31.Mar.2022 မှ 6.April.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
တနင်္ဂနွေ
ဝန်ထမ်းများရာထူးတိုးခြင်းနေရာကောင်းရခြင်းမျိုးကြံုရတတ်ပါတယ်။ စကားပြောကောင်းပြီး ယဉ်ကျေးသိမ်မွှေ့စွာပြောဆိုတတ်ပါက အဘက်ဘက်ကအဆင်ပြေပါလိမ့်မယ်။ အိမ်ထောင်ရေးကံကောင်းနေပါ လိမ့်မယ်။ အိမ်တွင်းရေး မိသားစုအရေးကိစ္စများအဆင်ပြေချောမွေ့ပါလိမ့်မယ်။ စီးပွားရေးကိစ္စနဲ့ပတ်သက်ပြီး လိုချင်တာတွေကို ရယူနိုင်ပါလိမ့်မယ်။ငွေကံကောင်းနေသလို အလုပ်အတွက် ရင်းနှီးမြုပ်နှံမှုအသစ်များဆောင်ရွက် နိုင်ပါတယ်။
သားသမီးအတွက်ပူပန်ရတာမျိုးတွေလဲဒီကာလမှာကြုံရတတ်ပါ တယ်။ ရပ်ဝေးကသတင်းကောင်းတွေ ရလာတတ်ပါတယ်။ ရပ်ဝေးမှာ ချေးထားတဲ့အကြွေးများပြန်ရလာတတ်ပါ တယ်။ မိမိလုပ်ငန်းစီးပွားများ တိုးတတ်အောင်မြင်လာပါလိမ့်မယ်။ လုပ်ငန်းများချဲ့ထွင်ခြင်း လုပ်ငန်းသစ်တိုးခြင်းမျိုးကြုံရပါလိမ့်မယ်။ ကုန်သည် များ၊ ရပ်ဝေးနဲ့ချိတ်ဆက်သောလုပ်ငန်းများ၊ online shop များအထူးပဲ စီးပွားဖြစ်ပါလိမ့်မယ်။
ကျန်းမာရေး အတွက်လဲ စိတ်တော့သိပ်ပူစရာမလိုသေးပါဘူး။ ဒါပေမဲ့ ဆီးနဲ့ပတ်သက်သောရောဂါ များခေါင်းကိုက်ခေါင်းမူး ရောဂါများတော့ဖြစ်ရတတ်ပါတယ်။အချစ်ရေးကံကောင်းနေမှာပါ။ချစ်သူနဲ့ အနာဂတ် plan တွေချမှတ်နိုင်ပါ လိမ့်မယ်။ ပညာရေးကတော့ အထူးကောင်းပါတယ်။ ကြိုးစားသမျှအရာထင်ပါလိမ့်မယ်။အကျိုးပေးဂဏန်း ၈/၀/၆အထူးဟော စီးပွားဖြစ်ပါလိမ့်မယ်။ယတြာ ဘုရားရှင်ကို သစ်သီးဆွမ်းကပ်ပေးပါ။
တနင်္လာ
ဒီကာလမှာမအားလပ်နိုင်အောင်ဖြစ်ရတတ်ပါတယ်။ ဒါကြောင့်ပဲ လူမှုရေးကိစ္စတွေကို လျစ်လျူ ရှုထားမိ တတ်ပါတယ်။ ပင်မအလုပ်ထက် ထပ်ချဲ့ထားတဲ့ အလုပ်တွေကအကျိုးအမြတ်ပိုကြီးပါလိမ့်မယ်။ ဖခင်ဖြစ်သူနဲ့ အတိုက်အခံဖြစ်ရတတ်ပါတယ်။ အမွေနဲ့ပတ်သက်တဲ့ ပြဿ နာတွေ ဖြေရှင်းရလိမ့်မယ်။ အနည်းငယ်အလုပ်များ နေတာကိုတွေ့ရပါတယ်။ ငွေကြေးအကုန်အကျတွေများနေနိုင်ပါတယ်။ စိတ်ကူးကောင်းတွေမရှိဘဲ အပေါင်းအသင်း စကားတွေကိုယုံစားနေမိတတ်ပါတယ်။
မိမိအိမ်မှာ ကလေးငယ်များရှိရင် ရေတွင်း၊ရေကန်၊ရေဇလားတွေနဲ့ ဝေးဝေးမှာထားပါ။ မိသားစုအတွင်း ရေအန္တရာယ်ရှိပါတယ်။ ဒီကာလအတွင်း အလုပ်တွေများနေပါလိမ့်မယ်။ ဝန်ထမ်းဆို တာဝန်ဝတ္တရားတွေနဲ့ မအားလပ်နိုင်အောင်ဖြစ်ရတတ်ပါတယ်။ အလုပ်အတွက်စိုးရိမ်စရာ ကိစ္စတွေ များနေ ရပါလိမ့်မယ်။
