ေဗဒင္

8 ရကျသားသမီး အပတျစဉျ ဗဒေငျဟောစာတမျး (၂၄.၇.၂၀၂၂ မှ ၃၀.၇.၂၀၂၂ အထိ)..

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် – လုပ်ပိုင်ခွင့်တွေ ရလာသလို တာဝန်ခံမှုတွေလည်း များလာမယ်။

စိတ်ရောလူပါ ပင်ပန်းရတာ များပြီး ငဲ့ကွက်ရတာ၊ တာဝန်ယူရတာတွေလည်း ပိုလာမယ်။ သြဇာ၊ အာဏာရှိသူတွေကနေ ကူညီပံ့ပိုးလာမယ်။

ငွေကြေးပိုင်းမှာ အဆင်ပြေပေမယ့် စိတ်ရှုပ်စရာတွေလည်း ပေါ်လာမယ်။ ခေါင်းစားရတာတွေ အရမ်းများမယ်။

ကျန်းမာရေး – အထိုင်များတာမျိုး ရှောင်ပါ။ မတော်တဆမှု အသေးအဖွဲလေးတွေလည်း ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် – အချစ်ရေး၊ အိမ်ထောင်ရေးမှာ တစ်ဖက်သားရဲ့ ဖိအားပေးမှုတွေ ခံရတတ်တယ်။ အချစ်ရော ချုပ်ခြယ်မှုပါ တွဲလျက်ပါလာတတ်တယ်။

စိတ်မချမ်းမသာတွေ ဖြစ်ရတတ်ပေမယ့် ကံအညံ့ကြီးတော့ မဟုတ်ပါ။ လူမှုဆက်ဆံရေးကဏ္ဍမှာ အများရဲ့အားကိုးမှုကို ခံရတတ်တယ်။

သူတပါးအရေးတွေမှာ ဝင်ပါရတာမျိုးရှိမယ်။

ကံကောင်းစေတဲ့ အရောင် – အဝါ၊ အနီရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၄ ၊ ၉

ကံကောင်းစေတဲ့ အရပ် – အရှေ့ ၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် – ကြာသပတေး ၊ တနင်္ဂနွေ

ယတြာ – ဖခင် (သို့) လူကြီးသူမတစ်ဦးကို ထီး (သို့) ဦးထုပ်တစ်လုံး လက်ဆောင် ဝယ်ပေးပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် – ကိုယ့်တစ်ယောက်တည်း စဉ်းစားဆုံးဖြတ် လုပ်ကိုင်ရင် အမှားများတတ်တယ်။

တတ်ကျွမ်းသူ၊ ဆရာသမားတွေဆီက အကြံဉာဏ် ယူသင့်တယ်။ အလုပ်နဲ့ပတ်သက်တဲ့ခရီးတွေ ပေါ်လာမယ်။

ခရီးသွားလာလို့ အဆင်ပြေနိုင်တယ်။ အကူအညီကောင်းတွေ ရမယ်။ ငွေဝင်ကိန်း ရှိပေမယ့် မသေချာတာတွေကို မလုပ်သင့်ပါ။

ကျန်းမာရေး – ဦးနှောက်၊ အာရုံကြောပိုင်း ဂရုစိုက်ရမယ်။ မျက်စိအားနည်းတတ်တယ်။

လူမှုအိမ်ထောင် – မေတ္တာရေးမှာ အေးတိအေးစက် ဆက်ဆံရေးမျိုး ဖြစ်လာတတ်တယ်။

နီးစပ်နွေးထွေးမှုထက် ဖာသိဖာသာနေချင်စိတ်က ပိုများလာနိုင်တယ်။ အဲဒါကြောင့်လည်း အချင်းချင်းကြား ကတောက်ကဆ ဖြစ်မယ်။

လူမှုရေး့ပိုင်းမှာ ကိုယ့်ကို ကူညီညွှန်ပြသူတွေနဲ့ ဆုံမယ်။ ဒါပေမယ့် ကိုယ်တိုင်က အထီးကျန်သလို ခံစားရမယ်။

ကံကောင်းစေတဲ့ အရောင် – အပြာဖျော့ ၊ အဝါတောက်တောက်ရောင် ၊ အဖြူ

ကံစမ်းနိုင်တဲ့ ဂဏန်း – ၂ ၊ ၉

ကံကောင်းစေတဲ့ အရပ် – အနောက်၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် – တနင်္လာမွန်းလွဲပိုင်း ၊ ကြာသပတေး

ယတြာ – သွားရင်းလာရင်း ရဟန်း (သို့) သီလရှင်တွေနဲ့ ဆုံရင် ငွေကြေးတတ်နိုင်သလောက် လှူပေးပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် – ရေကန်အသင့်၊ ကြာအသင့်လို ဖြစ်ပြီး ကိုယ့်ဘက်က သိပ်မကြိုးစားရဘဲ အလုပ်စီးပွားကံတွေ မြင့်မားလာမယ်။

