအာင္ေက်ာ္စိုးက တရားလိုျပဳလုပ္ကာ ေရွးေဟာင္းအေဆာက္အဦမ်ား ကာကြယ္ထိန္းသိမ္း ေစာင့္ေရွာက္ေရး ဥပေဒျဖင့္ အမွုဖြင့္ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
နအဖစစ္အစိုးရလက္ထက္တြင္ တဟုန္ထိုး ခ်မ္းသာႂကြယ္ဝလာသူ ေဇကမၻာ ဦးခင္ေရႊသည္ ၂၀၁၁ ခုႏွစ္မွ ၂၀၁၆ ခုႏွစ္အေစာပိုင္းအထိ ႀကံ့ခိုင္ေရးပါတီကိုယ္စားျပဳ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးျဖစ္ၿပီး သာသနာ့ႏုဂၢဟအသင္းကို တည္ေထာင္သူျဖစ္ၿပီး နအဖစစ္အစိုးရေပးအပ္ေသာ ဝဏၰေက်ာ္ထင္ဘြဲ႕ရရွိထားသူ နာမည္ေက်ာ္ ထိပ္တန္းခရိုနီတစ္ဦးျဖစ္သည္။ သားျဖစ္သူ ဦးေဇသီဟမွာလည္း WLC အားကစားကုမၸဏီပိုင္ရွင္ျဖစ္ၿပီး နာမည္ေက်ာ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီ နႏၵာလွိုင္၏ခင္ပြန္းျဖစ္သည္။ crd ; Ayeyarwaddy Time
လက်ရှိနေတဲ့အိမ်အပါအဝင် ပိုင်ဆိုင်မှုအချို့ ချိတ်ပိတ်ခံလိုက်ရတဲ့ ဇေကမ္ဘာ ဦးခင်ရွှေတို့သားအဖ
အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားသည့် မြန်မာနိုင်ငံ၏ ထိပ်တန်းခရိုနီသူဌေးကြီးတစ်ဦးဖြစ်သူ ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေနှင့် သားဖြစ်သူ ဦးဇေသီဟတို့ကို ယမန်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ချုပ်နှောင်ထားပြီး ၎င်းတို့၏ပိုင်ဆိုင်မှုများ ကိုလည်း စစ်ကောင်စီက ချိတ်ပိတ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။
အာဏာသိမ်း စစ်ကောင်စီက ဇေကမ္ဘာ ဦးခင်ရွှေမိသားစုနေအိမ်၊ အင်းယားလိပ်ဟိုတယ်ဝန်းအတွင်းရှိ Sport Bar နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုရှိ နေအိမ်တလုံးတို့ကို ချိတ်ပိတ်သိမ်းဆည်းလိုက်ကြောင်း၊ ကျန်သည့် လုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများကိုလည်း ဆက်လက်စိစစ်နေသေးကြောင်း ဇေကမ္ဘာကုမ္ပဏီနှင့် နီးစပ်သူများထံမှ သိရသည်။
“လက်ရှိက ရန်ကုန်က ဦးခင်ရွှေတို့အိမ်နဲ့ မွန်ပြည်နယ်က အိမ်ကို ချိတ်ပိတ်လိုက်ပြီ။ ကျန်တဲ့ ပိုင်ဆိုင်မှုတွေကို ထပ်စစ်နေတယ်။ ဇေကမ္ဘာကုမ္ပဏီရုံးကိုတော့ ချိတ်မပိတ်သေးဘူး။ သူလုပ်ထားတဲ့ ပြတိုက်နားမှာ လုံခြုံရေးတွေအပြည့် ချထားတယ်။”ဟု ဇေကမ္ဘာကုမ္ပဏီမှ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။လက်ရှိ မင်္ဂလာဒုံမြို့နယ်က အမှတ် ၃ လမ်းပေါ်ရှိ ဇေကမ္ဘာကုမ္ပဏီဝန်းကိုလည်း စစ်တပ်နှင့်ရဲလုံခြုံရေးများ အပြည့်ချထားသည်ကို တွေ့ရကြောင်း မင်္ဂလာဒုံမြို့ခံတဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ဇေကမ္ဘာ ဦးခင်ရွှေနှင့် သားဖြစ်သူ ဦးဇေသီဟတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယမန်နေ့တွင် အင်းစိန်ထောင်သို့ ပို့ဆောင်လာသဖြင့် ထောင်တွင်း၌ ဖမ်းဆီးထိမ်းသိမ်းထားကြောင်း အင်းစိန်ထောင်မှ ထောင်ဝန်ထမ်းအရာရှိတစ်ဦးက