ကျန်းမာရေးကို ပိုပြီးတော့ ဂရုစိုက်သင့်တယ်လို့ထင်ပါတယ်။ ဦးနှောက်အာရုံကြောနဲ့ ပတ်သက်သော ရောဂါများဖြစ်ရတတ်ပါတယ်။ မိမိကိုယ်တိုင်က ချစ်သူကို ပြဿ နာရှာနေမိတတ်ပါတယ်။ ပညာ ရေး ကံကမိမိရဲ့ စိတ်ပါဝင်စားမှုအပေါ်မူတည်ပါတယ်။ အိမ်ထောင်သည်များ အိမ်ထောင်ရေးကံညံ့နေရပါလိမ့်မယ်။အကျိုးပေးဂဏန်း ၆/၁/၅အထူးဟော စိတ်များ အလုပ်များနေမည်ယတြာ နွားနို့တစ်ခွက် ဘုရားကပ်လှူပေးပါ
အင်္ဂါ
ငွေက အဝင်ကြမ်း အထွက်ကြမ်းပါလိမ့်မယ်။ ငွေစုဆောင်းဖို့မလွယ်တဲ့ကာလပါပဲ။အလုပ်ထဲမှာလူကြီးနဲ့ အဆင်မပြေဖြစ်ရတတ်ပါတယ်။ ခရီးတွေလဲများရတတ်ပါတယ်။ ဗာဟီရကိစ္စတွေအရမ်းများတဲ့ကာလ အပိုင်း အခြား ပါပဲ။ အိမ်ထောင်ရေးကတော့ မိမိကိုယ်တိုင်က အိမ်ထောင်ဖက်အပေါ်စိတ်ကုန်နေမိတတ်ပါတယ်။ သွေးတိုး ရောဂါရှိသူများ၊ ဆီးချို သွေးချိုရှိသူများ သတိထားရပါလိမ့်မယ်။ ကျန်းမာရေးအနည်းငယ်စိတ်ပူရတတ်ပါတယ်။
ကိုယ်လက်ညောင်းကိုက်တာမျိုးအထူးဖြစ်တတ်ပါတယ်။ အညောင်းမိနေတတ်ပါတယ်။ အနှိပ်ပညာကျွမ်းကျင်သူနဲ့ သေချာနှိပ်လိုက်ပါ။ ငွေကံကောင်းနေတာတော့ တွေ့ရပါ တယ်။ အလုပ်စီးပွားတွေတိုးတတ်နေတာမျိုး၊ ဝန်ထမ်းဆို over time ဆင်းရတာမျိုးတွေကြုံရတတ်ပါတယ်။သိထား တဲ့ပညာတွေကို ပြန်သင်ပေးခွင့်ရပါလိမ့်မယ်။ ဒီကာလအတွင်းလူနိုင်တွေများနေတတ်ပါတယ်။
မိမိကိစ္စထက် သူတစ်ပါးအရေးကိစ္စတွေကိုလုပ်ကိုင်ပေးနေရတတ် ပါတယ်။ သာရေးနာရေးကိစ္စများ အလှူအတန်းကိစ္စများဝင်ရောက်လုပ်ကိုင်ပေးနေရတတ်ပါတယ်။ကျန်းမာရေးကို အထူးဂရုစိုက်ရပါလိမ့်မယ်။ အချစ်ရေးကံကတော့ ချစ်သူက စိတ်ကောက်နေပါလိမ့်မယ်။ ပညာရေးကတော့ ကြိုးစားနိုင်မှ အဆင်ပြေပါလိမ့်မယ်။ ဉာဏ်ဝီရိယ စိုက်ထုတ်သင့်တဲ့ကာလပါ။အကျိုးပေးဂဏန်း ၃/၆/၂အထူးဟော အလုပ်ပို ကိစ္စပိုတွေများနေရမည်။ယတြာ လက်ဖက်ရည်တစ်ခွက်နှင့် ဧလမုန့်တစ်ခု ဘုရားရှင်ကိုကပ်လှူလိုက်ပါ။
ဗုဒ္ဓဟူး/ရာဟု
ဒီကာလအတွင်း အများအတွက်စဉ်းစားပေးနေမိတတ်ပါတယ်။ မိမိကိုယ်တိုင်က ပရဟိတအလုပ်များကို စိတ်ပါ ဝင်စား စွာလုပ်နေ မိတဲ့ကာလပါပဲ။ ငွေကံကောင်းတဲ့ကာလဆိုတော့ အဘက်ဘက်ကနေငွေဝင်လာဖို့ရှိ နေပါတယ်။ ရစရာရှိတဲ့ ငွေများ၊ ဆုံးမည်ဟုထင်ထားတဲ့ငွေများ ပြန်လည်ရရှိတတ်ပါတယ်။ ဘာသာရေးနဲ့ ပတ်သက် ပြီး တော့လဲ လှူချင်တဲ့အလှူအတန်းတွေလှူရတတ်ပါတယ်။ ကျန်းမာရေးကတော့ဒီ အပတ်ထဲ ဒေါင်ဒေါင်မြည် ကောင်းနေ တတ်ပါတယ်။
ကျန်းမာရေးအတွက် စိတ်ချမ်းမြေ့ရပါလိမ့်မယ်။ အချိတ်အဆက် အဆက်အသွယ်တွေ များနေတတ်ပါတယ်။ဒါကြောင့်အလုပ်ရှာနေသူတွေ၊တစ်ခုခုရောင်းချင်ဝယ်ချင်သူတွေအဆင်ပြေသွားတတ်ပါတယ်။ အလှကုန်ပစ္စည်းများ ဝယ်ယူခြင်း၊အလှအပဆိုင်ရာကိစ္စများဆောင်ရွက်ခြင်းများ ဒီအပတ်အတွင်းဆောင်ရွက်လို့ အဆင်ပြေ တတ်ပါတယ်။ လုပ်ငန်းခွင်အတွင်းလူအများနဲ့ လက်တွဲညီညီလုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှုတွေ ရလာ ပါလိမ့်မယ်။