လုပ်ရကိုင်ရ လွယ်ကူပြီး အဘက်ဘက်က ကူညီဝိုင်းဝန်းမယ့်သူတွေလည်း ပေါ်လာလိမ့်မယ်။

ငွေကြေး ကံကောင်းတတ်ပြီး လက်ဆောင်တွေလည်း ဝင်လာနိုင်တယ်။ ရင်းနှီးမြှုပ်နှံမှုတွေ စတင်သင့်တယ်။

ကျန်းမာရေး – ဗိုက်အောင့်၊ ဗိုက်နာတတ်တာကလွဲရင် ဘေးကင်းကျန်းမာမယ်။

လူမှုအိမ်ထောင် – အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ချမ်းသာစရာတွေ ဖြစ်လာမယ်။ ကလေးလိုချင်နေသူတွေ သတင်းကောင်း ကြားရမယ်။

လိုအင်ဆန္ဒ ပြည့်ဝမယ်။ ပျိုရွယ်သူတွေ အချစ်ရေးမှာ ကံကောင်းမယ့်သီတင်းပတ် ဖြစ်တယ်။

လူမှုပေါင်းသင်းဆက်ဆံရေးမှာလည်း ပျော်စရာတွေ ကြုံလာရမယ်။ မိတ်ဆွေကောင်းတွေ ရရှိမယ်။

ကံကောင်းစေတဲ့ အရောင် – ကြက်သွေးရောင် ၊ ရွှေရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၂ ၊ ၃

ကံကောင်းစေတဲ့ အရပ် – အရှေ့ ၊ အရှေ့တောင်

ကံကောင်းစေတဲ့ နေ့ရက် – သောကြာ ၊ အင်္ဂါ

ယတြာ – မိမိနဲ့ဆက်စပ်တဲ့ဝန်းကျင်က ကိုယ်ဝန်ဆောင် (သို့) ကလေးမွေးပြီးစလူကို စားချင်တာကျွေးပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် – အလုပ်နဲ့ပတ်သက်လို့ အင်မတန်မှ စိတ်အနှောင့်အယှက်များမယ့်ကာလ ဖြစ်တယ်။

အလုပ်မှာ ကိုယ့်ကို မနာလိုသူ၊ တိုက်ခိုက်သူတွေ ပေါ်လာလိမ့်မယ်။ အလုပ်ကို ဖြောင့်ဖြောင့် မလုပ်ရဘဲ မဟုတ်တာတွေ ဖြေရှင်းနေရတတ်တယ်။

လုပ်ငန်းခွင်မတော်တဆမှုလည်း ဖြစ်တတ်တယ်။ ငွေဝင်ပေမယ့် စိတ်တွေ ညစ်မယ်။

ကျန်းမာရေး – အသေးစား ထိမိခိုက်မိလေးတွေ ဖြစ်တတ်တယ်။ အိပ်မက်ဆိုးတွေမက်တတ်တယ်။

လူမှုအိမ်ထောင် – မေတ္တာရေးကိစ္စမှာ ပတ်ဝန်းကျင်ကလူတွေကို သတိထားရမယ်။ နှစ်ဦးကြား ဝင်မွှေတတ်လို့ နားလည်မှု ပိုပေးသင့်တယ်။

ဘေးက မနာလိုသူတွေကြောင့် စကားများရတတ်တယ်။ စိတ်တွေ ရှုပ်နေရမယ်။ လူမှုရေးကဏ္ဍမှာ အညံ့ဆိုး ဖြစ်တယ်။

ချောက်တွန်းချင်သူတွေ၊ အပေါ်ယံသမားတွေပဲ ဝိုင်းဝိုင်းလည်နေမယ်။

ကံကောင်းစေတဲ့ အရောင် – အဝါ

ကံစမ်းနိုင်တဲ့ ဂဏန်း – ၁

ကံကောင်းစေတဲ့ အရပ် – မြောက် ၊ အရှေ့တောင်

ကံကောင်းစေတဲ့ နေ့ရက် – အင်္ဂါ

ယတြာ – စိတ်မနှံ့သူ၊ စိတ်ကျန်းမာရေးမကောင်းသူတွေကို စားစရာတစ်ခုခု လှူဒါန်းပေးကမ်းပါ။

ရာဟုဖွား

အလုပ်အကိုင် – အလုပ်နဲ့ပတ်သက်လို့ အပြောင်းအလဲလေးတွေ ဖြစ်လာနိုင်တယ်။

အနည်းဆုံးအနေနဲ့ အလုပ် နေရာ အပြောင်းအရွှေ့၊ ဌာနတွင်း ပြောင်းလဲမှုတွေ ဖြစ်တတ်တယ်။ ခရီးတွေလည်း ပေါ်လာနိုင်တယ်။

