သင့်အိပ်စက်တဲ့ အနေအထားက သင့်ဝင်ငွေအပေါ် သက်ရောက်နိုင်ကြောင်း စစ်တမ်းတစ်ခုက ဖော်ပြ
ကျွန်တော်တို့ရဲ့ အိပ်စက်ပုံအနေအထားက ကျွန်တော်တို့ရဲ့ ကျန်းမာရေး အခြေအနေကိုသာမက ကျွန်တော်တို့ဘဝရဲ့ အရေးကြီးသော အခြားအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကျွန်တော်တို့ဝင်ငွေကိုပါ သက်ရောက်နိုင်တယ်လို့ OnBuy မှပြုလုပ်သော စစ်တမ်းတစ်ခုက ဆိုပါတယ်။ ဒါ့ကြောင့် စာဖတ်ပရိတ်သတ်တွေအတွက် ကိုယ့်ရဲ့ အိပ်စက်ပုံအနေအထားကို ဘယ်လိုမျိုးလဲ? စပြီးပြောင်းလဲဖို့ လိုအပ်သလား/မလိုအပ်ဘူးလားဆိုတာကို သိနိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်နော်။
OnBuy က ကျွန်တော်တို့ရဲ့ အိပ်စက်ပုံအနေအထားတွေက ကျွန်တော်တို့ဝင်ငွေကို သက်ရောက်နိုင်ခြင်း ရှိ/မရှိဆိုတာ ဆုံးဖြတ်ဖို့ စတင်ခဲ့ပါတယ်။ OnBuy ရဲ့ပရိဘောဂဌာနက အလုပ်လုပ်နေတဲ့ ကျွမ်းကျင်သူ ၅၄၃၈ဦးကို စစ်တမ်းကောက်ယူခဲ့ပြီး သူတို့ဟာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဆက်နွယ်မှုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လေ့လာမှုတွေအရ အများစုရဲ့ အိပ်စက်မှု အနေအထားက သန္ဓေသားပုံ အနေအထားဖြစ်ပြီး လူ၁၀ယောက်မှာ ၃ယောက်လောက်က ဒီလိုပုံမျိုးအိပ်ရတာကြိုက်ကြောင်း ဝန်ခံကြပါတယ်။ ဒုတိယနေရာက “pillow hugger”ခေါင်းအုံးဖက်ပြီး အိပ်တဲ့ပုံစံဖြစ်ပြီး တတိယနေရာက “Freefall” ပုံစံဖြစ်ပါတယ်။ ဒီသုတေသနကို လစာဖြင့် ပြန်ခွဲလိုက်တဲ့အခါ ရလဒ်ဘယ်လိုပြောင်းလဲသွားလဲ ဆိုတာကိုပါ ပြသခဲ့ကြပါတယ်။ ဝင်ငွေမြင့်မားသူတွေဟာ Freefall လိုအနေအထားမျိုး ပိုကြိုက်ကြပြီး ဝင်ငွေနိမ့်သူတွေဟာ Fetal နှင့် Pillow hugger ကိုရွေးချယ်လေ့ရှိကြပါတယ်။
၁။ “Freefall”

Freefall အနေအထားမှာ အိပ်စက်သူတွေဟာ အလုပ်မှာအောင်မြင်နိုင်ခြေများကြောင်း ပြသခဲ့ပါတယ်။ စစ်တမ်းအရ နှစ်စဉ် ဒေါ်လာ ၇၅၀၀၀(ပေါင် ၅၄၉၀၀) ကျော်ဝင်ငွေရသူ ၂၉ရာခိုင်နှုန်းက ဒီအနေအထားကို ပိုနှစ်သက်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါက လူကြိုက်များတဲ့ အိပ်စက်ပုံအနေအထားဖြစ်သော်လည်း freefall ဟာ အရည်အသွေးကောင်းသော အိပ်စက်ခြင်းအတွက် အသင့်တော်ဆုံးမဟုတ်ကြောင်း ယုံကြည်ကြပါတယ်။ မှောက်ခုံအိပ်ခြင်းက ဟောက်ခြင်းကို လျှော့ချနိုင်သော်လည်း သင့်ရဲ့ ကျောနှင့် လည်ပင်းအတွက်တော့ ဆိုးပါတယ်။
၂။ “soldier”

ဝင်ငွေမြင့်မားသူတွေအတွက် ဒုတိယနေရာမှာ “Soldier”အနေအထားရှိနေပြီး စစ်တမ်းမှာ ပါဝင်သူ ၂၃ရာခိုင်နှုန်းက ဒီအနေအထားအိပ်ရတာကို နှစ်သက်ကြပါတယ်။ ကျောရိုးမက သဘာဝမကျတဲ့အကွေးမျိုး ဖြစ်မနေတဲ့အတွက် နောက်ကျောနှင့် ခါးနာကျင်မှု မရှိတာကြောင့် ဒီအနေအထားက ကျွန်တော်တို့အတွက် အရမ်းကောင်းပါတယ်။
၃။ “fetal”