ကိုယ်ပိုင်စီးပွားရေးသမားများ ဝန်ထမ်းတွေရဲ့အလုပ်ကြိုးစားမှုကြောင့် လုပ်ငန်းတွေတိုးတတ်အောင် မြင်ပါ လိမ့်မယ်။ အချစ်ရေးကံကတော့ အကောင်းဆုံးအနေအထားပါပဲ။ ချစ်သူခင်သူပေါများမဲ့ကာလအပိုင်း အခြား ပါ။ ချစ်သူရဲ့အလိုလိုက်ခြင်းကိုခံရပါလိမ့်မယ်။ ပညာရေးကတော့ မိမိကိုယ်တိုင်က စိတ်ပါဝင်စားစွာသင်ယူ နေမိတတ်ပါတယ်။ သင်လွယ်တတ်လွယ်တဲ့ ကာလပါပဲ။အကျိုးပေးဂဏန်း ၂/၄/၉အထူးဟော ကံမြင့်မားနေချိန်ပါပဲ။ယတြာ လမ်းထဲက ကလေးတွေကိုဂျယ်လီဝယ်ကျွေးလိုက်ပါ။
ကြာသပတေး
စပ်တူလုပ်ငန်းများ ကောင်းစွာအကျိုးဖြစ်ထွန်းပါလိမ့်မယ်။ ဒီကာလများ လက်ဆောင်များလဲ ရတတ်ပါ တယ်။ ကျန်းမာရေးအထူးကောင်းပါတယ်။ ဒါပေမဲ့ ဆီးချုပ်၊ဝမ်းချုပ်ဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ကံ အနည်းငယ်ညံ့ပါတယ်။ နားလည်ရမှာက ဒီကာလမှာအကြီးအကဲတွေနဲ့ ထိပ်တိုက်မတွေ့ပါနဲ့။ လုပ်စရာရှိလဲ မိမိဘာသာလုပ်ပါ။လူကြီးတွေဆီအကူအညီမယူပါနဲ့။ငွေကြေးအစုလိုက်ဝင်တာမျိုးတွေကြုံရတတ်ပါတယ်။
ဘောနပ် တွေရလာမျိုး တွေ၊မထင်မှတ်ဘဲ ဘောင်ဆူးရတာမျိုးတွေကြုံရတတ်ပါတယ်။ မထင်မှတ်ဘဲ စက်ပစ္စည်း တွေ ၊ဖုန်းတွေဝင်တတ်ပါ တယ်။ မိမိ စိတ်ကူးထားတာလေးတွေ ပြည့်မြောက်လာပါလိမ့်မယ်။ ပျော်စရာ စိတ်ကြည် နူးစရာအချိန်လို့ ယေဘုယျသုံးသပ်လို့ရပါတယ်။ စက်ပစ္စည်းအသစ်တွေလဲဝင်လာဖို့ရှိနေပါတယ်။ အောက်လက် ငယ်သားတွေ ကြောင့်မိမိဂုဏ်တတ်ပါလိမ့်မယ်။
သားသမီးကြောင့်စိတ်ချမ်းမြေ့ရပါလိမ့်မယ်။ အလုပ်စီးပွား စတင် ခြင်း မျိုးက ဒီကာလမှာအကောင်းဆုံးပါပဲ။ ငွေကြေးလဲ ပြေလည်မှုတွေရပါလိမ့်မယ်။ အချစ်ရေးကံ သင့် အဆင့်မှာ တော့ရှိနေပါ တယ်။ချစ်သူနဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြစ်နေပါလိမ့်မယ်။ ပညာရေးကံအထူးကောင်းပါတယ်။ ဒါပေမဲ့မိမိကအပျော်အပါးမက်နေပြီး ပညာရေးအပေါ်စိတ်ဝင်စားမှုအားနည်းနေပါတယ်။အကျိုးပေးဂဏန်း ၃/၆/၉အထူးဟော အမှတ်တရနေ့ရက်တွေပါပဲ။ယတြာ နီးစပ်ရာစေတီရဲ့ မွေးနံထောင့်မှာ ဆီမီး၅တိုင် ပူဇော်ပါ။
သောကြာ
ပေးဆပ်နိုင်မှ အဆင်ပြေမဲ့ကာလဖြစ်လို့ပါပဲ။ လုပ်ငန်းခွင်အတွင်းမိမိကိုယ်တိုက်ခိုက်မဲ့သူ အပုပ်ချမဲ့သူတွေ များ နေပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးသမားများလုပ်ငန်းတူ စီးပွားဖက်တွေရဲ့ မနာလိုတိုက်ခိုက်တာမျိုး ကြုံရပါ လိမ့်မယ်။ ကျန်းမာရေးကတော့ အဆိုးထဲကအကောင်းပါပဲ။ နေကောင်းကျန်းမာပြီး စားဝင်အိပ်ပျော်ပါလိမ့်မယ်။ စီးပွားရေးအေးနေတတ်ပါတယ်။ ထင်သလောက်မတိုးတတ်နိုင်သေးပါဘူး။အလုပ်ရှာနေသူတွေအလုပ်ရဖို့ ကြန့်ကြာ နေ တတ်ပါတယ်။