အတည်ပြုပြောဆိုသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော အမှုဖွင့်ကြေးနန်းစာအရ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ပုလဲလမ်းရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ ၁၃ ဒဿမ ၇၉၄ ဧကနှင့် မြေပေါ်အဆောက်အဦးများကို ဟိုတယ် လုပ်ငန်းများ ဆောင်ရွက်ရန် ဦးခင်ရွှေပိုင် ဇေကမ္ဘာကုမ္ပဏီကို စစ်ထောက်ချုပ်ရုံးက ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလတွင် ငှားရမ်းခဲ့ကြောင်း သိရသည်။
မြေအသုံးချခအဖြစ် မြေ ၁ ဧကလျှင် အမေရိကန်ဒေါ်လာ ၃ သန်းနှုန်းဖြင့် မြေ ၁၃ ဒဿမ ၇၉၄ ဧကအတွက် ၄၁ ဒဿမ ၃၈၂ သန်းနှင့် နှစ်စဉ်ကြေး ကန်ဒေါ်လာ ၁ ဒဿမ ၂ သန်းတို့ကို ဇေကမ္ဘာ ဦးခင်ရွှေက ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စစ်ထောက်ချုပ်ရုံးကို ပေးချေရန် သဘောတူညီမှု MOA ရေးထိုးခဲ့ကြောင်း သိရသည်။
ထိုသို့ လက်မှတ်ရေးထိုးထားသော်လည်း ဇေကမ္ဘာကုမ္ပဏီက စစ်ထောက်ချုပ်ရုံးကို စုစုပေါင်း ကန်ဒေါ်လာ ၁၆ ဒဿမ ၈၈၂၈ သန်းကိုသာ ပေးချေပြီး တွေ့ဆုံဆွေးနွေးခြင်း၊ ၈ ကြိမ်တိုင် စာဖြင့် အကြောင်းကြားသော်လည်း ငွေပေးသွင်းမှု မရှိကြောင်း၊ ယင်းကိစ္စအား စစ်တပ်အာဏာသိမ်းပြီး၁ နှစ်အကြာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ငှားရမ်းမြေပေါ်ရှိ ရှေးဟောင်း သမိုင်းဝင် အဆောက်အဦး မြို့တော်ဝန်အိမ်ဟောင်း၊ မြို့တော်ဝန် ဧည့်ဂေဟာအပါအဝင် ရှေးဟောင်း အဆောက်အဦး ၄ လုံးကို ခွင့်ပြုချက်မရှိဘဲ ဖြိုဖျက်သည်ဟုဆိုကာ ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေနှင့် သားဖြစ်သူ ဦးဇေသီဟတို့ကို စစ်တပ်က အမှုဖွင့်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းနှင့် ခမည်းခမက်တော်စပ်ပြီး ထိပ်တန်းခရိုနီသူဌေးကြီးတစ်ဦး ဖြစ်သူ ဇေကမ္ဘာဦးခင်ရွှေနှင့် သားဖြစ်သူ ဦးဇေသီဟတို့ကို မတ်လ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့မရဲစခန်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုဗိုလ်မှူးကြီး အောင်ကျော်စိုးက တရားလိုပြုလုပ်ကာ ရှေးဟောင်းအဆောက်အဦများ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေး ဥပဒေဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နအဖစစ်အစိုးရလက်ထက်တွင် တဟုန်ထိုး ချမ်းသာကြွယ်ဝလာသူ ဇေကမ္ဘာ ဦးခင်ရွှေသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အစောပိုင်းအထိ ကြံ့ခိုင်ရေးပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး သာသနာ့နုဂ္ဂဟအသင်းကို တည်ထောင်သူဖြစ်ပြီး နအဖစစ်အစိုးရပေးအပ်သော ဝဏ္ဏကျော်ထင်ဘွဲ့ရရှိထားသူ နာမည်ကျော် ထိပ်တန်းခရိုနီတစ်ဦးဖြစ်သည်။ သားဖြစ်သူ ဦးဇေသီဟမှာလည်း WLC အားကစားကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နန္ဒာလှိုင်၏ခင်ပွန်းဖြစ်သည်။ crd ; Ayeyarwaddy Time