အလုပ် ကံဇာတာ အတော်သင့် ကောင်းမွန်မယ်။ ငွေရေးကြေးရေး လည်ပတ်မှု ကောင်းပြီး ဝင်ငွေ ဖြောင့်ဖြူးလာမယ်။

ကျန်းမာရေး – မီး၊ လျှပ်စစ်နဲ့ပတ်သက်တာတွေ သတိထားကိုင်တွယ်ပါ။

လူမှုအိမ်ထောင် – အချစ်ရေး၊ အိမ်ထောင်ရေးမှာ အညံ့တွေ ရှိခဲ့ရင် ပြန်ပြေလည်မှု ရမယ်။

ပုံမှန်အတိုင်းရှိနေရင် ချစ်သူ၊ လက်တွဲဖော်နဲ့ ခရီးအတူ သွားရတတ်တယ်။ အတူနေသူတွေ၊ အိမ်ထောင်ရှင်တွေ ပျော်ရွှင်ဖွယ်ကာလ ဖြစ်မယ်။

လူမှုရေးပိုင်းမှာ မိတ်ဆွေတွေဆီက အတုံ့အလှည့်အကူအညီတွေ ရမယ်။ ကြွေးတွေ ပြန်ရတတ်တယ်။

ကံကောင်းစေတဲ့ အရောင် – အဖြူ ၊ အဝါရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၁ ၊ ၂

ကံကောင်းစေတဲ့ အရပ် – အရှေ့တောင်

ကံကောင်းစေတဲ့ နေ့ရက် – အင်္ဂါနေ့ မွန်းလွဲနောက်ပိုင်း

ယတြာ – ဘုရားစေတီတစ်ဆူရဲ့ဂြိုဟ်ခွင့်ထောင့်တိုင်းမှာ ရေ ၈ ခွက်စီ သပ္ပါယ်ပေးပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် – ဒီအပတ်မှာ အလုပ်ကိစ္စနဲ့ အသွားအလာတွေ များလာတတ်တယ်။

ဟိုပြေးဒီပြေး ဖြစ်နေမယ်။ အလုပ်အတည်တကျ သေချာ မလုပ်ရဘဲ ဖြစ်နေမယ်။ ဒါပေမယ့် အလုပ်ကံဇာတာ ကောင်းနေမယ်။

အလုပ်ကို ဒီထက်ကောင်းစေမယ့်အပြောင်းအလဲတွေ ပေါ်လာမယ်။ ငွေလည်ပတ်လာနိုင်ပြီး အပေးအယူ အဆင်ပြေမယ်။

ကျန်းမာရေး – ဘေးရန်ကင်းမယ်။ ကျန်းမာရေး ညံ့နေသူတွေ ပြန်ကောင်းသက်သာမယ်။

လူမှုအိမ်ထောင် – အချစ်ရေး၊ အိမ်ထောင်ရေးမှာ အစောပိုင်းက ဖြစ်နေတဲ့ နှစ်ဦးကြားက မကျေလည်မှုတွေ ပြန် ပြေလည်သွားမယ်။

အရင်က မရခဲ့တဲ့နားလည်မှုတွေ ပြန်တည်ဆောက်နိုင်မယ်။ မမျှော်လင့်တဲ့ ပျော်ရွှင်မှုတွေပါ ရလာတတ်တယ်။

မိတ်ဆွေအသိုင်းအဝိုင်းနဲ့ပတ်သက်ရင် မတွေ့တာမဆုံတာ ကြာတဲ့သူတွေနဲ့ ပြန်ဆုံလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် – အဝါရင့် ၊ အပြာနု

ကံစမ်းနိုင်တဲ့ ဂဏန်း – ၁ ၊ ၅ ၊ ၂

ကံကောင်းစေတဲ့ အရပ် – အရှေ့

ကံကောင်းစေတဲ့ နေ့ရက် – တနင်္ဂနွေ

ယတြာ – ခွေး၊ ကြောင်၊ ငါး၊ ငှက် စတဲ့ တိရစ္ဆာန်လေးတွေကို မကြာခဏ အစာကျွေးပေးပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် – ဒီအပတ် လုပ်ငန်းစီးပွားကံ နည်းနည်း ညံ့နိုင်တယ်။ ထင်သလောက် အဆင်မပြေတာ ဖြစ်မယ်။

ကိုယ်ပိုင်လုပ်ငန်းထက် စပ်တူရှယ်ယာကမှ ပိုအဆင်ပြေတတ်တယ်။ ကူညီမယ့်သူရော နှောင့်ယှက်တတ်သူပါ အနားမှာ ရှိနေလိမ့်မယ်။

