ပိုင်ရှင်မပါဘဲ ကိုယ်တိုင်ထွန်နေတဲ့ နွားလိမ္မာတစ်ရှဉ်း ရုပ်သံကိုအောက်ဆုံးမှာတင်ပေးထားပါတယ်…
ကြည့်စမ်းပါအုံးဗျာ ဖေ့သားကြီးတို့လိမ္မာချက်က လူတောင်လိုက်စရာမလိုဘူးနော်…
ညာဏ်ရည်တု AI နည်းပညာတွေထည့်ထားတာမဟုတ်ဘူးနော် ဒါကသက်ရှိအမှန်အကန်…
သူတို့ဘာသာထွန်နေကြတာ ဒီလိုနွားတစ်ရှဉ်းလောက် မလိုချင်ကြဘူးလား။ သူတို့ကထွန် ကိုယ်က ဖုန်းလေးနဲ့ ဖေ့ဘုတ်ပွတ်နေရုံဘဲ..
ထွန်သွားကြတာများ ထွန်ကြောင်းကိုဖြောင့်လို့လူပါတာကမှ လွဲချင်လွဲအုံးမယ်၊ သူတို့ကတော့မလွဲဘူး…
တိရိစ္ဆာန်ဆိုပေမယ့် သူတို့အသိညာဏ်က ကိုယ့်တာဝန်ကိုသိတယ် မခိုမကပ်ကျေပွန်အောင်ထမ်းတယ်
တစ်ချို့လူတွေထက်တောင်သာသေးတယ်နော်…
နွားတွေဆိုတာ မြန်မာပြည်တောင်သူလယ်သမားတွေအတွက်တော့ ရဲဘော်ရဲဘက်၊ ကျေးဇူးရှင်ဆိုလည်းမမှားပါဘူး…
နွားကောင်းကောင်းလေးများရထားရင် ပျော်လို့မဆုံးတစ်ပြုံးပြုံး၊ သူ့နွားကိုယ့်နွားအပြိုင် ကြွားရသေးတယ်…
နွားအကြောင်းနဲ့ပတ်သက်ပြီးတော့ ရှေးဆိုရိုးမှတ်သားစရာလေးကို ဖော်ပြပေးလိုက်ပါတယ်…
နွားအကြောင်း သိကောင်းစရာ
၁= နွားနီ ကွမ်းသွေး ရိုက်နိင်မှပြေး…
၂= နွားပြာနီ တုတ်မွှေး ရိုက်နိင်မှပြေး…
၃= နွားပြာ ချိုတုတ် ထမ်းပိုးနှုတ်…
၄=နွားပြာနီ ရှဉ့်မွှေး ရိုက်နိင်မှပြေး…
၅= ဇော်နီကွမ်းသွေး သေအောင်ပြေး…
၆= နွားဝါဖွဲနု သေအောင်ထု…
၇=နွားဝါမျက်ကွင်း သေအောင်ဖျင်း…
၈= နွားဝါ မျက်ကွင်းဖြူ ကြိမ်မကူ…
၉= နွားဝါဖင်ဖြူ ကြိမ်မကူ…
၁၀= နွားညို သံရောင် ကြိမ်မဆောင်…
၁၁= မြီးစွပ်ရှေ့တက် ထိပ်ကွက်နောက်ဆုတ် စုံမှဟုတ်…
၁၂= မွှေးတိုမွှေးကြမ်း ထမ်းပိုးထမ်း အစွမ်းကောင်းလှပေ…
၁၃= ဗွေဆင့်မျက်ခြား အဝယ်မှား အိမ်ကမယား သေလတ္တံ့…
ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် Like and Share လုပ်ခဲ့ပါအုံးနော်….