ရာထူးကြီးကြီးယူထားသူများ စကားအမှားတွေပြောမိတတ်ပါတယ်။ ဒီကာလအတွင်း စိတ်ပင် ပန်း ကျဉ်းကြပ်ရတတ်ပါတယ်။ မိမိအနေနဲ့ စိတ်အလိုမကျစရာတွေများနေရတတ်ပါတယ်။ အရွယ်ရောက်ပြီးသား သားသမီးရှိပါက ထိုသားသမီးအတွက်စိတ်ညစ်သောကရောက် ရတတ်ပါတယ်။အရာရာအနစ်နာခံလိုက်ပါတယ်။ အားနည်းချက်က အိမ်ထောင်ရေးပါ။
အိမ်ထောင်ဘက်နဲ့ ညှိနှိုင်းရခက်နေပါလိမ့်မယ်။ အချစ်ရေးမှာလဲ အချစ် ဟောင်း နဲ့ အဆင်မပြေဘဲအချစ်သစ်နဲ့ အဆင်ပြေပါလိမ့်မယ်။ မိမိကိုယ်တိုင်ကလဲ အဟောင်းကိုပစ်ပြီး အသစ်ကို ပြောင်းချင်စိတ်လေးတွေပေါ်နေတတ်ပါတယ်။ပညာရေးညံ့နေတယ်။ ဝီရိယထားကြိုးစား စေချင် ပါတယ်။အကျိုးပေးဂဏန်း ၉/၈/၂အထူးဟော ကံညံ့နေတဲ့ ကာလတစ်ခုပါပဲ။ယတြာ မုန့်ဟင်းခါးတစ်ပွဲလောက်မိမိထက် အသက်ဂုဏ်ဝါကြီးသူကို ဝယ်ကျွေးလိုက်ပါ။
စနေ
အခက်အခဲတွေကြုံပြီးမှအောင်မြင်မှုတွေရတတ်ပါတယ်။ အဆင်ပြေနေပြီဆိုလဲ အကြပ်အတည်းကျော်ပြီး မှအဆင်ပြေတာမျိုးပါ။ စပ်တူရှယ်ယာလုပ်ငန်းများ လုံးဝမကောင်းပါ။အလိမ်ခံရတတ်တဲ့ကာလ ဖြစ်တာကြောင့် မည်သူ့ကိုမှအကြွင်းမဲ့ ယုံကြည်လို့မသင့်ပါဘူး။ ကျန်းမာရေးအတွက်ကတော့ ဝမ်းဗိုက် အစာအိမ် နဲ့ပတ်သက်သော ရောဂါများကိုသတိထားရပါလိမ့်မယ်။
အစာအိမ်ရောဂါအခံရှိသူများ ရောဂါဒဏ်ပြန်ခံရတတ်တာမို့ အရက်သေစာ သောက် စားခြင်း တွေကိုအထူးရှောင်သင့်ပါတယ်။ ငွေကြေးလာဘ်လာဘအားကောင်းနေတယ်။ ကူညီမဲ့သူပေါ တယ်။ လူချစ်လူခင် များတယ်။ အိမ်နားမှာရင်သွေးမီးဖွားတဲ့ သတင်းကြားပါက ထီထိုးလိုက်ပါ။ ကံကောင်းခြင်း ကံဆိုးခြင်းတွေ ဒွန်တွဲနေတဲ့ကာလပါပဲ။ လုပ်ချင်တဲ့ကိစ္စများ ရှေးတိုးဆောင်ရွက်စရာရှိတဲ့ကိစ္စများကို ဒီကာလမှာမိမိ အတွေး အကြံအတိုင်းသာလုပ်ဆောင်ပါ။
သူတစ်ပါးဆီက အကြံဉာဏ်ယူပြီးလုပ်ကိုင်ခြင်း မျိုးဒီကာလမှာလုံးဝ ရှောင် သင့်ပါတယ်။ ဥပဒေနဲ့ ညိစွန်းတဲ့လုပ်ငန်းလုပ်ကိုင်ကြသူများ ဒီကာလမှာဒုက္ခရောက်ပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူနဲ့အချစ်နယ်မကျွံမိပါစေနဲ့။ မဖုံးနိုင် မဖိနိုင်တဲ့ကိစ္စမျိုးဖြစ်လာတတ်လို့ပါပဲ။ အိမ်တွင်းရေး အိမ်ထောင်ရေး သာယာ ချမ်း မြေ့ပါလိမ့်မယ်။ ပညာရေးကံကတော့ အကောင်းဆုံးပါပဲ။ ပညာရပ်များစတင်သင်ကြားဖို့ စိတ်ကူးနေ ပါက လက်တွေ့အကောင်အထည်ဖော်လိုက်ပါ။အကျိုးပေးဂဏန်း ၅/၇/၀အထူးဟော ကံသင့်ပါတယ်ဗျာယတြာ နီးစပ်ရာဘုန်းကြီးကျောင်းကို ငါးဟင်းနဲ့ဆွမ်းချိုင့်ပို့ပေးပါ။