စစ်တမ်းအရ “သန္ဓေသား”ပုံအိပ်စက်ခြင်းက သင်အကျိုးခံစားရနိုင်တဲ့ အနေအထားတစ်ခု ဖြစ်ပါတယ်။ ဒါက ယေဘုယျအားဖြင့် လူကြိုက်အများဆုံး အိပ်စက်ပုံ အနေအထားဖြစ်ပါတယ်။ ဝင်ငွေမြင့်မားတဲ့ အမျိုးအစားအောက်ရှိ လူဦးရေ ၂၁% သာ ဒီအနေအထားကို အိပ်ကြပြီး ဒီအနေအထားဟာ တတိယနေရာမှာ ရှိပါတယ်။ အိပ်စက်မှု အရည်အသွေးနဲ့ ပတ်သတ်ပြီး ကျွန်တော်တို့အတွက် အကောင်းဆုံးအနေအထား ဖြစ်နိုင်ပါတယ်။ ဒီအနေအထားက ဟောက်တာကို လျော့နည်းစေပြီး ခါးနာခြင်းနှင့် ကိုယ်ဝန််ဆောင်တွေအတွက် ကောင်းမွန်ပါတယ်။
၄။ “pillow hugger”

pillow hugger ပုံစံက စတုတ္ထနေရာမှာရှိပြီး ငွေရေးကြေးရေးအရ အောင်မြင်သူ ၁၃ရာခိုင်နှုန်း နှစ်သက်ကြတဲ့ အိပ်စက်ပုံအနေအထားဖြစ်ပါတယ်။
၅။ “thinker”

ပဉ္စမနေရာမှာ ရှိနေပြီး ဝင်ငွေမြင့်မားသူ ၉% က ဒီအိပ်စက်ပုံအနေအထားကို နှစ်သက်ကြပါတယ်။ ယေဘုယျအားဖြင့် ဒါက သက်တောင့်သက်သာအနေအထားဖြစ်ပြီး ကျောရှိ stress ကိုသက်သာစေဖို့ နှင့် နာကျင်မှုတွေမဖြစ်စေဖို့ ဒူးကြားမှာ ခေါင်းအုံးတစ်လုံးထားအိပ်ဖို့ အကြံပြုပါတယ်။
၆။ “starfish”

ကြယ်ငါးပုံစံက ဆဌမနေရာမှာ ရှိနေပြီး ၂%သာလျှင် ဒီအိပ်စက်ပုံ အနေအထားကို နှစ်သက်ကြပါတယ်။ ဒီအနေအထားက နောက်ကျောကို ဖိအားပေးနိုင်တာကြောင့် အဆင်ပြေဆုံး အနေအထားမဟုတ်ပါဘူး။ ဒါကို ကာကွယ်ဖို့ ဒူးခေါင်းအောက်မှာ ခေါင်းအုံးတစ်လုံးထားဖို့ အကြံပြုပါတယ်။
၇။ “stargazer”

“stargazer”အနေအထားက သတ္ထမနေရာမှာ ရှိပါတယ်။ ဝင်ငွေမြင့်မားသော ၂% သာ ဒီပုံမျိုး အိပ်ရတာကြိုက်ပြီး လူကြိုက်အများဆုံးထဲမှာ မပါဝင်ကြောင်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။
၈။ “Log”