Zawgyi
ပိုင္ရွင္မပါဘဲ ကိုယ္တိုင္ထြန္ေနတဲ့ ႏြားလိမၼာတစ္ရွဥ္း ႐ုပ္သံကိုေအာက္ဆုံးမွာတင္ေပးထားပါတယ္…
ၾကည့္စမ္းပါအုံးဗ်ာ ေဖ့သားႀကီးတို႔လိမၼာခ်က္က လူေတာင္လိုက္စရာမလိုဘူးေနာ္…
ညာဏ္ရည္တု AI နည္းပညာေတြထည့္ထားတာမဟုတ္ဘူးေနာ္ ဒါကသက္ရွိအမွန္အကန္…
သူတို႔ဘာသာထြန္ေနၾကတာ ဒီလိုႏြားတစ္ရွဥ္းေလာက္ မလိုခ်င္ၾကဘူးလား။ သူတို႔ကထြန္ ကိုယ္က ဖုန္းေလးနဲ႔ ေဖ့ဘုတ္ပြတ္ေန႐ုံဘဲ..
ထြန္သြားၾကတာမ်ား ထြန္ေၾကာင္းကိုေျဖာင့္လို႔လူပါတာကမွ လြဲခ်င္လြဲအုံးမယ္၊ သူတို႔ကေတာ့မလြဲဘူး…
တိရိစၧာန္ဆိုေပမယ့္ သူတို႔အသိညာဏ္က ကိုယ့္တာဝန္ကိုသိတယ္ မခိုမကပ္ေက်ပြန္ေအာင္ထမ္းတယ္
တစ္ခ်ိဳ႕လူေတြထက္ေတာင္သာေသးတယ္ေနာ္…
ႏြားေတြဆိုတာ ျမန္မာျပည္ေတာင္သူလယ္သမားေတြအတြက္ေတာ့ ရဲေဘာ္ရဲဘက္၊ ေက်းဇူးရွင္ဆိုလည္းမမွားပါဘူး…
ႏြားေကာင္းေကာင္းေလးမ်ားရထားရင္ ေပ်ာ္လို႔မဆုံးတစ္ျပဳံးျပဳံး၊ သူ႔ႏြားကိုယ့္ႏြားအၿပိဳင္ ႂကြားရေသးတယ္…
ႏြားအေၾကာင္းနဲ႔ပတ္သက္ၿပီးေတာ့ ေရွးဆိုရိုးမွတ္သားစရာေလးကို ေဖာ္ျပေပးလိုက္ပါတယ္…
ႏြားအေၾကာင္း သိေကာင္းစရာ
၁= ႏြားနီ ကြမ္းေသြး ရိုက္နိင္မွေျပး…
၂= ႏြားျပာနီ တုတ္ေမႊး ရိုက္နိင္မွေျပး…
၃= ႏြားျပာ ခ်ိဳတုတ္ ထမ္းပိုးႏႈတ္…
၄=ႏြားျပာနီ ရွဉ့္ေမႊး ရိုက္နိင္မွေျပး…
၅= ေဇာ္နီကြမ္းေသြး ေသေအာင္ေျပး…
၆= ႏြားဝါဖြဲႏု ေသေအာင္ထု…
၇=ႏြားဝါမ်က္ကြင္း ေသေအာင္ဖ်င္း…
၈= ႏြားဝါ မ်က္ကြင္းျဖဴ ႀကိမ္မကူ…
၉= ႏြားဝါဖင္ျဖဴ ႀကိမ္မကူ…
၁၀= ႏြားညိဳ သံေရာင္ ႀကိမ္မေဆာင္…
၁၁= ၿမီးစြပ္ေရွ႕တက္ ထိပ္ကြက္ေနာက္ဆုတ္ စုံမွဟုတ္…
၁၂= ေမႊးတိုေမႊးၾကမ္း ထမ္းပိုးထမ္း အစြမ္းေကာင္းလွေပ…
၁၃= ေဗြဆင့္မ်က္ျခား အဝယ္မွား အိမ္ကမယား ေသလတၱံ့…
ဗီဒီယိုေလးကိုႀကိဳက္ႏွစ္သက္တယ္ဆိုရင္ Like and Share လုပ္ခဲ့ပါအုံးေနာ္….