စကားတိုင်းကို နားမယောင်ဖို့ လိုမယ်။ ငွေဝင်ပေမယ့် အကြောင်းရှာပြီး ပြန်ကုန်မယ်။

ကျန်းမာရေး – မျိုးပွားအင်္ဂါဆိုင်ရာ ဝေဒနာတွေ ဖြစ်တတ်တယ်။ နှလုံးလည်း အားနည်းတတ်တယ်။

လူမှုအိမ်ထောင် – မေတ္တာ အဆိုးအကောင်းတွေ ဒီအပတ်မှာ အထင်အရှား ဖြစ်ပေါ်လာနိုင်တယ်။ အကောင်းနဲ့ အဆိုးက မိမိပေါ်မှာ ပိုမူတည်လိမ့်မယ်။

ပျိုရွယ်သူတွေတော့ ချစ်သူ၊ လက်တွဲဖော်နဲ့ ဆုံဆည်းမယ်။ စန်းပွင့်ပြီး ကံကောင်းတတ်တယ်။

လူမှုရေးကဏ္ဍမှာ ဘဝင်မကျစရာတွေ၊ အာရုံနောက်စရာကိစ္စတွေ ပေါ်လာတတ်တယ်။

ကံကောင်းစေတဲ့ အရောင် – ခရမ်းဖျော့ရောင်၊ အနီရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၆

ကံကောင်းစေတဲ့ အရပ် – မြောက်

ကံကောင်းစေတဲ့ နေ့ရက် – သောကြာ ၊ တနင်္လာ

ယတြာ – အိမ်ကဘုရားမှာ ပန်းပေါင်းစုံကို ပန်းမွေ့ယာလို လုပ်ပြီး ဘုရားမှာ ကပ်လှူပူဇော်ပေးပါ။

စနေနေ့ဖွား

အလုပ်အကိုင် – အရင်က ကြိုးစားထားတဲ့အလုပ်တွေ ဒီအပတ်မှာ ရုပ်လုံးပေါ်လာမယ်။ စိတ်ကူးထားတာတွေပါ အကောင်အထည် ပေါ်လာကိန်း ရှိတယ်။

အလုပ်မှာ အကြံအဖန်တွေများ လုပ်ခဲ့ရင် ဒီအပတ်မှာ ပြဿနာတွေ ပေါ်လိမ့်မယ်။ ဖုံးမရဖိမရတွေ ဖြစ်တတ်တယ်။

ရိုးသားကြိုးစားသူတွေအတွက် အခွင့်ကောင်းပေါ်လာလိမ့်မယ်။

ကျန်းမာရေး – အသောက်အစား လျှော့ရမယ်။ ကျန်းမာရေးပိုင်းကို ပြန်ဂရုစိုက်ရမယ့်ကာလ ဖြစ်တယ်။

လူမှုအိမ်ထောင် – အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဒီအပတ်ကလည်း သိပ်အကောင်းအဆိုး မထင်ရှားတဲ့ကာလပဲ ဖြစ်မယ်။

ဒါပေမယ့် ချစ်သူ၊လက်တွဲဖော်အပေါ် မရိုးမသားလုပ်မိခဲ့ရင် ဒီအပတ်မှာ ဘူးပေါ်သလို ပေါ်လိမ့်မယ်။ ဖြေရှင်းရလိမ့်မယ်။

လူမှုရေးအပိုင်းမှာတော့ အဆိုးအကောင်း၊ အကျိုးအကြောင်း လမ်းညွှန်နိုင်သူနဲ့ ဆုံရမယ်။

ကံကောင်းစေတဲ့ အရောင် – အနီ ၊ ရွှေရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၂ ၊ ၁ ၊ ၉

ကံကောင်းစေတဲ့ အရပ် – အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် – အင်္ဂါ ၊ တနင်္ဂနွေ

ယတြာ – ရုံးဂတ်၊ နာရေးအိမ် ၊ အသုဘ စတဲ့နေရာတွေကို ရှောင်ပါ။ တတ်နိုင်သမျှ အသက်လွတ်စားပေးပါ။

Crd to original uploader..

zawgyi,

===========

တနဂၤေႏြေန႔ဖြား

အလုပ္အကိုင္ – လုပ္ပိုင္ခြင့္ေတြ ရလာသလို တာဝန္ခံမႈေတြလည္း မ်ားလာမယ္။

စိတ္ေရာလူပါ ပင္ပန္းရတာ မ်ားၿပီး ငဲ့ကြက္ရတာ၊ တာဝန္ယူရတာေတြလည္း ပိုလာမယ္။ ၾသဇာ၊ အာဏာရွိသူေတြကေန ကူညီပံ့ပိုးလာမယ္။

ေငြေၾကးပိုင္းမွာ အဆင္ေျပေပမယ့္ စိတ္ရႈပ္စရာေတြလည္း ေပၚလာမယ္။ ေခါင္းစားရတာေတြ အရမ္းမ်ားမယ္။

