ၾကားသိရသမွ်
ဖျော်ဖြေပွဲပြီး အပြန် အောင်ခိုင်၊ ရွှေရူပါဦး ဦးဆောင်တဲ့အဖွဲ့ မေမြို့နဲ့ နောင်ချိုကြားမှာ ရထားမိုင်း see more…
ဖျော်ဖြေပွဲပြီး အပြန် အောင်ခိုင်၊ ရွှေရူပါဦး ဦးဆောင်တဲ့အဖွဲ့ မေမြို့နဲ့ နောင်ချိုကြားမှာ ရထားမိုင်း see more…
အာဏာသိမ်း စစ်တပ်က ဦးဆောင်ကျင်းပတဲ့ (၇၇) နှစ်မြောက် တပ်မတော်နေ့မှာ စစ်အုပ်စုအတွက် ဖျော်ဖြေပြီးနောက် မေမြို့ဘက် လာလည်တဲ့ ရွှေရူပါဦး ဦးဆောင်တဲ့ အဖွဲ့ ဒီကနေ့ ညနေ (၄) နာရီလောက်က မေမြို့နဲ့ နောင်ချိုကြားမှာ ရထားမိုင်းဆွဲခံရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီကနေ့ မတ် (၂၉) ရက် ညနေ (၄) နာရီလောက်က မေမြို့နဲ့ နောင်ချိုကြား၊ ရထားလမ်းမိုင်တိုင် (၄၄၀) အနီးပါ ရထားမိုင်းဆွဲခံရတာ ဖြစ်ပြီး အထိအခိုက် အခြေအနေတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ “မေမြို့ကနေ နောင်ချို ဂုတ်ထိပ်ဘက် အတက်လမ်းမှာ ဖြစ်တာ။ လူတော့ ထိတယ်မကြားဘူး။ ရထားတော့ အောက်ပိုင်းတွေ ထိသွားတယ်” လို့ ပြောပါတယ်။ ကြားရတာက အောင်ခိုင်၊ တက္ကသိုလ်လဲ့လဲ့၊ ရွှေရူပါဦးတို့လည်း ပါတယ်လို့ ကြားထားတယ်။
ရထားတွဲကို လုံခြုံရေးယူထားတဲ့ စစ်သားတွေရှိတဲ့ အပေါက်တည့်တည့်ကို ထိတာ၊ ရထားကြမ်းခင်းနဲ့ ခေါင်မိုးပွင့်သွားတယ်။ ထိခိုက်ဒဏ်ရာကတော့ ရမှာပါ။ အဲ့ဒီ ရထားပေါ်မှာ နေပြည်တော်က (၇၇) နှစ်မြောက် တပ်မတော်နေ့မှာ စစ်အုပ်စုကို ဖျော်ဖြေပေးခဲ့တဲ့ ရွှေရူပါဦး ဦးဆောင်တဲ့ (၂၁) ဦးအဖွဲ့နဲ့ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း (၁၀) ကျော်၊ စုစုပေါင်း လူ (၄၀) နီးပါး ပါတယ်လို့ ဆိုပါတယ်။ ရထားမိုင်းဆွဲ ခံရတာနဲ့ ပတ်သက်ပြီးအသေးစိတ် အခြေအနေကိုတော့ မသိရသေးပါဘူး။ Crd