ဗေဒင်

တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာ တမ်းအကျဉ်း

တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာ တမ်းအကျဉ်း

29.August .2022 တစ်နေ့တာလမ်းညွှန်ချက်၊ဆောင်ရန်ရှောင်ရန် သိစရာများနှင့် ၇ရက်သားသမီး ဟောစာ တမ်းအကျဉ်း

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တော်သလင်းလဆန်း(၄)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။ ခရစ်နှစ် ၂၀၂၂ခုနှစ်၊ဩဂုတ်လ(၂၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၁)နာရီမှာ အရုဏ်တတ်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၀)နာရီဖြစ်ပြီး၊ ညနေ(၆း၂၀)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

တီထိမြေခံအရ ညနေ ၄နာရီအထိ အင်္ဂါမြေခံပြီး မကောင်းသေးတာမို့ အိုးအိမ်တိုက်တာ အဆောက်အဦးတွေ ဆောက်လုပ်မယ်၊တိုင်ထူမယ်ဆိုရင်တော့ ညနေ၄နာရီကျော် တနင်္လာမြေခံပြောင်းမှသာဆောင်ရွက်တာအကောင်း ဆုံးပါပဲ။

ဒီနေ့ဟာ နဂါးပေါ်ရက်၊ ဝါရမိတ္တုကြီး၊ ရက်ပုတ် ရက်ကျရောက်နေတာဖြစ်ပါတယ်။ ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ ၃လုံးဖြစ်ပြီးတော့ စွမ်းအားတွေ၊အင်အားတွေကိုပေးတဲ့ ဇယျာတီထိကျ ရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။

အလုပ်ကိစ္စမှန်သမျှပြောဆိုဆောင်ရွက်လို့အထူးကောင်းပါတယ်။အထက်လူကြီးကို တင်ပြလို့အထူး ကောင်းပါတယ်။ လုပ်ငန်းသစ်လျှောက်ခြင်း၊အင်တာဗျူးဖြေခြင်းတွေအထူးဆောင်ရွက်လို့ ကောင်း ပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လဲ အထူးတိုးတတ်အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ အိပ်ရာထဲလဲနေ သူများနလန်ပြန်ထူပါလိမ့်မယ်။ အောက်လက်ငယ်သားတွေနဲ့ နှီးနှောလုပ်ကိုင်သင့်ပေမဲ့ လူယုံမထား သင့်တဲ့ နေ့ရက်ပါပဲ။

ခရီးသွားလို့ကောင်းပါတယ်။ ခရီးလမ်းအဆင်ပြေချောမွေ့တတ်ပါတယ်။ ထီထိုးလို့ကောင်းပါတယ်။ အလုပ် သစ်စတင့်ပါတယ်။ပရဆေး၊တိုင်းရင်းဆေးများ စတင်ဖော်စပ်လို့အလွန်ကောင်းပါတယ်။ သစ်ပင်စိုက်ခြင်းမျိုးစေ့ ကျဲခြင်းများ၊ဓာတ်မြေသြဇာကျွေးခြင်းများ အထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။

အနု ပညာအလုပ်များစတင် ဆောင် ရွက်လို့အထူးကောင်းပါတယ်။ ဆေးဆိုင်၊ဆေးခန်းအလုပ်များ၊ ပညာရေးနဲ့ ပတ်သက် သောအလုပ်များ အဆင်ပြေ အောင်မြင်မှုတွေရတတ်ပါတယ်။

အားကစားပွဲများကျင်းပခြင်းတွေ၊gymဆော့ခြင်းတွေ ၊စစ်ရေးလေ့ကျင့်ခြင်းတွေ စတဲ့ ချွေးထွက်မဲ့ အလုပ် တွေကို အထူးပဲဆောင်ရွက်စေချင်ပါတယ်။ ဆေးစစ်ခြင်း၊ဆေးကုသမှုခံယူခြင်းများလဲဒီနေ့မှာ အဆင်ပြေပါလိမ့် မယ်။