က်န္းမာေရး – အထိုင္မ်ားတာမ်ိဳး ေရွာင္ပါ။ မေတာ္တဆမႈ အေသးအဖြဲေလးေတြလည္း ျဖစ္တတ္တယ္။

လူမႈအိမ္ေထာင္ – အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ တစ္ဖက္သားရဲ႕ ဖိအားေပးမႈေတြ ခံရတတ္တယ္။ အခ်စ္ေရာ ခ်ဳပ္ျခယ္မႈပါ တြဲလ်က္ပါလာတတ္တယ္။

စိတ္မခ်မ္းမသာေတြ ျဖစ္ရတတ္ေပမယ့္ ကံအညံ့ႀကီးေတာ့ မဟုတ္ပါ။ လူမႈဆက္ဆံေရးက႑မွာ အမ်ားရဲ႕အားကိုးမႈကို ခံရတတ္တယ္။

သူတပါးအေရးေတြမွာ ဝင္ပါရတာမ်ိဳးရွိမယ္။

ကံေကာင္းေစတဲ့ အေရာင္ – အဝါ၊ အနီရင့္

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၄ ၊ ၉

ကံေကာင္းေစတဲ့ အရပ္ – အေရွ႕ ၊ ေျမာက္

ကံေကာင္းေစတဲ့ ေန႔ရက္ – ၾကာသပေတး ၊ တနဂၤေႏြ

ယၾတာ – ဖခင္ (သို႔) လူႀကီးသူမတစ္ဦးကို ထီး (သို႔) ဦးထုပ္တစ္လုံး လက္ေဆာင္ ဝယ္ေပးပါ။

တနလၤာေန႔ဖြား

အလုပ္အကိုင္ – ကိုယ့္တစ္ေယာက္တည္း စဥ္းစားဆုံးျဖတ္ လုပ္ကိုင္ရင္ အမွားမ်ားတတ္တယ္။

တတ္ကြၽမ္းသူ၊ ဆရာသမားေတြဆီက အႀကံဉာဏ္ ယူသင့္တယ္။ အလုပ္နဲ႔ပတ္သက္တဲ့ခရီးေတြ ေပၚလာမယ္။

ခရီးသြားလာလို႔ အဆင္ေျပႏိုင္တယ္။ အကူအညီေကာင္းေတြ ရမယ္။ ေငြဝင္ကိန္း ရွိေပမယ့္ မေသခ်ာတာေတြကို မလုပ္သင့္ပါ။

က်န္းမာေရး – ဦးေႏွာက္၊ အာ႐ုံေၾကာပိုင္း ဂ႐ုစိုက္ရမယ္။ မ်က္စိအားနည္းတတ္တယ္။

လူမႈအိမ္ေထာင္ – ေမတၱာေရးမွာ ေအးတိေအးစက္ ဆက္ဆံေရးမ်ိဳး ျဖစ္လာတတ္တယ္။

နီးစပ္ေႏြးေထြးမႈထက္ ဖာသိဖာသာေနခ်င္စိတ္က ပိုမ်ားလာႏိုင္တယ္။ အဲဒါေၾကာင့္လည္း အခ်င္းခ်င္းၾကား ကေတာက္ကဆ ျဖစ္မယ္။

လူမႈေရး့ပိုင္းမွာ ကိုယ့္ကို ကူညီၫႊန္ျပသူေတြနဲ႔ ဆုံမယ္။ ဒါေပမယ့္ ကိုယ္တိုင္က အထီးက်န္သလို ခံစားရမယ္။

ကံေကာင္းေစတဲ့ အေရာင္ – အျပာေဖ်ာ့ ၊ အဝါေတာက္ေတာက္ေရာင္ ၊ အျဖဴ

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၂ ၊ ၉

ကံေကာင္းေစတဲ့ အရပ္ – အေနာက္၊ အေရွ႕

ကံေကာင္းေစတဲ့ ေန႔ရက္ – တနလၤာမြန္းလြဲပိုင္း ၊ ၾကာသပေတး

ယၾတာ – သြားရင္းလာရင္း ရဟန္း (သို႔) သီလရွင္ေတြနဲ႔ ဆုံရင္ ေငြေၾကးတတ္ႏိုင္သေလာက္ လႉေပးပါ။

အဂၤါေန႔ဖြား

အလုပ္အကိုင္ – ေရကန္အသင့္၊ ၾကာအသင့္လို ျဖစ္ၿပီး ကိုယ့္ဘက္က သိပ္မႀကိဳးစားရဘဲ အလုပ္စီးပြားကံေတြ ျမင့္မားလာမယ္။

