ပဲခူးမြိ့ုဈေးကြီး ၁၉လမ်း မှ”ဟင်္သာဧကရီ” အထည်ဆိုင်ပိုင်ရှင် အပျိုးကြီး မမြတ်သီရိသည်သူ့အထည်ဆိုင်ရှေ့ကနေဖြတ်ဆွဲသွားတဲ့နွားတစ်ကောင် ကိုမြင်ပြီးနွားဆွဲလာတဲ့ ကလိကျေးရွာကနွားပွဲစား ကိုမောင်ထွန်းကို“ဒီနွားကိုဘာလုပ်မှာလဲ”ဟု
အမှတ်မထင်မေးမြန်းခဲ့ပါတယ်…သူမနှင့်နွားပွဲစားတို့စကားပြောနေစဉ်နွားကြီးကမျက်ရည်တွေစီးကျပြီးသူမကိုကြည့်နေတာကြောင့်သနားပြီးဒီနွားကြီးကိုပေါက်ဈေးထက်၃ဆခန့်(၃၄သိန်း) ပေးပြီးဝယ်ယူထားလိုက်ပါတယ်။
အခုဆိုသူကယ်တင်ထားတဲ့နွားကြီးကိုရေမိုးချိုးအမွှေးနဲ့သာများလိမ်းကျံပြီးသူ့အထည်ဆိုင်ထဲမှာမွေးမြူထားပါတယ်။
ဒီသတင်းကိုစိတ်ဝင်စားပြီးတော့ နွားကြီးကိုလာရောက်ကြည့်ရှူသူများဖြင့်အထူးစည်ကား နေပါတယ်။
နွားကြီးကိုဝယ်ပြီးနာရီးပိုင်းအတွင်းမှာပဲ သူ့ဆိုင်ဟာမထင် မှတ်လောက်အောင်ဈေးရောင်းကောင်းခဲ့ပါတယ်။
သူ့တစ်သက်ဒီနွားကြီး မသေမချင်းပြုစုကျွေးမွေးသွား မယ်လို့လည်းလာရောက်ကြည့်ရှူတဲ့သူတွေကိုအပျိုကြီးမမကဂရုဏာသံလေးနဲ့ရှင်းပြနေပါတယ်။
ဒီနွားကြီးကိုသူနှစ်သက်တဲ့ အနုပညာရှင်ဖြစ်တဲ့ပဲခူးသားသရုပ်ဆောင်တစ်ယောက်ကိုဂုဏ်ပြုတဲ့အနေနဲ့ “ထွန်းကိုကို”လို့နာမည်ပေးထားပါတယ်။
Credit:မေတ္တာရှင် (ရွှေပြည်သာ) ထံမှ ကူးယူဖော်ပြပါတယ်။
Zawgyi
ပဲခူးမြို့ဈေးကြီး ၁၉လမ်း မှ”ဟင်္သာဧကရီ” အထည်ဆိုင်ပိုင်ရှင် အပျိုးကြီး မမြတ်သီရိသည်သူ့အထည်ဆိုင်ရှေ့ကနေဖြတ်ဆွဲသွားတဲ့နွားတစ်ကောင် ကိုမြင်ပြီးနွားဆွဲလာတဲ့ ကလိကျေးရွာကနွားပွဲစား ကိုမောင်ထွန်းကို“ဒီနွားကိုဘာလုပ်မှာလဲ”ဟု