မိမိလက်အောက်ငယ်သားတွေကို trainning ပေးတာ၊ သင်တန်းပေးတာမျိုး တွေအထူးပဲဆောင်ရွက်စေ ချင်ပါတယ်။ ခရီးသွားခြင်း၊ကုန်သွယ်ခြင်း၊ကုန်ကူးခြင်းတွေအထူးကောင်းပါတယ်။ မိမိလုပ်ငန်းအတွက်ဆိုင်းဘုတ် ထောင်ခြင်းများ၊ကြေငြာခြင်းများ၊လက်ကမ်းစာစောင်များဝေခြင်းတွေ၊ ပန်းဖလက် များဝေခြင်းတွေအထူးပဲ ဆောင် ရွက်နိုင်ပါလိမ့်မယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ည(၂၂း၅၃)နာရီမှည(၂၃း၄၅)နာရီအတွင်း အတွင်းဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာ ဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရ ဂါထာများရွတ် ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများကြုံ လာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။

ဝါရမိတ္တုကြီးကျရောက်တဲ့နေ့ဖြစ်တာကြောင့် မင်္ဂလာယူ ပြီးလုပ်ရမဲ့ကိစ္စတွေအားလုံးရှောင်သင့်ပါတယ်။ လက်ထပ် ထိမ်းမြားခြင်း၊စေ့စပ်ခြင်းများ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊ မင်္ဂလာစကားပြောခြင်းများလဲ ရှောင်သင့်ပါ တယ်။

ရက်ပုပ်ကျတဲ့ရက် ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်းမရောက်ဘဲ မပြီးမသတ်ဖြစ် ရတတ်ပါ တယ်။ ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန်ရှောင်သင့်တဲ့နေ့ပါပဲ။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ ကန်စန်း၊ သိဟ်ရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများဟာ သူတစ်ပါး တွေနဲ့ ကွဲပြားတဲ့အတွေးအခေါ်ရှိကြသူတွေဖြစ်ပါတယ်။ ခရီးသွားရတာဝါသနာပါပြီးတော့ ခရီးသွားလုပ်ငန်းများနဲ့ စကားပြန်၊ဂိုက်အလုပ်များနဲ့အဆင်ပြေတတ်ပါတယ်။

ကျန်းမာရေးအညံ့အဆိုးနည်းပြီးတော့ တော်ရုံကူးစက်ရောဂါ လဲခုခံနိုင်တဲ့အင်အားရှိကြသူတွေဖြစ်ပါတယ်။ မွေးစကနေ ၁၅နှစ်အတွင်း အိုးအိမ်အပြောင်းအလဲ ကြုံရတတ်သလို ငယ်ရွယ်စဉ်ကာလတွေမှာလဲ မျက်စိထိခိုက်နိုင်တာမို့ ဖုန်း၊တီဗီအလွန်အကျွံကြည့်ခြင်းများ အထူးသတိပြုသင့်တယ်

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်(၀၇◌း၂၅) နာရီမှ မနက်(၈း၅၉)နာရီအတွင်း ကျရောက် နေပါတယ်။ဒီအချိန်ကာလအတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ်ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။

ဒီနေ့မှာ ကံကောင်းသောနေ့သားများ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ဒီနေ့မှာ အပြာရောင်တောက်တောက် နှင့် အစိမ်းရောင်ရင့်ရင့် များများပါသော အဝတ်အစားအသုံး အဆောင် ပစ္စည်းတွေကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင် ပါလိမ့်မည်။

ဒီနေ့မှာ၇ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၂)ဂဏန်း တွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ခရမ်းချဉ်သီးသုပ်စား သွားပါ။ပိုမိုအဆင် ပြေလွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘူးသီးကြော် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

၇ရက်သားသမီးအတွက် တစ်နေ့တာဟောစာတမ်းအကျဉ်း

တနင်္ဂနွေ

အလုပ်တွေနဲ့ အချိန်ကုန်ရတတ်ပါတယ်။ လူပင်ပန်းမယ်၊ ညောင်းညာကိုက်ခဲမယ်။ မိုးမိတတ်ပါတယ်။ အလုပ်ထဲ မှာတော့ စတာနောက်တာမျိုးရှောင်ပါ။ အရင်တုန်းကဘာ မှမဖြစ်ပေမဲ့ ဒီနေ့မှာတော့ စိတ်ဆိုးသွားတတ်လို့ပါပဲ။

အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့လဲ အောက်လက်ငယ် သားတွေကို ထိန်းရခက်တတ်ပါတယ်။ ခရီးတိုလေးတွေ မလိုအပ်ရင်မသွားတာပိုကောင်းပါတယ်။ ခရီးကပြန်လာ ရင်ဖျားနာတတ်လို့ပါပဲ။

