ကျောက်ဆည်စက်မှုဇုန် ၁ နယ်မြေရဲစခန်းကို ကျောက်ဆည်နဂါးနီတပ်ဖွဲ့ ဝင်ရောက်ပစ်ခတ်၊ ရဲ ၁၂ ဦး သေဆုံးဟုဆို (ရုပ်/သံ)
ရန်ကုန်၊ မတ် ၂၅
မန္တလေးတိုင်း၊ ကျောက်ဆည်စက်မှုဇုန် (၁) နယ်မြေ ရဲစခန်းကို
ယနေ့မတ်လ ၂၅ ရက် နံနက် ၃ နာရီခွဲတွင် ကျောက်ဆည်နဂါးနီပြောက်ကျားတပ်ဖွဲ့က
ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စခန်းတွင်းရှိ ရဲ ၁၂ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နဂါးနီပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ပစ်ခတ်ပြီးနောက် ပြောက်ကျားတပ်ဖွဲ့များ အထိအခိုက်မရှိ
ဆုတ်ခွာနိုင်ခဲ့ကြောင်းနှင့် ယခု ပစ်ခတ်တိုက်ခိုက်ခြင်းသည်
စိတ်ကျန်းမာရေးချို့တဲ့နေသည့် ကလေးငယ် ၁ ဦးကို ရက်ရက်စက်စက်
သတ်ဖြတ်ခံခဲ့ရခြင်းအတွက် သွေးကြွေးပြန်တောင်းခြင်းဖြစ်ကြောင်း
ကျောက်ဆည်နဂါးနီအဖွဲ့က ဆိုသည်။
zawgyi,
ေက်ာက္ဆည္စက္မႈဇုန္ ၁ နယ္ေျမရဲစခန္းကို ေက်ာက္ဆည္နဂါးနီတပ္ဖြဲ႕ ဝင္ေရာက္ပစ္ခတ္၊ ရဲ ၁၂ ဦး ေသဆုံးဟုဆို (႐ုပ္/သံ)
ရန္ကုန္၊ မတ္ ၂၅
မႏၲေလးတိုင္း၊ ေက်ာက္ဆည္စက္မႈဇုန္ (၁) နယ္ေျမ ရဲစခန္းကို
ယေန႔မတ္လ ၂၅ ရက္ နံနက္ ၃ နာရီခြဲတြင္ ေက်ာက္ဆည္နဂါးနီေျပာက္က်ားတပ္ဖြဲ႕က
ဝင္ေရာက္ပစ္ခတ္ခဲ့ၿပီး စခန္းတြင္းရွိ ရဲ ၁၂ ဦးကို သုတ္သင္ႏိုင္ခဲ့ေၾကာင္း
နဂါးနီေျပာက္က်ားတပ္ဖြဲ႕က သတင္းထုတ္ျပန္သည္။
ပစ္ခတ္ၿပီးေနာက္ ေျပာက္က်ားတပ္ဖြဲ႕မ်ား အထိအခိုက္မရွိ
ဆုတ္ခြာႏိုင္ခဲ့ေၾကာင္းႏွင့္ ယခု ပစ္ခတ္တိုက္ခိုက္ျခင္းသည္
စိတ္က်န္းမာေရးခ်ိဳ႕တဲ့ေနသည့္ ကေလးငယ္ ၁ ဦးကို ရက္ရက္စက္စက္
သတ္ျဖတ္ခံခဲ့ရျခင္းအတြက္ ေသြးေႂကြးျပန္ေတာင္းျခင္းျဖစ္ေၾကာင္း
ေက်ာက္ဆည္နဂါးနီအဖြဲ႕က ဆိုသည္။