အသိပညာ

အစားခံရေသာ သမင္ပ်ိဳ

အစားခံရေသာ သမင္ပ်ိဳ

ဆယ္ေက်ာ္သက္ မိန္းကေလး တေယာက္က သူမရဲ႕ မိခင္ျဖစ္သူကို ေမးတယ္။ “ေမေမ ဘာျဖစ္လို႔ မိန္းကေလးေတြက fb ေပၚမွာ ပုံေတြ ခဏ ခဏ တင္ေနၾကတာလဲ”

မိခင္ျဖစ္သူက သမီးပ်ိဳေလး၏ အေမးကို ရယ္ေမာကာ ရွင္းျပတယ္။ “သူတို႔ လွတာကို အမ်ား သိေစ ျမင္ေစခ်င္ လို႔ေပါ့”

သမီးျဖစ္သူက ထပ္ေမးျပန္ ေလသည္။ “ဒီလိုမ်ိဳး ခဏ ခဏ တင္ေနေတာ့ ဘာအက်ိဳး ထူးတာလဲ ေမေမ”

ဒီကေလးမ ကေတာ့ ေတာ္ေတာ္ စပ္စုသည္ဟု မိခင္ျဖစ္သူက ေတြးလိုက္မိသည္။ “သမီးရယ္ ခဏ ခဏ တင္ေတာ့ ေယာက္်ား ျမန္ျမန္ ရတာေပါ့။

သိတယ္ မဟုတ္လား ေကာင္ေလးေတြက ပုံလွလွေလး တင္တဲ့ အေကာင့္ေတြ ဆိုရင္ မလြတ္တမ္း add ၿပီး Q ၾကတယ္ေလ” သမီးျဖစ္သူက ႏႈတ္ခမ္းေလး စူကာ ေျပာတယ္။

“ဒါဆို ေမေမလည္း fb သုံးတယ္၊ သမီးလည္း fb သုံးတယ္၊ ပုံ မတင္ၾကေတာ့ ပ်င္းစရာ မေကာင္းဘူးလား” သမီးျဖစ္သူရဲ႕ စကားေၾကာင့္ မိခင္ျဖစ္သူဟာ ေဒါသေတြ ထြက္သြားတယ္။

“ဒီမယ္ သမီး၊ ေမေမနဲ႔ သမီး fb သုံးတာ ႂကြားဖို႔ မဟုတ္သလို Q ခံခ်င္လို႔လည္း မဟုတ္ဖူးေလ။ သတင္းဖတ္ဖို႔ ဗဟုသုတေတြ ရွာဖို႔။ မေသမခ်င္း မွတ္ထား သမီး။

က်ားဆိုတာ သမင္ကို ျမင္ထားရင္ ဖမ္းဖို႔ ႀကံမွာပဲ၊ စားဖို႔ ေခ်ာင္းေနမွာပဲ။ ဒါေၾကာင့္ အစား မခံခ်င္သူေတြက တိတ္ဆိတ္စြာ ေနၾကတာေပါ့။ အစား ခံခ်င္သူေတြ ကေတာ့ ႐ုပ္လုံး ထြက္ျပမွာပဲ သမီး။

ေနာက္မွ ဘာစားမိမွန္း မသိဘဲ မရႈႏိုင္၊ မကယ္ႏိုင္ ရင္ျပည့္ ရင္ကယ္ ျဖစ္မွ မိဘ ျဖစ္သူေတြကို ဒုကၡ မေပးၾကနဲ႔။ ကိုယ္ အသုံးမက်တဲ့ ဇာတ္လမ္းထဲမွာ မိဘျဖစ္သူကို ဆြဲမထည့္နဲ႔။ အေမ ေျပာတာ နားလည္လား သမီး”

ထိုသို႔ ေျပာေနစဥ္ အိမ္ေနာက္ဘက္က မီးဖိုေခ်ာင္ခန္း ထဲက အသံ တခု ၾကားလိုက္ ရသည္။ ထို႔ေနာက္ သားအမိ ႏွစ္ေယာက္ဟာ ျပာျပာသလဲ ႏွင့္ မီးဖိုေခ်ာင္ ရွိရာသို႔ အေျပးတပိုင္း သြားၿပီး အခန္းအတြင္းသို႔ ေခ်ာင္း ၾကည့္လိုက္ရာ ေၾကာင္တေကာင္ဟာ စားပြဲေပၚမွ ၾကက္သား ဟင္းကို ၿမိန္ယွက္စြာ စားေသာက္ေနသည္ ကို ေတြ႕လိုက္ရသည္။

