ၾကားသိရသမွ်

မန္တလေးမှာ ဧည့်စာရင်းစစ်မယ်ဆိုပြီး ယူနီဖောင်းနဲ့ လူငါးဦး အိမ်ထဲဝင်ကာ ကျပ်သိန်း(၆၀၀၀) ကျော်တန် ရွှေနဲ့ငွေတွေ လုယက်သွား၊

မန္တလေးမှာ ဧည့်စာရင်းစစ်မယ်ဆိုပြီး ယူနီဖောင်းနဲ့ လူငါးဦး အိမ်ထဲဝင်ကာ ကျပ်သိန်း ( ၆၀၀၀ ) ကျော်တန် ရွှေနဲ့ငွေတွေ လုယက်သွား၊ MFP ၊ မတ် – ၃၀

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ်(၄)ရပ်ကွက်ထဲမှာ မတ်(၂၈)ရက် ညပိုင်းက ဧည့်စာရင်းစစ်မယ်ဆိုပြီး

ယူနီဖောင်းနဲ့ လူငါးဦး အိမ်ထဲဝင်လာကာ ကျပ်သိန်း(၆၀၀၀)ကျော် တန်ဘိုးရှိတဲ့ ရွှေ(၄၃)ကျပ်သား၊ ကျောက်စိမ်း

လက်ဝတ်ရတနာတွေနဲ့ ငွေကျပ် သိန်း(၄၄၀)ကျော်ကို ဓားပြတိုက်လုယက်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မတ်(၂၈)ရက် ည(၁၀)နာရီဝန်းကျင်က ချမ်းစည်မြို့နယ်၊ မြို့သစ်အမှတ်(၄)ရပ်ကွက်၊ အကွက်(ဇ-၅)၊ (၆၁)လမ်း၊

(၁၁၂)လမ်းနဲ့ (၁၁၃)လမ်းကြားက နေအိမ်တစ်အိမ်မှာ ဧည့်စာရင်းစစ်မယ်ဆိုပြီး ဓားပြတိုက်လုယက်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီအိမ်မှာ အိမ်ရှင်အမျိုးသမီး ရှိနေချိန် ယူနီဖောင်းဝတ်ထားတဲ့ လူငါးဦးက ဧည့်စာရင်းစစ်မယ်လို့ ပြောကာ

အိမ်ထဲ ဝင်လာပြီး နေအိမ်အတွင်း ရှာဖွေပြီးနောက် မီးခံသေတ္တာအတွင်းက ရွှေထည် (၄၃)ကျပ်သားနှင့်

ကျောက်စိမ်း လက်ဝတ်ရတနာ မျိုးစုံ တန်ဖိုးအားဖြင့် ကျပ်သိန်း(၆၀၀၀)ခန့်နှင့် ငွေသား ကျပ်သိန်း(၄၀၀)ကျော်ကို

ယူဆောင်ပြီး ကားတစ်စီး၊ ဆိုင်ကယ်တစ်စီးနဲ့ ထွက်သွားတယ်လို့ စစ်ကောင်စီက သတင်းရရှိပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ရဲတပ်ဖွဲ့က စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ အသေးစိတ် အခြေအနေ တွေကိုတော့ မသိရသေးပါဘူး။

ယခုရက်ပိုင်းအတွင်း စစ်အုပ်စုက မန္တလေးမြို့အနှံ့ လမ်းတွေ၊ ရပ်ကွက်တွေ ပိတ်ဆို့စစ်ဆေးတာတွေ လုပ်သလို

ဧည့်စာရင်း စစ်ဆေးတာတွေလည်း လုပ်နေတယ်လို့ မြိုကခံတွေက ပြောပါတယ်။

မန္တလေးမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ စကစ လက်နက်ကိုင်တွေကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – CJ

(ယူကျူ့https://www.youtube.com/c/MandalayFreePressMFP မှာလည်း Mandalay Free Press – MFP ရဲ့ ရုပ်သံ သတင်းတွေ ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ချမ်းမြသာစည် #မြို့သစ် #ဧည့်စာရင်းစစ်

zawgyi,

မႏၲေလးမွာ ဧည့္စာရင္းစစ္မယ္ဆိုၿပီး ယူနီေဖာင္းနဲ႔ လူငါးဦး အိမ္ထဲဝင္ကာ က်ပ္သိန္း ( ၆၀၀၀ ) ေက်ာ္တန္ ေ႐ႊနဲ႔ေငြေတြ လုယက္သြား၊ MFP ၊ မတ္ – ၃၀

မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၿမိဳ႕သစ္(၄)ရပ္ကြက္ထဲမွာ မတ္(၂၈)ရက္ ညပိုင္းက ဧည့္စာရင္းစစ္မယ္ဆိုၿပီး

ယူနီေဖာင္းနဲ႔ လူငါးဦး အိမ္ထဲဝင္လာကာ က်ပ္သိန္း(၆၀၀၀)ေက်ာ္ တန္ဘိုးရွိတဲ့ ေ႐ႊ(၄၃)က်ပ္သား၊ ေက်ာက္စိမ္း

လက္ဝတ္ရတနာေတြနဲ႔ ေငြက်ပ္ သိန္း(၄၄၀)ေက်ာ္ကို ဓားျပတိုက္လုယက္သြားတယ္လို႔ ေဒသခံ သတင္းရင္းျမစ္ေတြက MFP ကို ေျပာပါတယ္။

မတ္(၂၈)ရက္ ည(၁၀)နာရီဝန္းက်င္က ခ်မ္းစည္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္အမွတ္(၄)ရပ္ကြက္၊ အကြက္(ဇ-၅)၊ (၆၁)လမ္း၊

(၁၁၂)လမ္းနဲ႔ (၁၁၃)လမ္းၾကားက ေနအိမ္တစ္အိမ္မွာ ဧည့္စာရင္းစစ္မယ္ဆိုၿပီး ဓားျပတိုက္လုယက္မႈ ျဖစ္ပြားခဲ့တာလို႔ ဆိုပါတယ္။

အဲ့ဒီအိမ္မွာ အိမ္ရွင္အမ်ိဳးသမီး ရွိေနခ်ိန္ ယူနီေဖာင္းဝတ္ထားတဲ့ လူငါးဦးက ဧည့္စာရင္းစစ္မယ္လို႔ ေျပာကာ

အိမ္ထဲ ဝင္လာၿပီး ေနအိမ္အတြင္း ရွာေဖြၿပီးေနာက္ မီးခံေသတၱာအတြင္းက ေ႐ႊထည္ (၄၃)က်ပ္သားႏွင့္

ေက်ာက္စိမ္း လက္ဝတ္ရတနာ မ်ိဳးစုံ တန္ဖိုးအားျဖင့္ က်ပ္သိန္း(၆၀၀၀)ခန႔္ႏွင့္ ေငြသား က်ပ္သိန္း(၄၀၀)ေက်ာ္ကို

ယူေဆာင္ၿပီး ကားတစ္စီး၊ ဆိုင္ကယ္တစ္စီးနဲ႔ ထြက္သြားတယ္လို႔ စစ္ေကာင္စီက သတင္းရရွိပါတယ္။

အဲ့ဒီ ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီ ရဲတပ္ဖြဲ႕က စစ္ေဆးေနတယ္လို႔ ဆိုပါတယ္။ အေသးစိတ္ အေျခအေန ေတြကိုေတာ့ မသိရေသးပါဘူး။

ယခုရက္ပိုင္းအတြင္း စစ္အုပ္စုက မႏၲေလးၿမိဳ႕အႏွံ႔ လမ္းေတြ၊ ရပ္ကြက္ေတြ ပိတ္ဆို႔စစ္ေဆးတာေတြ လုပ္သလို

ဧည့္စာရင္း စစ္ေဆးတာေတြလည္း လုပ္ေနတယ္လို႔ ၿမိဳကခံေတြက ေျပာပါတယ္။

မႏၲေလးမွာ လမ္းသြားလမ္းလာေတြကို စစ္ေဆးေနတဲ့ စကစ လက္နက္ကိုင္ေတြကို ၿပီးခဲ့တဲ့ လပိုင္းက ေတြ႕ရစဥ္/Photo – CJ

(ယူက်ဴ႕https://www.youtube.com/c/MandalayFreePressMFP မွာလည္း Mandalay Free Press – MFP ရဲ႕ ႐ုပ္သံ သတင္းေတြ ၾကည့္ရႈ႕ႏိုင္ပါတယ္။)

#MFP #Mandalay_Free_Press #မႏၲေလး #စစ္ကိုင္း #ခ်မ္းျမသာစည္ #ၿမိဳ႕သစ္ #ဧည့္စာရင္းစစ္