အတွေးအခေါ်အယူအဆတွေက လွဲချော်နေတာများပါလိမ့်မယ်။ ငွေကြေးနဲ့ပတ်သက် သော ရစရာရှိတဲ့ကိစ္စတွေရလာတတ်ပါတယ်။ သတိထားရမှာ ကအပေါင်းအသင်းမှားတတ်ပါတယ်။

တနင်္လာ

ကိုယ်အတွက်မပူရဘဲ သားသမီးအတွက်ပူရ၊အောက် လက်ငယ်သားတွေအတွက်ပူရတာမျိုးတွေကြုံရတတ်ပါ တယ်။ အလုပ်ခွင်အတွင်း စိတ်နှစ်လို့မရဖြစ်တတ်ပါတယ်။ မိမိကိုယ်တိုင်ကလဲ စိတ်လေသလိုဖြစ်ရတတ်ပါတယ်။

အချစ်ရေးမှာလဲ ချစ်သူကမိမိကို သံသယတွေနဲ့စွပ်စွဲတာမျိုး တွေကြုံနေရတတ်ပါတယ်။ ခရီးတွေနဲ့ပတ်သက် ပြီးတော့လဲ အခက်အခဲအနည်းငယ်ရှိပါတယ်။ ကျန်းမာရေးအညံ့ နည်းပါတယ်။

ဒါပေမဲ့ စက်ပစ္စည်းတွေ ကိုင်တွယ် အသုံးပြုရသူများထိခိုက်ရှနာဖြစ်ရတတ်ပါတယ်။ငွေဝင်လာရင် အဖတ်တင်အောင်တစ်ခုခုလုပ်ထားပါ။ ငွေက ဆီလိုအပေါက် ရှာပြီး ထွက်သွားနိုင်တဲ့ကာလမို့ပါပဲ။

အင်္ဂါ

စိတ်ထဲလုပ်ချင်တာတွေကို လက်တွေ့လုပ်လို့မသင့်သေးပါ ဘူး။ကံကောင်းနေတာက စန်းပွင့်နေတတ်ပါတယ်။ လိင်မတူသူတွေဆီကအကူအညီတွေရလွယ်နေတတ်ပါတယ်။ အလုပ်ခွင်အတွင်း အလုပ်တွေများနေတတ် ပါတယ်။

အလုပ်တာဝန်တွေပိပြီး အခြားလူမှုရေးကိစ္စတွေလစ်ဟင်းရ တတ်တဲ့နေ့ရက်ပါပဲ။ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလဲ ကောင်းစွာဖြေရှင်းသွားနိုင်ပါလိမ့်မယ်။ ကျန်းမာရေးက တော့စိတ်မကြည်တာမျိုးတွေ၊ ခေါင်းမူးခေါင်းကိုက်ဖြစ်ရတာမျိုးတွေ ကြုံရတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး အများပိုင်ငွေကြောင့် ဒုက္ခရောက်ရတတ်ပါတယ်။ အသင်းအဖွဲ့ကငွေများ လက်ထဲမထားလိုက်ပါနဲ့။

ဗုဒ္ဓဟူး၊ရာဟု

မိတ်ဆွေတွေနဲ့ အတူတူလုပ်ကိုင်ဆောင်ရွက်တဲ့အလုပ်တွေ ကပိုမိုအောင်မြင်တတ်ပါတယ်။ကံကောင်းနေပေမဲ့ စိတ်ထားကလဲကောင်းဖို့လိုပါတယ်။ လုပ်ငန်းခွင်အတွင်းလုပ် ပိုင်ခွင့်ကို အလွဲသုံးစားမလုပ်မိပါစေနဲ့။ မိတ်ဆွေကောင်း၊သူငယ်ချင်းကောင်းတွေဆီကအကူအညီတွေရလာတတ် ပါတယ်။

အလှအပနဲ့ပတ်သက်ဆက် နွယ်သောအလုပ်တွေက ဒီနေ့မှပိုမိုအဆင်ပြေတတ်ပါတယ်။ မိမိကိုယ်တိုင်က စိတ်ကူးကောင်း၊အကြံဉာဏ် ကောင်းတွေရှိနေတတ်ပါတယ်။ကျန်းမာရေးအညံ့နည်းမဲ့နေ့ရက်ပါပဲ။စီးပွားရေးနယ်ပယ်မှာလက်ရှိအနေအထားထက်ပိုမို ချဲ့ထွင်နိုင်တဲ့နေ့ရက်ပါ။