ဒီေတာ့ မိခင္ျဖစ္သူက သမီးကို “သမီးရယ္ အုပ္ေဆာင္း ရွိပါလ်က္နဲ႔ မအုပ္ဘဲ ထားေတာ့ အခုလို ခိုးစားတာ ခံရတာေပါ့ ကြယ္” လို႔ တိုးတိုးေလး ေျပာလိုက္ ပါေတာ့တယ္။ Crd

အစားခံရေသာ သမင္ပ်ိဳ

ဆယ်ကျော်သက် မိန်းကလေး တယောက်က သူမရဲ့ မိခင်ဖြစ်သူကို မေးတယ်။ “မေမေ ဘာဖြစ်လို့ မိန်းကလေးတွေက fb ပေါ်မှာ ပုံတွေ ခဏ ခဏ တင်နေကြတာလဲ”

မိခင်ဖြစ်သူက သမီးပျိုလေး၏ အမေးကို ရယ်မောကာ ရှင်းပြတယ်။ “သူတို့ လှတာကို အများ သိစေ မြင်စေချင် လို့ပေါ့”

သမီးဖြစ်သူက ထပ်မေးပြန် လေသည်။ “ဒီလိုမျိုး ခဏ ခဏ တင်နေတော့ ဘာအကျိုး ထူးတာလဲ မေမေ”

ဒီကလေးမ ကတော့ တော်တော် စပ်စုသည်ဟု မိခင်ဖြစ်သူက တွေးလိုက်မိသည်။ “သမီးရယ် ခဏ ခဏ တင်တော့ ယောက်ျား မြန်မြန် ရတာပေါ့။

သိတယ် မဟုတ်လား ကောင်လေးတွေက ပုံလှလှလေး တင်တဲ့ အကောင့်တွေ ဆိုရင် မလွတ်တမ်း add ပြီး Q ကြတယ်လေ” သမီးဖြစ်သူက နှုတ်ခမ်းလေး စူကာ ပြောတယ်။

“ဒါဆို မေမေလည်း fb သုံးတယ်၊ သမီးလည်း fb သုံးတယ်၊ ပုံ မတင်ကြတော့ ပျင်းစရာ မကောင်းဘူးလား” သမီးဖြစ်သူရဲ့ စကားကြောင့် မိခင်ဖြစ်သူဟာ ဒေါသတွေ ထွက်သွားတယ်။

“ဒီမယ် သမီး၊ မေမေနဲ့ သမီး fb သုံးတာ ကြွားဖို့ မဟုတ်သလို Q ခံချင်လို့လည်း မဟုတ်ဖူးလေ။ သတင်းဖတ်ဖို့ ဗဟုသုတတွေ ရှာဖို့။ မသေမချင်း မှတ်ထား သမီး။

ကျားဆိုတာ သမင်ကို မြင်ထားရင် ဖမ်းဖို့ ကြံမှာပဲ၊ စားဖို့ ချောင်းနေမှာပဲ။ ဒါကြောင့် အစား မခံချင်သူတွေက တိတ်ဆိတ်စွာ နေကြတာပေါ့။ အစား ခံချင်သူတွေ ကတော့ ရုပ်လုံး ထွက်ပြမှာပဲ သမီး။

နောက်မှ ဘာစားမိမှန်း မသိဘဲ မရှုနိုင်၊ မကယ်နိုင် ရင်ပြည့် ရင်ကယ် ဖြစ်မှ မိဘ ဖြစ်သူတွေကို ဒုက္ခ မပေးကြနဲ့။ ကိုယ် အသုံးမကျတဲ့ ဇာတ်လမ်းထဲမှာ မိဘဖြစ်သူကို ဆွဲမထည့်နဲ့။ အမေ ပြောတာ နားလည်လား သမီး”

ထိုသို့ ပြောနေစဉ် အိမ်နောက်ဘက်က မီးဖိုချောင်ခန်း ထဲက အသံ တခု ကြားလိုက် ရသည်။ ထို့နောက် သားအမိ နှစ်ယောက်ဟာ ပြာပြာသလဲ နှင့် မီးဖိုချောင် ရှိရာသို့ အပြေးတပိုင်း သွားပြီး အခန်းအတွင်းသို့ ချောင်း ကြည့်လိုက်ရာ ကြောင်တကောင်ဟာ စားပွဲပေါ်မှ ကြက်သား ဟင်းကို မြိန်ယှက်စွာ စားသောက်နေသည် ကို တွေ့လိုက်ရသည်။

ဒီတော့ မိခင်ဖြစ်သူက သမီးကို “သမီးရယ် အုပ်ဆောင်း ရှိပါလျက်နဲ့ မအုပ်ဘဲ ထားတော့ အခုလို ခိုးစားတာ ခံရတာပေါ့ ကွယ်” လို့ တိုးတိုးလေး ပြောလိုက် ပါတော့တယ်။ Crd