လုပ္ရကိုင္ရ လြယ္ကူၿပီး အဘက္ဘက္က ကူညီဝိုင္းဝန္းမယ့္သူေတြလည္း ေပၚလာလိမ့္မယ္။

ေငြေၾကး ကံေကာင္းတတ္ၿပီး လက္ေဆာင္ေတြလည္း ဝင္လာႏိုင္တယ္။ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ စတင္သင့္တယ္။

က်န္းမာေရး – ဗိုက္ေအာင့္၊ ဗိုက္နာတတ္တာကလြဲရင္ ေဘးကင္းက်န္းမာမယ္။

လူမႈအိမ္ေထာင္ – အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ စိတ္ခ်မ္းသာစရာေတြ ျဖစ္လာမယ္။ ကေလးလိုခ်င္ေနသူေတြ သတင္းေကာင္း ၾကားရမယ္။

လိုအင္ဆႏၵ ျပည့္ဝမယ္။ ပ်ိဳ႐ြယ္သူေတြ အခ်စ္ေရးမွာ ကံေကာင္းမယ့္သီတင္းပတ္ ျဖစ္တယ္။

လူမႈေပါင္းသင္းဆက္ဆံေရးမွာလည္း ေပ်ာ္စရာေတြ ႀကဳံလာရမယ္။ မိတ္ေဆြေကာင္းေတြ ရရွိမယ္။

ကံေကာင္းေစတဲ့ အေရာင္ – ၾကက္ေသြးေရာင္ ၊ ေ႐ႊေရာင္

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၂ ၊ ၃

ကံေကာင္းေစတဲ့ အရပ္ – အေရွ႕ ၊ အေရွ႕ေတာင္

ကံေကာင္းေစတဲ့ ေန႔ရက္ – ေသာၾကာ ၊ အဂၤါ

ယၾတာ – မိမိနဲ႔ဆက္စပ္တဲ့ဝန္းက်င္က ကိုယ္ဝန္ေဆာင္ (သို႔) ကေလးေမြးၿပီးစလူကို စားခ်င္တာေကြၽးပါ။

ဗုဒၶဟူးေန႔ဖြား

အလုပ္အကိုင္ – အလုပ္နဲ႔ပတ္သက္လို႔ အင္မတန္မွ စိတ္အေႏွာင့္အယွက္မ်ားမယ့္ကာလ ျဖစ္တယ္။

အလုပ္မွာ ကိုယ့္ကို မနာလိုသူ၊ တိုက္ခိုက္သူေတြ ေပၚလာလိမ့္မယ္။ အလုပ္ကို ေျဖာင့္ေျဖာင့္ မလုပ္ရဘဲ မဟုတ္တာေတြ ေျဖရွင္းေနရတတ္တယ္။

လုပ္ငန္းခြင္မေတာ္တဆမႈလည္း ျဖစ္တတ္တယ္။ ေငြဝင္ေပမယ့္ စိတ္ေတြ ညစ္မယ္။

က်န္းမာေရး – အေသးစား ထိမိခိုက္မိေလးေတြ ျဖစ္တတ္တယ္။ အိပ္မက္ဆိုးေတြမက္တတ္တယ္။

လူမႈအိမ္ေထာင္ – ေမတၱာေရးကိစၥမွာ ပတ္ဝန္းက်င္ကလူေတြကို သတိထားရမယ္။ ႏွစ္ဦးၾကား ဝင္ေမႊတတ္လို႔ နားလည္မႈ ပိုေပးသင့္တယ္။

ေဘးက မနာလိုသူေတြေၾကာင့္ စကားမ်ားရတတ္တယ္။ စိတ္ေတြ ရႈပ္ေနရမယ္။ လူမႈေရးက႑မွာ အညံ့ဆိုး ျဖစ္တယ္။

ေခ်ာက္တြန္းခ်င္သူေတြ၊ အေပၚယံသမားေတြပဲ ဝိုင္းဝိုင္းလည္ေနမယ္။

ကံေကာင္းေစတဲ့ အေရာင္ – အဝါ

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၁

ကံေကာင္းေစတဲ့ အရပ္ – ေျမာက္ ၊ အေရွ႕ေတာင္

ကံေကာင္းေစတဲ့ ေန႔ရက္ – အဂၤါ

ယၾတာ – စိတ္မႏွံ႔သူ၊ စိတ္က်န္းမာေရးမေကာင္းသူေတြကို စားစရာတစ္ခုခု လႉဒါန္းေပးကမ္းပါ။

ရာဟုဖြား

အလုပ္အကိုင္ – အလုပ္နဲ႔ပတ္သက္လို႔ အေျပာင္းအလဲေလးေတြ ျဖစ္လာႏိုင္တယ္။

အနည္းဆုံးအေနနဲ႔ အလုပ္ ေနရာ အေျပာင္းအေ႐ႊ႕၊ ဌာနတြင္း ေျပာင္းလဲမႈေတြ ျဖစ္တတ္တယ္။ ခရီးေတြလည္း ေပၚလာႏိုင္တယ္။