ခန္ဓာကိုယ်က အနည်းငယ်တောင့်နေတဲ့ အနေအထားမျိုးဖြစ်ပြီး ဒီအနေအထားကို ၁% လောက်သာ ကြိုက်ကြတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ လူကြိုက်မများပေမယ့် အကျိုးကျေးဇူးတွေတော့ ရှိပါတယ်။ log ပုံစံက ကျွန်တော်တို့ရဲ့ လည်ပင်းနှင့် ကျောကို ဖြောင့်တန်းစေတာကြောင့် ဒီနေရာတွေမှာ နာကျင်မှုခံစားနေရသူတွေအတွက် ကောင်းမွန်စေပါတယ်။
crd
သင့္အိပ္စက္တဲ့ အေနအထားက သင့္ဝင္ေငြအေပၚ သက္ေရာက္နိုင္ေၾကာင္း စစ္တမ္းတစ္ခုက ေဖာ္ျပ
ကၽြန္ေတာ္တို႔ရဲ့ အိပ္စက္ပုံအေနအထားက ကၽြန္ေတာ္တို႔ရဲ့ က်န္းမာေရး အေျခအေနကိုသာမက ကၽြန္ေတာ္တို႔ဘဝရဲ့ အေရးႀကီးေသာ အျခားအစိတ္အပိုင္းတစ္ခုျဖစ္တဲ့ ကၽြန္ေတာ္တို႔ဝင္ေငြကိုပါ သက္ေရာက္နိုင္တယ္လို႔ OnBuy မွျပဳလုပ္ေသာ စစ္တမ္းတစ္ခုက ဆိုပါတယ္။ ဒါ့ေၾကာင့္ စာဖတ္ပရိတ္သတ္ေတြအတြက္ ကိုယ့္ရဲ့ အိပ္စက္ပုံအေနအထားကို ဘယ္လိုမ်ိဳးလဲ? စၿပီးေျပာင္းလဲဖို႔ လိုအပ္သလား/မလိုအပ္ဘူးလားဆိုတာကို သိနိုင္ေစဖို႔ မၽွေဝေပးလိုက္ပါတယ္ေနာ္။
OnBuy က ကၽြန္ေတာ္တို႔ရဲ့ အိပ္စက္ပုံအေနအထားေတြက ကၽြန္ေတာ္တို႔ဝင္ေငြကို သက္ေရာက္နိုင္ျခင္း ရွိ/မရွိဆိုတာ ဆုံးျဖတ္ဖို႔ စတင္ခဲ့ပါတယ္။ OnBuy ရဲ့ပရိေဘာဂဌာနက အလုပ္လုပ္ေနတဲ့ ကၽြမ္းက်င္သူ ၅၄၃၈ဦးကို စစ္တမ္းေကာက္ယူခဲ့ၿပီး သူတို႔ဟာ စိတ္ဝင္စားဖြယ္ေကာင္းတဲ့ ဆက္ႏြယ္မႈကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ ေလ့လာမႈေတြအရ အမ်ားစုရဲ့ အိပ္စက္မႈ အေနအထားက သေႏၶသားပုံ အေနအထားျဖစ္ၿပီး လူ၁၀ေယာက္မွာ ၃ေယာက္ေလာက္က ဒီလိုပုံမ်ိဳးအိပ္ရတာႀကိဳက္ေၾကာင္း ဝန္ခံၾကပါတယ္။ ဒုတိယေနရာက “pillow hugger”ေခါင္းအုံးဖက္ၿပီး အိပ္တဲ့ပုံစံျဖစ္ၿပီး တတိယေနရာက “Freefall” ပုံစံျဖစ္ပါတယ္။ ဒီသုေတသနကို လစာျဖင့္ ျပန္ခြဲလိုက္တဲ့အခါ ရလဒ္ဘယ္လိုေျပာင္းလဲသြားလဲ ဆိုတာကိုပါ ျပသခဲ့ၾကပါတယ္။ ဝင္ေငြျမင့္မားသူေတြဟာ Freefall လိုအေနအထားမ်ိဳး ပိုႀကိဳက္ၾကၿပီး ဝင္ေငြနိမ့္သူေတြဟာ Fetal ႏွင့္ Pillow hugger ကိုေရြးခ်ယ္ေလ့ရွိၾကပါတယ္။
၁။ “Freefall”
Freefall အေနအထားမွာ အိပ္စက္သူေတြဟာ အလုပ္မွာေအာင္ျမင္နိုင္ေျခမ်ားေၾကာင္း ျပသခဲ့ပါတယ္။ စစ္တမ္းအရ ႏွစ္စဥ္ ေဒၚလာ ၇၅၀၀၀(ေပါင္ ၅၄၉၀၀) ေက်ာ္ဝင္ေငြရသူ ၂၉ရာခိုင္ႏႈန္းက ဒီအေနအထားကို ပိုႏွစ္သက္ေၾကာင္း ဝန္ခံခဲ့ပါတယ္။ ဒါက လူႀကိဳက္မ်ားတဲ့ အိပ္စက္ပုံအေနအထားျဖစ္ေသာ္လည္း freefall ဟာ အရည္အေသြးေကာင္းေသာ အိပ္စက္ျခင္းအတြက္ အသင့္ေတာ္ဆုံးမဟုတ္ေၾကာင္း ယုံၾကည္ၾကပါတယ္။ ေမွာက္ခုံအိပ္ျခင္းက ေဟာက္ျခင္းကို ေလၽွာ့ခ်နိုင္ေသာ္လည္း သင့္ရဲ့ ေက်ာႏွင့္ လည္ပင္းအတြက္ေတာ့ ဆိုးပါတယ္။