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
Zawgyi
31.Mar.2022 မွ 6.April.2022 အထိတစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း
တနဂၤေႏြ
ဝန္ထမ္းမ်ားရာထူးတိုးျခင္းေနရာေကာင္းရျခင္းမ်ိဳးႀကံဳရတတ္ပါတယ္။ စကားေျပာေကာင္းၿပီး ယဥ္ေက်းသိမ္ေမႊ႕စြာေျပာဆိုတတ္ပါက အဘက္ဘက္ကအဆင္ေျပပါလိမ့္မယ္။ အိမ္ေထာင္ေရးကံေကာင္းေနပါ လိမ့္မယ္။ အိမ္တြင္းေရး မိသားစုအေရးကိစၥမ်ားအဆင္ေျပေခ်ာေမြ႕ပါလိမ့္မယ္။ စီးပြားေရးကိစၥနဲ႔ပတ္သက္ၿပီး လိုခ်င္တာေတြကို ရယူႏိုင္ပါလိမ့္မယ္။ေငြကံေကာင္းေနသလို အလုပ္အတြက္ ရင္းႏွီးျမဳပ္ႏွံမႈအသစ္မ်ားေဆာင္႐ြက္ ႏိုင္ပါတယ္။
သားသမီးအတြက္ပူပန္ရတာမ်ိဳးေတြလဲဒီကာလမွာႀကဳံရတတ္ပါ တယ္။ ရပ္ေဝးကသတင္းေကာင္းေတြ ရလာတတ္ပါတယ္။ ရပ္ေဝးမွာ ေခ်းထားတဲ့အေႂကြးမ်ားျပန္ရလာတတ္ပါ တယ္။ မိမိလုပ္ငန္းစီးပြားမ်ား တိုးတတ္ေအာင္ျမင္လာပါလိမ့္မယ္။ လုပ္ငန္းမ်ားခ်ဲ႕ထြင္ျခင္း လုပ္ငန္းသစ္တိုးျခင္းမ်ိဳးႀကဳံရပါလိမ့္မယ္။ ကုန္သည္ မ်ား၊ ရပ္ေဝးနဲ႔ခ်ိတ္ဆက္ေသာလုပ္ငန္းမ်ား၊ online shop မ်ားအထူးပဲ စီးပြားျဖစ္ပါလိမ့္မယ္။
က်န္းမာေရး အတြက္လဲ စိတ္ေတာ့သိပ္ပူစရာမလိုေသးပါဘူး။ ဒါေပမဲ့ ဆီးနဲ႔ပတ္သက္ေသာေရာဂါ မ်ားေခါင္းကိုက္ေခါင္းမူး ေရာဂါမ်ားေတာ့ျဖစ္ရတတ္ပါတယ္။အခ်စ္ေရးကံေကာင္းေနမွာပါ။ခ်စ္သူနဲ႔ အနာဂတ္ plan ေတြခ်မွတ္ႏိုင္ပါ လိမ့္မယ္။ ပညာေရးကေတာ့ အထူးေကာင္းပါတယ္။ ႀကိဳးစားသမွ်အရာထင္ပါလိမ့္မယ္။အက်ိဳးေပးဂဏန္း ၈/၀/၆အထူးေဟာ စီးပြားျဖစ္ပါလိမ့္မယ္။ယၾတာ ဘုရားရွင္ကို သစ္သီးဆြမ္းကပ္ေပးပါ။
တနလၤာ
ဒီကာလမွာမအားလပ္ႏိုင္ေအာင္ျဖစ္ရတတ္ပါတယ္။ ဒါေၾကာင့္ပဲ လူမႈေရးကိစၥေတြကို လ်စ္လ်ဴ ရႈထားမိ တတ္ပါတယ္။ ပင္မအလုပ္ထက္ ထပ္ခ်ဲ႕ထားတဲ့ အလုပ္ေတြကအက်ိဳးအျမတ္ပိုႀကီးပါလိမ့္မယ္။ ဖခင္ျဖစ္သူနဲ႔ အတိုက္အခံျဖစ္ရတတ္ပါတယ္။ အေမြနဲ႔ပတ္သက္တဲ့ ျပႆ နာေတြ ေျဖရွင္းရလိမ့္မယ္။ အနည္းငယ္အလုပ္မ်ား ေနတာကိုေတြ႕ရပါတယ္။ ေငြေၾကးအကုန္အက်ေတြမ်ားေနႏိုင္ပါတယ္။ စိတ္ကူးေကာင္းေတြမရွိဘဲ အေပါင္းအသင္း စကားေတြကိုယုံစားေနမိတတ္ပါတယ္။
မိမိအိမ္မွာ ကေလးငယ္မ်ားရွိရင္ ေရတြင္း၊ေရကန္၊ေရဇလားေတြနဲ႔ ေဝးေဝးမွာထားပါ။ မိသားစုအတြင္း ေရအႏၲရာယ္ရွိပါတယ္။ ဒီကာလအတြင္း အလုပ္ေတြမ်ားေနပါလိမ့္မယ္။ ဝန္ထမ္းဆို တာဝန္ဝတၱရားေတြနဲ႔ မအားလပ္ႏိုင္ေအာင္ျဖစ္ရတတ္ပါတယ္။ အလုပ္အတြက္စိုးရိမ္စရာ ကိစၥေတြ မ်ားေန ရပါလိမ့္မယ္။