ကြာသပတေး

အလုပ်ခွင်အတွင်း စိတ်ချမ်းသာစရာတွေကြုံရတတ်ပါတယ်။ ချစ်ရသူတွေဆီက တန်ဖိုးထားစရာလက်ဆောင် တွေရတတ်ပါတယ်။ အလှူအတန်းကိစ္စ၊ကယ်ဆယ်ရေးကိစ္စ၊ပရဟိတကိစ္စတွေမှာ ဝင်ရောက်ဆောင်ရွက် ပေးရတဲ့ နေ့ရက်ပါပဲ။

ကံကောင်းနေတာကြောင့် တရားနဲ့နေလေ၊မင်္ဂလာ ရှိအောင်နေလေ ပိုကံကောင်းလေ ပါပဲ။ ရွှေငွေ လက်ဝတ်ရတနာဝယ်မယ်ဆို ဒီနေ့ကသင့်တော်ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး ကြိုးစားထားတာတွေအရာ ထင် အောင်မြင်ပါလိမ့်မယ်။ မင်္ဂလာစကား၊လူမှုရေးစကားများပြောပေး သင့်တဲ့နေ့ရက်ပါပဲ။ ကျန်းမာရေးက တော့ ထင်ထားသည်ထက်ပိုမိုကောင်းမွန်နေပါလိမ့်မယ်။

သောကြာ

ပျော်စရာအချိန်တွေကိုဖြတ်သန်းရပါလိမ့်မယ်။ လိုချင်တဲ့ ငွေကြေးဓနဥစ္စာတွေရလွယ်သလို မိမိအတွက်ကောင်း တဲ့အခွင့်အလမ်းအခွင့်အရေးတွေပေါ်ပေါက်လာစေမဲ့နေ့ ရက်အချိန်အခါပါပဲ။ အလုပ်တွေပိုမိုအားစိုက်တာထက်၊ မိသားစုနှင့် ချစ်ရသူတွေကိုအချိန်ပေးလိုက်တာက အကောင်းဆုံးဖြစ်မဲ့နေ့ရက်ပါပဲ။

စိတ်လွတ်လက်လွတ်နဲ့ တာဝန်တွေကိုခဏမေ့ပြီး ပျော်ပျော်နေသင့်တဲ့နေ့ရက်ပါပဲ။ ဖခင်ဆီက လိုအပ်တဲ့အကူအညီတွေရလွယ်ပါတယ်။ ရေရှည်လုပ်ကိုင်ရသော၊ ရေရှည်တည်ဆောက်ယူရသော အလုပ်များအတွက်စတင်လုပ်ကိုင်ခြင်းမျိုး ဆောင်ရွက် သင့်တဲ့နေ့ရက်ပါပဲ။

စနေ

အရာရာစိတ်ကူးသစ်၊အတွေးသစ်နဲ့လုပ်ကိုင်သင့်ပါတယ်။ လမ်းဟောင်းမလိုက်ဘဲ လမ်းသစ်ထွင်ဆောင်ရွက်လေ ပိုမိုအဆင်ပြေလေပါပဲ။ ကံကောင်းနေတာတစ်ခုက မိမိအ ပေါ် ကောင်းတဲ့သူတွေကို ကျေးဇူးဆပ်ခွင့်ရ လာပါလိမ့် မယ်။

ကိုယ်ပိုင်စီးပွားများ အဆင်ပြေဖို့ လမ်းစကို ရောက်ရှိ နိုင်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ လိုတာထက်ပိုပြီးတော့ ခရီးတွေလဲသွားရတတ်ပါတယ်။တရားဓမ္မတွေကို လေ့လာ လိုက်စား သူများ အသိဉာဏ်ပွင့်လန်းမဲ့နေ့ရက်ပါပဲ။ ကာလ ရှည်ကြာ မအောင်မြင်ဘဲ လုပ်ကိုင်ဆောင်ရွက်ထား တဲ့ကိစ္စ တွေရှိရင်တော့ ပြန်အဆင်ပြေတတ်တဲ့ နေ့ရက်ပါ။ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)