အလုပ္ ကံဇာတာ အေတာ္သင့္ ေကာင္းမြန္မယ္။ ေငြေရးေၾကးေရး လည္ပတ္မႈ ေကာင္းၿပီး ဝင္ေငြ ေျဖာင့္ျဖဴးလာမယ္။

က်န္းမာေရး – မီး၊ လွ်ပ္စစ္နဲ႔ပတ္သက္တာေတြ သတိထားကိုင္တြယ္ပါ။

လူမႈအိမ္ေထာင္ – အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ အညံ့ေတြ ရွိခဲ့ရင္ ျပန္ေျပလည္မႈ ရမယ္။

ပုံမွန္အတိုင္းရွိေနရင္ ခ်စ္သူ၊ လက္တြဲေဖာ္နဲ႔ ခရီးအတူ သြားရတတ္တယ္။ အတူေနသူေတြ၊ အိမ္ေထာင္ရွင္ေတြ ေပ်ာ္႐ႊင္ဖြယ္ကာလ ျဖစ္မယ္။

လူမႈေရးပိုင္းမွာ မိတ္ေဆြေတြဆီက အတုံ႔အလွည့္အကူအညီေတြ ရမယ္။ ေႂကြးေတြ ျပန္ရတတ္တယ္။

ကံေကာင္းေစတဲ့ အေရာင္ – အျဖဴ ၊ အဝါရင့္

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၁ ၊ ၂

ကံေကာင္းေစတဲ့ အရပ္ – အေရွ႕ေတာင္

ကံေကာင္းေစတဲ့ ေန႔ရက္ – အဂၤါေန႔ မြန္းလြဲေနာက္ပိုင္း

ယၾတာ – ဘုရားေစတီတစ္ဆူရဲ႕ၿဂိဳဟ္ခြင့္ေထာင့္တိုင္းမွာ ေရ ၈ ခြက္စီ သပၸါယ္ေပးပါ။

ၾကာသပေတးေန႔ဖြား

အလုပ္အကိုင္ – ဒီအပတ္မွာ အလုပ္ကိစၥနဲ႔ အသြားအလာေတြ မ်ားလာတတ္တယ္။

ဟိုေျပးဒီေျပး ျဖစ္ေနမယ္။ အလုပ္အတည္တက် ေသခ်ာ မလုပ္ရဘဲ ျဖစ္ေနမယ္။ ဒါေပမယ့္ အလုပ္ကံဇာတာ ေကာင္းေနမယ္။

အလုပ္ကို ဒီထက္ေကာင္းေစမယ့္အေျပာင္းအလဲေတြ ေပၚလာမယ္။ ေငြလည္ပတ္လာႏိုင္ၿပီး အေပးအယူ အဆင္ေျပမယ္။

က်န္းမာေရး – ေဘးရန္ကင္းမယ္။ က်န္းမာေရး ညံ့ေနသူေတြ ျပန္ေကာင္းသက္သာမယ္။

လူမႈအိမ္ေထာင္ – အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ အေစာပိုင္းက ျဖစ္ေနတဲ့ ႏွစ္ဦးၾကားက မေက်လည္မႈေတြ ျပန္ ေျပလည္သြားမယ္။

အရင္က မရခဲ့တဲ့နားလည္မႈေတြ ျပန္တည္ေဆာက္ႏိုင္မယ္။ မေမွ်ာ္လင့္တဲ့ ေပ်ာ္႐ႊင္မႈေတြပါ ရလာတတ္တယ္။

မိတ္ေဆြအသိုင္းအဝိုင္းနဲ႔ပတ္သက္ရင္ မေတြ႕တာမဆုံတာ ၾကာတဲ့သူေတြနဲ႔ ျပန္ဆုံလိမ့္မယ္။

ကံေကာင္းေစတဲ့ အေရာင္ – အဝါရင့္ ၊ အျပာႏု

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၁ ၊ ၅ ၊ ၂

ကံေကာင္းေစတဲ့ အရပ္ – အေရွ႕

ကံေကာင္းေစတဲ့ ေန႔ရက္ – တနဂၤေႏြ

ယၾတာ – ေခြး၊ ေၾကာင္၊ ငါး၊ ငွက္ စတဲ့ တိရစာၦန္ေလးေတြကို မၾကာခဏ အစာေကြၽးေပးပါ။

ေသာၾကာေန႔ဖြား

အလုပ္အကိုင္ – ဒီအပတ္ လုပ္ငန္းစီးပြားကံ နည္းနည္း ညံ့ႏိုင္တယ္။ ထင္သေလာက္ အဆင္မေျပတာ ျဖစ္မယ္။

