ဧပြီလမှာ ဖြစ်မယ့် မုန်တိုင်းအကြောင်း တပတ်ကြိုတင်ခန့်မှန်းလိုက်တဲ့ ဆရာမလေး စုစုစံ
ဘင်္ဂလားပင်လယ်အော်တွင် ၂၀၂၂ ဧပြီ ၆ရက်နေ့မှ ၁၂ရက်နေ့အတွင်း ဆိုင်ကလုန်း မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ပါတယ် မြန်မာမိုးသက်ရောက်နိုင်သဖြင့် အချိန်နဲ့အမျှစောင့်ကြည့်ထောက်လှမ်းကာ ခန့်မှန်းပေးနေပါမယ်။ (ခန့်မှန်းချိန် ၂၇-၃-၂၀၂၂ ရက်နေ့ နေ့လည် ၂ နာရီ ၅၇ မိနစ်)
မိုးသတိ – ၂၀၂၂ ဧပြီလ ၃ရက်နေ့တွင် ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း မကွေးတိုင်းနေပြည်တော် ကယားပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်း မန္တလေးတိုင်းစစ်ကိုင်းတိုင်းတွေမှာ မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွေမှာမိုးအသင့်အတင့်မှမိုးပိုများနိုင်ပါတယ်

(ခန့်မှန်းချိန် ၂၇-၃-၂၀၂၂ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်) နွေအပူလျော့စေမယ့် မိုးလေးတွေရွာမယ်နော် ပူတယ်မီးကလည်းခဏခဏပျက်တယ် မပြောကြနဲ့ ၂၈-၃-၂၀၂၂ ရက်နေ့ မနက် ၈ နာရီ ၁၅ မိနစ်အချိန်မှ နောက် ၃၆ နာရီအတွင်း ကျောက်ဆည် စဉ့်ကိုင် တံတားဦး မြို့သာ ငါန်းဇွန်မြင်းမူ ရွာသစ်ကြီး စစ်ကိုင်း အင်းဝ အမရပူရ ပြည်ကြီးတံခွန် မန္တလေး အာင်ပင်လယ်
ပုသိမ်ကြီး အုန်းချော အနီးစခန်း ပြင်ဦးလွင် နောင်ချို ကျောက်မဲ သီပေါ မိုးကုတ် သပိတ်ကျင်း မတ္တရာ စဥ့်ကူး ကျောက်မြောင်း ရွှေဘိုဒေသတွေမှာ နွေအပူလျော့စေမယ့် မိုးလေးတွေရွာနိုင်ပါတယ် (ခန့်မှန်းချိန် ၂၈-၃-၂၀၂၂ ရက်နေ့ မနက် ၈ နာရီ မိနစ် ၂၀)
ပြည်သူ့အချစ်တော်လေး စုစုစံ (Climatologist)




