ရန္ကုန္နဲ႔ ေဒသအခ်ိဳ႕ ညမထြက္ရအမိန႔္ ေျပာင္းလဲသတ္မွတ္
မတ္လ ၂၃ရက္၊၂၀၂၂။
ရန္ကုန္က ၿမိဳ႕နယ္အားလုံးမွာ အရင္သတ္မွတ္ထားတဲ့ ညမထြက္ရအမိန႔္ ည ၁၀နာရီက မနက္ ၄နာရီအတြင္း
သတ္မွတ္ခ်က္ကို ည၁၂နာရီကေန မနက္ ၄နာရီအထိ ထပ္မံေျဖေလ်ာ့လိုက္တယ္လို႔ သိရပါတယ္။
ရန္ကုန္တိုင္းအတြင္းက ၿမိဳ႕နယ္အားလုံးကို မတ္လ ၂၂ရက္ေန႔ ညကစလို႔ သတ္မွတ္ခ်က္အသစ္အတိုင္းေျဖေလ်ာ့ေပးခဲ့တာလို႔သိရပါတယ္။
ရန္ကုန္မွာေတာ့ လက္ရွိၿမိဳ႕နယ္ေပါင္း ၄၅ၿမိဳ႕နယ္အထိရွိေနၿပီး အဲဒီၿမိဳ႕အားလုံးမွာသက္ေရာက္မႈရွိတယ္လို႔လည္း သိရပါတယ္။
မေကြးတိုင္း၊ မေကြးခရိုင္အတြင္းက မေကြးၿမိဳ႕၊ နတ္ေမာက္ၿမိဳ႕၊ ၿမိဳ႕သစ္ၿမိဳ႕၊ ေခ်ာက္ၿမိဳ႕အပါအဝင္ ၿမိဳ႕နယ္ ၆ခုမွာလည္း
မေန႔က မတ္လ ၂၂ရက္ေန႔ကစလို႔ အလားတူျပင္ဆင္သတ္မွတ္ထားတယ္လို႔ မေကြးခရိုင္ေထြအုပ္ထံကသိရပါတယ္။
မေကြးခရိုင္အျပင္ မင္းဘူးခရိုင္နဲ႔ သရက္ခရိုင္တို႔က မင္းဘူး၊ ပြင့္ျဖဴ၊ စလင္း၊ ငဖဲ၊ ေစတုတၱရာ၊ သရက္၊ ေအာင္လံ၊
ဆင္ေပါင္ဝဲ၊ မင္းတုန္း၊ မင္းလွ၊ ကံမ စတဲ့ၿမိဳ႕ေတြမွာလည္း အလားတူေျဖေလ်ာ့ခဲ့တယ္လို႔သိရပါတယ္။
တိုက္ပြဲေတြ၊ ပဋိပကၡေတြအမ်ားဆုံးျဖစ္ေနတဲ့ စစ္ကိုင္းတိုင္း၊ ခ်င္းျပည္နယ္နဲ႔ ကယားစတဲ့ ေဒသေတြထဲက
ၿမိဳ႕နယ္ေတြထဲမွာေတာ့ အခုလိုေျဖေလ်ာ့မႈေတြ ရွိမရွိကိုေတာ့ မသိရေသးပါဘူး။
credit#
Ref#BBC
unicode
ရန်ကုန်နဲ့ ဒေသအချို့ ညမထွက်ရအမိန့် ပြောင်းလဲသတ်မှတ်
မတ်လ ၂၃ရက်၊၂၀၂၂။
ရန်ကုန်က မြို့နယ်အားလုံးမှာ အရင်သတ်မှတ်ထားတဲ့ ညမထွက်ရအမိန့် ည ၁၀နာရီက မနက် ၄နာရီအတွင်း
သတ်မှတ်ချက်ကို ည၁၂နာရီကနေ မနက် ၄နာရီအထိ ထပ်မံဖြေလျော့လိုက်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းအတွင်းက မြို့နယ်အားလုံးကို မတ်လ ၂၂ရက်နေ့ ညကစလို့ သတ်မှတ်ချက်အသစ်အတိုင်းဖြေလျော့ပေးခဲ့တာလို့သိရပါတယ်။
ရန်ကုန်မှာတော့ လက်ရှိမြို့နယ်ပေါင်း ၄၅မြို့နယ်အထိရှိနေပြီး အဲဒီမြို့အားလုံးမှာသက်ရောက်မှုရှိတယ်လို့လည်း သိရပါတယ်။
မကွေးတိုင်း၊ မကွေးခရိုင်အတွင်းက မကွေးမြို့၊ နတ်မောက်မြို့၊ မြို့သစ်မြို့၊ ချောက်မြို့အပါအဝင် မြို့နယ် ၆ခုမှာလည်း
မနေ့က မတ်လ ၂၂ရက်နေ့ကစလို့ အလားတူပြင်ဆင်သတ်မှတ်ထားတယ်လို့ မကွေးခရိုင်ထွေအုပ်ထံကသိရပါတယ်။
မကွေးခရိုင်အပြင် မင်းဘူးခရိုင်နဲ့ သရက်ခရိုင်တို့က မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာ၊ သရက်၊ အောင်လံ၊
ဆင်ပေါင်ဝဲ၊ မင်းတုန်း၊ မင်းလှ၊ ကံမ စတဲ့မြို့တွေမှာလည်း အလားတူဖြေလျော့ခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲတွေ၊ ပဋိပက္ခတွေအများဆုံးဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားစတဲ့ ဒေသတွေထဲက
မြို့နယ်တွေထဲမှာတော့ အခုလိုဖြေလျော့မှုတွေ ရှိမရှိကိုတော့ မသိရသေးပါဘူး။
credit#
Ref#BBC