ကိုယ္ပိုင္လုပ္ငန္းထက္ စပ္တူရွယ္ယာကမွ ပိုအဆင္ေျပတတ္တယ္။ ကူညီမယ့္သူေရာ ေႏွာင့္ယွက္တတ္သူပါ အနားမွာ ရွိေနလိမ့္မယ္။

စကားတိုင္းကို နားမေယာင္ဖို႔ လိုမယ္။ ေငြဝင္ေပမယ့္ အေၾကာင္းရွာၿပီး ျပန္ကုန္မယ္။

က်န္းမာေရး – မ်ိဳးပြားအဂၤါဆိုင္ရာ ေဝဒနာေတြ ျဖစ္တတ္တယ္။ ႏွလုံးလည္း အားနည္းတတ္တယ္။

လူမႈအိမ္ေထာင္ – ေမတၱာ အဆိုးအေကာင္းေတြ ဒီအပတ္မွာ အထင္အရွား ျဖစ္ေပၚလာႏိုင္တယ္။ အေကာင္းနဲ႔ အဆိုးက မိမိေပၚမွာ ပိုမူတည္လိမ့္မယ္။

ပ်ိဳ႐ြယ္သူေတြေတာ့ ခ်စ္သူ၊ လက္တြဲေဖာ္နဲ႔ ဆုံဆည္းမယ္။ စန္းပြင့္ၿပီး ကံေကာင္းတတ္တယ္။

လူမႈေရးက႑မွာ ဘဝင္မက်စရာေတြ၊ အာ႐ုံေနာက္စရာကိစၥေတြ ေပၚလာတတ္တယ္။

ကံေကာင္းေစတဲ့ အေရာင္ – ခရမ္းေဖ်ာ့ေရာင္၊ အနီေရာင္

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၆

ကံေကာင္းေစတဲ့ အရပ္ – ေျမာက္

ကံေကာင္းေစတဲ့ ေန႔ရက္ – ေသာၾကာ ၊ တနလၤာ

ယၾတာ – အိမ္ကဘုရားမွာ ပန္းေပါင္းစုံကို ပန္းေမြ႕ယာလို လုပ္ၿပီး ဘုရားမွာ ကပ္လႉပူေဇာ္ေပးပါ။

စေနေန႔ဖြား

အလုပ္အကိုင္ – အရင္က ႀကိဳးစားထားတဲ့အလုပ္ေတြ ဒီအပတ္မွာ ႐ုပ္လုံးေပၚလာမယ္။ စိတ္ကူးထားတာေတြပါ အေကာင္အထည္ ေပၚလာကိန္း ရွိတယ္။

အလုပ္မွာ အႀကံအဖန္ေတြမ်ား လုပ္ခဲ့ရင္ ဒီအပတ္မွာ ျပႆနာေတြ ေပၚလိမ့္မယ္။ ဖုံးမရဖိမရေတြ ျဖစ္တတ္တယ္။

႐ိုးသားႀကိဳးစားသူေတြအတြက္ အခြင့္ေကာင္းေပၚလာလိမ့္မယ္။

က်န္းမာေရး – အေသာက္အစား ေလွ်ာ့ရမယ္။ က်န္းမာေရးပိုင္းကို ျပန္ဂ႐ုစိုက္ရမယ့္ကာလ ျဖစ္တယ္။

လူမႈအိမ္ေထာင္ – အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ ဒီအပတ္ကလည္း သိပ္အေကာင္းအဆိုး မထင္ရွားတဲ့ကာလပဲ ျဖစ္မယ္။

ဒါေပမယ့္ ခ်စ္သူ၊လက္တြဲေဖာ္အေပၚ မ႐ိုးမသားလုပ္မိခဲ့ရင္ ဒီအပတ္မွာ ဘူးေပၚသလို ေပၚလိမ့္မယ္။ ေျဖရွင္းရလိမ့္မယ္။

လူမႈေရးအပိုင္းမွာေတာ့ အဆိုးအေကာင္း၊ အက်ိဳးအေၾကာင္း လမ္းၫႊန္ႏိုင္သူနဲ႔ ဆုံရမယ္။

ကံေကာင္းေစတဲ့ အေရာင္ – အနီ ၊ ေ႐ႊေရာင္

ကံစမ္းႏိုင္တဲ့ ဂဏန္း – ၂ ၊ ၁ ၊ ၉

ကံေကာင္းေစတဲ့ အရပ္ – အေရွ႕ေျမာက္

ကံေကာင္းေစတဲ့ ေန႔ရက္ – အဂၤါ ၊ တနဂၤေႏြ

ယၾတာ – ႐ုံးဂတ္၊ နာေရးအိမ္ ၊ အသုဘ စတဲ့ေနရာေတြကို ေရွာင္ပါ။ တတ္ႏိုင္သမွ် အသက္လြတ္စားေပးပါ။

Crd to original uploader..