၂။ “soldier”
ဝင္ေငြျမင့္မားသူေတြအတြက္ ဒုတိယေနရာမွာ “Soldier”အေနအထားရွိေနၿပီး စစ္တမ္းမွာ ပါဝင္သူ ၂၃ရာခိုင္ႏႈန္းက ဒီအေနအထားအိပ္ရတာကို ႏွစ္သက္ၾကပါတယ္။ ေက်ာရိုးမက သဘာဝမက်တဲ့အေကြးမ်ိဳး ျဖစ္မေနတဲ့အတြက္ ေနာက္ေက်ာႏွင့္ ခါးနာက်င္မႈ မရွိတာေၾကာင့္ ဒီအေနအထားက ကၽြန္ေတာ္တို႔အတြက္ အရမ္းေကာင္းပါတယ္။
၃။ “fetal”
စစ္တမ္းအရ “သေႏၶသား”ပုံအိပ္စက္ျခင္းက သင္အက်ိဳးခံစားရနိုင္တဲ့ အေနအထားတစ္ခု ျဖစ္ပါတယ္။ ဒါက ေယဘုယ်အားျဖင့္ လူႀကိဳက္အမ်ားဆုံး အိပ္စက္ပုံ အေနအထားျဖစ္ပါတယ္။ ဝင္ေငြျမင့္မားတဲ့ အမ်ိဳးအစားေအာက္ရွိ လူဦးေရ ၂၁% သာ ဒီအေနအထားကို အိပ္ၾကၿပီး ဒီအေနအထားဟာ တတိယေနရာမွာ ရွိပါတယ္။ အိပ္စက္မႈ အရည္အေသြးနဲ႔ ပတ္သတ္ၿပီး ကၽြန္ေတာ္တို႔အတြက္ အေကာင္းဆုံးအေနအထား ျဖစ္နိုင္ပါတယ္။ ဒီအေနအထားက ေဟာက္တာကို ေလ်ာ့နည္းေစၿပီး ခါးနာျခင္းႏွင့္ ကိုယ္ဝန္္ေဆာင္ေတြအတြက္ ေကာင္းမြန္ပါတယ္။
၄။ “pillow hugger”
pillow hugger ပုံစံက စတုတၳေနရာမွာရွိၿပီး ေငြေရးေၾကးေရးအရ ေအာင္ျမင္သူ ၁၃ရာခိုင္ႏႈန္း ႏွစ္သက္ၾကတဲ့ အိပ္စက္ပုံအေနအထားျဖစ္ပါတယ္။
၅။ “thinker”
ပဥၥမေနရာမွာ ရွိေနၿပီး ဝင္ေငြျမင့္မားသူ ၉% က ဒီအိပ္စက္ပုံအေနအထားကို ႏွစ္သက္ၾကပါတယ္။ ေယဘုယ်အားျဖင့္ ဒါက သက္ေတာင့္သက္သာအေနအထားျဖစ္ၿပီး ေက်ာရွိ stress ကိုသက္သာေစဖို႔ ႏွင့္ နာက်င္မႈေတြမျဖစ္ေစဖို႔ ဒူးၾကားမွာ ေခါင္းအုံးတစ္လုံးထားအိပ္ဖို႔ အႀကံျပဳပါတယ္။
၆။ “starfish”
ၾကယ္ငါးပုံစံက ဆဌမေနရာမွာ ရွိေနၿပီး ၂%သာလၽွင္ ဒီအိပ္စက္ပုံ အေနအထားကို ႏွစ္သက္ၾကပါတယ္။ ဒီအေနအထားက ေနာက္ေက်ာကို ဖိအားေပးနိုင္တာေၾကာင့္ အဆင္ေျပဆုံး အေနအထားမဟုတ္ပါဘူး။ ဒါကို ကာကြယ္ဖို႔ ဒူးေခါင္းေအာက္မွာ ေခါင္းအုံးတစ္လုံးထားဖို႔ အႀကံျပဳပါတယ္။
၇။ “stargazer”
“stargazer”အေနအထားက သတၳမေနရာမွာ ရွိပါတယ္။ ဝင္ေငြျမင့္မားေသာ ၂% သာ ဒီပုံမ်ိဳး အိပ္ရတာႀကိဳက္ၿပီး လူႀကိဳက္အမ်ားဆုံးထဲမွာ မပါဝင္ေၾကာင္း စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။
၈။ “Log”
ခႏၶာကိုယ္က အနည္းငယ္ေတာင့္ေနတဲ့ အေနအထားမ်ိဳးျဖစ္ၿပီး ဒီအေနအထားကို ၁% ေလာက္သာ ႀကိဳက္ၾကတယ္လို႔ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။ လူႀကိဳက္မမ်ားေပမယ့္ အက်ိဳးေက်းဇူးေတြေတာ့ ရွိပါတယ္။ log ပုံစံက ကၽြန္ေတာ္တို႔ရဲ့ လည္ပင္းႏွင့္ ေက်ာကို ေျဖာင့္တန္းေစတာေၾကာင့္ ဒီေနရာေတြမွာ နာက်င္မႈခံစားေနရသူေတြအတြက္ ေကာင္းမြန္ေစပါတယ္။
crd



