လူပေါင်း ၁၃၂ ဦးကို တင်ဆောင်လာတဲ့ China Eastern Boeing 737 ပျက်ကျမှု ဟာ ပဟေဠိဆန်နေ
လူပေါင်း ၁၃၂ ဦးကို တင်ဆောင်လာတဲ့ China Eastern Boeing 737 ဟာ တနင်္လာနေ့က ကောင်းကင်ကနေ ထူးထူးခြားခြား ပြုတ်ကျပြီး တော့ မီးတောက်လောင်ကျွမ်းသွားကာ ထိတ်လန့်စရာဖြစ်ခဲ့ရပါတယ် နော် ။ဒေသတွင်း မီဒီယာမှ မျှဝေထားတဲ့ ဗီဒီယိုမှာ တရုတ်နိုင်ငံ တောင်ပိုင်း Guangxi ပြည်နယ်ရှိ
Wuzhou မြို့အနီးမှာ လေယာဉ်ဟာ ရုတ်တရက် ထိုးကျသွားခဲ့တာ ဖြစ်ပါတယ် နော် ။ ဒီလို မတော်တဆဖြစ်ပွားမှုဟာ ဆယ်စုနှစ်တစ်ခုနီးပါး အတွင်း မှာ နိုင်ငံရဲ့ အဆိုးရွားဆုံး လေကြောင်း ဘေးအန္တရာယ်ဖြစ်ကြောင်းလည်း သိရပါတယ် ေ် ။လေယာဉ်ပျက်ကျပြီး ၁၂ နာရီကျော်အကြာမှာ လေယာဉ်ပေါ်ပါ လူ ၁၃၂ ဦးစလုံးရဲ့ အခြေအနေကို တရုတ်အစိုးရမှ ရှင်းရှင်းလင်းလင်း တရားဝင်ထုတ်ပြန် ဖော်ပြထားခဲ့ခြင်းမရှိခဲ့ပါဘူး။
လေယာဉ်ဟာ ရုတ်တရက် ဒေါင်လိုက်ပြုတ်ကျကာ ဝေးလံခေါင်သီတဲ့ တောတောင်ထဲကို ပျက်ကျခြင်း မပြုခင်က ပေ ၃၀,၀၀၀ ခန့်မှာ ပျံသန်းနေခဲ့ပြီး နာဆာ ဂြိုလ်တုဓာတ်ပုံများမှာတော့ ကြီးမားတဲ့ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ် နော် ။ လေယာဉ်ဟာ ဘာကြောင့် ကောင်းကင်ကနေ ရုတ်တရက် ပြုတ်ကျသလဲ ဆိုတာကတော့ ပဟေဠိ ဖြစ်နေဆဲပါ။သီးခြားဗီဒီယိုဖိုင်တွင် လေယာဉ်ပျက်ကျတဲ့နေရာမှ မီးခိုးလုံးများ
လျှံထွက်လာသည်ကို တွေ့ရပါတယ်။ ဒေသအတွင်းမှာ ပြန့်ကျဲနေတဲ့ လေယာဉ်မှ အပျက်အစီးများကို ရွာသားများက တွေ့ရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ပါတယ်။ သေဆုံးသူနှင့် ဒဏ်ရာရသူ အရေအတွက်နှင့် ပတ်သက်ပြီး ချက်ခြင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေမယ့် China Eastern Boeing 737 လေယာဉ်ပေါ်မှာ လိုက်ပါလာသူများအတွက် လေးလေးနက်နက် ဝမ်းနည်းကြေကွဲရပါတယ်နော် ။ credit