က်န္းမာေရးကို ပိုၿပီးေတာ့ ဂ႐ုစိုက္သင့္တယ္လို႔ထင္ပါတယ္။ ဦးေႏွာက္အာ႐ုံေၾကာနဲ႔ ပတ္သက္ေသာ ေရာဂါမ်ားျဖစ္ရတတ္ပါတယ္။ မိမိကိုယ္တိုင္က ခ်စ္သူကို ျပႆ နာရွာေနမိတတ္ပါတယ္။ ပညာ ေရး ကံကမိမိရဲ႕ စိတ္ပါဝင္စားမႈအေပၚမူတည္ပါတယ္။ အိမ္ေထာင္သည္မ်ား အိမ္ေထာင္ေရးကံညံ့ေနရပါလိမ့္မယ္။အက်ိဳးေပးဂဏန္း ၆/၁/၅အထူးေဟာ စိတ္မ်ား အလုပ္မ်ားေနမည္ယၾတာ ႏြားႏို႔တစ္ခြက္ ဘုရားကပ္လႉေပးပါ
အဂၤါ
ေငြက အဝင္ၾကမ္း အထြက္ၾကမ္းပါလိမ့္မယ္။ ေငြစုေဆာင္းဖို႔မလြယ္တဲ့ကာလပါပဲ။အလုပ္ထဲမွာလူႀကီးနဲ႔ အဆင္မေျပျဖစ္ရတတ္ပါတယ္။ ခရီးေတြလဲမ်ားရတတ္ပါတယ္။ ဗာဟီရကိစၥေတြအရမ္းမ်ားတဲ့ကာလ အပိုင္း အျခား ပါပဲ။ အိမ္ေထာင္ေရးကေတာ့ မိမိကိုယ္တိုင္က အိမ္ေထာင္ဖက္အေပၚစိတ္ကုန္ေနမိတတ္ပါတယ္။ ေသြးတိုး ေရာဂါရွိသူမ်ား၊ ဆီးခ်ိဳ ေသြးခ်ိဳရွိသူမ်ား သတိထားရပါလိမ့္မယ္။ က်န္းမာေရးအနည္းငယ္စိတ္ပူရတတ္ပါတယ္။
ကိုယ္လက္ေညာင္းကိုက္တာမ်ိဳးအထူးျဖစ္တတ္ပါတယ္။ အေညာင္းမိေနတတ္ပါတယ္။ အႏွိပ္ပညာကြၽမ္းက်င္သူနဲ႔ ေသခ်ာႏွိပ္လိုက္ပါ။ ေငြကံေကာင္းေနတာေတာ့ ေတြ႕ရပါ တယ္။ အလုပ္စီးပြားေတြတိုးတတ္ေနတာမ်ိဳး၊ ဝန္ထမ္းဆို over time ဆင္းရတာမ်ိဳးေတြႀကဳံရတတ္ပါတယ္။သိထား တဲ့ပညာေတြကို ျပန္သင္ေပးခြင့္ရပါလိမ့္မယ္။ ဒီကာလအတြင္းလူႏိုင္ေတြမ်ားေနတတ္ပါတယ္။
မိမိကိစၥထက္ သူတစ္ပါးအေရးကိစၥေတြကိုလုပ္ကိုင္ေပးေနရတတ္ ပါတယ္။ သာေရးနာေရးကိစၥမ်ား အလႉအတန္းကိစၥမ်ားဝင္ေရာက္လုပ္ကိုင္ေပးေနရတတ္ပါတယ္။က်န္းမာေရးကို အထူးဂ႐ုစိုက္ရပါလိမ့္မယ္။ အခ်စ္ေရးကံကေတာ့ ခ်စ္သူက စိတ္ေကာက္ေနပါလိမ့္မယ္။ ပညာေရးကေတာ့ ႀကိဳးစားႏိုင္မွ အဆင္ေျပပါလိမ့္မယ္။ ဉာဏ္ဝီရိယ စိုက္ထုတ္သင့္တဲ့ကာလပါ။အက်ိဳးေပးဂဏန္း ၃/၆/၂အထူးေဟာ အလုပ္ပို ကိစၥပိုေတြမ်ားေနရမည္။ယၾတာ လက္ဖက္ရည္တစ္ခြက္ႏွင့္ ဧလမုန႔္တစ္ခု ဘုရားရွင္ကိုကပ္လႉလိုက္ပါ။
ဗုဒၶဟူး/ရာဟု
ဒီကာလအတြင္း အမ်ားအတြက္စဥ္းစားေပးေနမိတတ္ပါတယ္။ မိမိကိုယ္တိုင္က ပရဟိတအလုပ္မ်ားကို စိတ္ပါ ဝင္စား စြာလုပ္ေန မိတဲ့ကာလပါပဲ။ ေငြကံေကာင္းတဲ့ကာလဆိုေတာ့ အဘက္ဘက္ကေနေငြဝင္လာဖို႔ရွိ ေနပါတယ္။ ရစရာရွိတဲ့ ေငြမ်ား၊ ဆုံးမည္ဟုထင္ထားတဲ့ေငြမ်ား ျပန္လည္ရရွိတတ္ပါတယ္။ ဘာသာေရးနဲ႔ ပတ္သက္ ၿပီး ေတာ့လဲ လႉခ်င္တဲ့အလႉအတန္းေတြလႉရတတ္ပါတယ္။ က်န္းမာေရးကေတာ့ဒီ အပတ္ထဲ ေဒါင္ေဒါင္ျမည္ ေကာင္းေန တတ္ပါတယ္။
က်န္းမာေရးအတြက္ စိတ္ခ်မ္းေျမ့ရပါလိမ့္မယ္။ အခ်ိတ္အဆက္ အဆက္အသြယ္ေတြ မ်ားေနတတ္ပါတယ္။ဒါေၾကာင့္အလုပ္ရွာေနသူေတြ၊တစ္ခုခုေရာင္းခ်င္ဝယ္ခ်င္သူေတြအဆင္ေျပသြားတတ္ပါတယ္။ အလွကုန္ပစၥည္းမ်ား ဝယ္ယူျခင္း၊အလွအပဆိုင္ရာကိစၥမ်ားေဆာင္႐ြက္ျခင္းမ်ား ဒီအပတ္အတြင္းေဆာင္႐ြက္လို႔ အဆင္ေျပ တတ္ပါတယ္။ လုပ္ငန္းခြင္အတြင္းလူအမ်ားနဲ႔ လက္တြဲညီညီလုပ္ကိုင္ျခင္းျဖင့္ ေအာင္ျမင္မႈေတြ ရလာ ပါလိမ့္မယ္။
ကိုယ္ပိုင္စီးပြားေရးသမားမ်ား ဝန္ထမ္းေတြရဲ႕အလုပ္ႀကိဳးစားမႈေၾကာင့္ လုပ္ငန္းေတြတိုးတတ္ေအာင္ ျမင္ပါ လိမ့္မယ္။ အခ်စ္ေရးကံကေတာ့ အေကာင္းဆုံးအေနအထားပါပဲ။ ခ်စ္သူခင္သူေပါမ်ားမဲ့ကာလအပိုင္း အျခား ပါ။ ခ်စ္သူရဲ႕အလိုလိုက္ျခင္းကိုခံရပါလိမ့္မယ္။ ပညာေရးကေတာ့ မိမိကိုယ္တိုင္က စိတ္ပါဝင္စားစြာသင္ယူ ေနမိတတ္ပါတယ္။ သင္လြယ္တတ္လြယ္တဲ့ ကာလပါပဲ။အက်ိဳးေပးဂဏန္း ၂/၄/၉အထူးေဟာ ကံျမင့္မားေနခ်ိန္ပါပဲ။ယၾတာ လမ္းထဲက ကေလးေတြကိုဂ်ယ္လီဝယ္ေကြၽးလိုက္ပါ။
ၾကာသပေတး
စပ္တူလုပ္ငန္းမ်ား ေကာင္းစြာအက်ိဳးျဖစ္ထြန္းပါလိမ့္မယ္။ ဒီကာလမ်ား လက္ေဆာင္မ်ားလဲ ရတတ္ပါ တယ္။ က်န္းမာေရးအထူးေကာင္းပါတယ္။ ဒါေပမဲ့ ဆီးခ်ဳပ္၊ဝမ္းခ်ဳပ္ျဖစ္ရတတ္ပါတယ္။ အိမ္ေထာင္ကံ အနည္းငယ္ညံ့ပါတယ္။ နားလည္ရမွာက ဒီကာလမွာအႀကီးအကဲေတြနဲ႔ ထိပ္တိုက္မေတြ႕ပါနဲ႔။ လုပ္စရာရွိလဲ မိမိဘာသာလုပ္ပါ။လူႀကီးေတြဆီအကူအညီမယူပါနဲ႔။ေငြေၾကးအစုလိုက္ဝင္တာမ်ိဳးေတြႀကဳံရတတ္ပါတယ္။
ေဘာနပ္ ေတြရလာမ်ိဳး ေတြ၊မထင္မွတ္ဘဲ ေဘာင္ဆူးရတာမ်ိဳးေတြႀကဳံရတတ္ပါတယ္။ မထင္မွတ္ဘဲ စက္ပစၥည္း ေတြ ၊ဖုန္းေတြဝင္တတ္ပါ တယ္။ မိမိ စိတ္ကူးထားတာေလးေတြ ျပည့္ေျမာက္လာပါလိမ့္မယ္။ ေပ်ာ္စရာ စိတ္ၾကည္ ႏူးစရာအခ်ိန္လို႔ ေယဘုယ်သုံးသပ္လို႔ရပါတယ္။ စက္ပစၥည္းအသစ္ေတြလဲဝင္လာဖို႔ရွိေနပါတယ္။ ေအာက္လက္ ငယ္သားေတြ ေၾကာင့္မိမိဂုဏ္တတ္ပါလိမ့္မယ္။
သားသမီးေၾကာင့္စိတ္ခ်မ္းေျမ့ရပါလိမ့္မယ္။ အလုပ္စီးပြား စတင္ ျခင္း မ်ိဳးက ဒီကာလမွာအေကာင္းဆုံးပါပဲ။ ေငြေၾကးလဲ ေျပလည္မႈေတြရပါလိမ့္မယ္။ အခ်စ္ေရးကံ သင့္ အဆင့္မွာ ေတာ့ရွိေနပါ တယ္။ခ်စ္သူနဲ႔ ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္ျဖစ္ေနပါလိမ့္မယ္။ ပညာေရးကံအထူးေကာင္းပါတယ္။ ဒါေပမဲ့မိမိကအေပ်ာ္အပါးမက္ေနၿပီး ပညာေရးအေပၚစိတ္ဝင္စားမႈအားနည္းေနပါတယ္။အက်ိဳးေပးဂဏန္း ၃/၆/၉အထူးေဟာ အမွတ္တရေန႔ရက္ေတြပါပဲ။ယၾတာ နီးစပ္ရာေစတီရဲ႕ ေမြးနံေထာင့္မွာ ဆီမီး၅တိုင္ ပူေဇာ္ပါ။
ေသာၾကာ
ေပးဆပ္ႏိုင္မွ အဆင္ေျပမဲ့ကာလျဖစ္လို႔ပါပဲ။ လုပ္ငန္းခြင္အတြင္းမိမိကိုယ္တိုက္ခိုက္မဲ့သူ အပုပ္ခ်မဲ့သူေတြ မ်ား ေနပါလိမ့္မယ္။ ကိုယ္ပိုင္စီးပြားေရးသမားမ်ားလုပ္ငန္းတူ စီးပြားဖက္ေတြရဲ႕ မနာလိုတိုက္ခိုက္တာမ်ိဳး ႀကဳံရပါ လိမ့္မယ္။ က်န္းမာေရးကေတာ့ အဆိုးထဲကအေကာင္းပါပဲ။ ေနေကာင္းက်န္းမာၿပီး စားဝင္အိပ္ေပ်ာ္ပါလိမ့္မယ္။ စီးပြားေရးေအးေနတတ္ပါတယ္။ ထင္သေလာက္မတိုးတတ္ႏိုင္ေသးပါဘူး။အလုပ္ရွာေနသူေတြအလုပ္ရဖို႔ ၾကန႔္ၾကာ ေန တတ္ပါတယ္။
ရာထူးႀကီးႀကီးယူထားသူမ်ား စကားအမွားေတြေျပာမိတတ္ပါတယ္။ ဒီကာလအတြင္း စိတ္ပင္ ပန္း က်ဥ္းၾကပ္ရတတ္ပါတယ္။ မိမိအေနနဲ႔ စိတ္အလိုမက်စရာေတြမ်ားေနရတတ္ပါတယ္။ အ႐ြယ္ေရာက္ၿပီးသား သားသမီးရွိပါက ထိုသားသမီးအတြက္စိတ္ညစ္ေသာကေရာက္ ရတတ္ပါတယ္။အရာရာအနစ္နာခံလိုက္ပါတယ္။ အားနည္းခ်က္က အိမ္ေထာင္ေရးပါ။
အိမ္ေထာင္ဘက္နဲ႔ ညႇိႏႈိင္းရခက္ေနပါလိမ့္မယ္။ အခ်စ္ေရးမွာလဲ အခ်စ္ ေဟာင္း နဲ႔ အဆင္မေျပဘဲအခ်စ္သစ္နဲ႔ အဆင္ေျပပါလိမ့္မယ္။ မိမိကိုယ္တိုင္ကလဲ အေဟာင္းကိုပစ္ၿပီး အသစ္ကို ေျပာင္းခ်င္စိတ္ေလးေတြေပၚေနတတ္ပါတယ္။ပညာေရးညံ့ေနတယ္။ ဝီရိယထားႀကိဳးစား ေစခ်င္ ပါတယ္။အက်ိဳးေပးဂဏန္း ၉/၈/၂အထူးေဟာ ကံညံ့ေနတဲ့ ကာလတစ္ခုပါပဲ။ယၾတာ မုန႔္ဟင္းခါးတစ္ပြဲေလာက္မိမိထက္ အသက္ဂုဏ္ဝါႀကီးသူကို ဝယ္ေကြၽးလိုက္ပါ။
စေန
အခက္အခဲေတြႀကဳံၿပီးမွေအာင္ျမင္မႈေတြရတတ္ပါတယ္။ အဆင္ေျပေနၿပီဆိုလဲ အၾကပ္အတည္းေက်ာ္ၿပီး မွအဆင္ေျပတာမ်ိဳးပါ။ စပ္တူရွယ္ယာလုပ္ငန္းမ်ား လုံးဝမေကာင္းပါ။အလိမ္ခံရတတ္တဲ့ကာလ ျဖစ္တာေၾကာင့္ မည္သူ႔ကိုမွအႂကြင္းမဲ့ ယုံၾကည္လို႔မသင့္ပါဘူး။ က်န္းမာေရးအတြက္ကေတာ့ ဝမ္းဗိုက္ အစာအိမ္ နဲ႔ပတ္သက္ေသာ ေရာဂါမ်ားကိုသတိထားရပါလိမ့္မယ္။
အစာအိမ္ေရာဂါအခံရွိသူမ်ား ေရာဂါဒဏ္ျပန္ခံရတတ္တာမို႔ အရက္ေသစာ ေသာက္ စားျခင္း ေတြကိုအထူးေရွာင္သင့္ပါတယ္။ ေငြေၾကးလာဘ္လာဘအားေကာင္းေနတယ္။ ကူညီမဲ့သူေပါ တယ္။ လူခ်စ္လူခင္ မ်ားတယ္။ အိမ္နားမွာရင္ေသြးမီးဖြားတဲ့ သတင္းၾကားပါက ထီထိုးလိုက္ပါ။ ကံေကာင္းျခင္း ကံဆိုးျခင္းေတြ ဒြန္တြဲေနတဲ့ကာလပါပဲ။ လုပ္ခ်င္တဲ့ကိစၥမ်ား ေရွးတိုးေဆာင္႐ြက္စရာရွိတဲ့ကိစၥမ်ားကို ဒီကာလမွာမိမိ အေတြး အႀကံအတိုင္းသာလုပ္ေဆာင္ပါ။
သူတစ္ပါးဆီက အႀကံဉာဏ္ယူၿပီးလုပ္ကိုင္ျခင္း မ်ိဳးဒီကာလမွာလုံးဝ ေရွာင္ သင့္ပါတယ္။ ဥပေဒနဲ႔ ညိစြန္းတဲ့လုပ္ငန္းလုပ္ကိုင္ၾကသူမ်ား ဒီကာလမွာဒုကၡေရာက္ပါလိမ့္မယ္။ အခ်စ္ေရးမွာ ခ်စ္သူနဲ႔အခ်စ္နယ္မကြၽံမိပါေစနဲ႔။ မဖုံးႏိုင္ မဖိႏိုင္တဲ့ကိစၥမ်ိဳးျဖစ္လာတတ္လို႔ပါပဲ။ အိမ္တြင္းေရး အိမ္ေထာင္ေရး သာယာ ခ်မ္း ေျမ့ပါလိမ့္မယ္။ ပညာေရးကံကေတာ့ အေကာင္းဆုံးပါပဲ။ ပညာရပ္မ်ားစတင္သင္ၾကားဖို႔ စိတ္ကူးေန ပါက လက္ေတြ႕အေကာင္အထည္ေဖာ္လိုက္ပါ။အက်ိဳးေပးဂဏန္း ၅/၇/၀အထူးေဟာ ကံသင့္ပါတယ္ဗ်ာယၾတာ နီးစပ္ရာဘုန္းႀကီးေက်ာင္းကို ငါးဟင္းနဲ႔ဆြမ္းခ်ိဳင့္ပို႔ေပးပါ။
၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)