ဗေဒင်

(18-1-2021 TO 24-1-2021) ထိ တစ်ပတ်စာ ခုနှစ်ရက် သားသမီး ကံကြမ္မာဟောကိန်း

တနင်္ဂနွေသားသမီး

ဘဝအတွက် ကြီးမားသော အပြောင်းအလဲများ ပြုလုပ်ရမည့် အချိန်ကာလပါ …။ကံကြမ္မာကောင်းတွေပြန်လည်ဦးမော့လာပါပြီ…

ရပ်တန့်နေသောလုပ်ငန်းများ ပြန်လည်လည်ပတ်လာပါလိမ့်မည် ။မိတ်ကောင်း ဆွေကောင်းများထံမှလည်း အကူအညီကောင်းများ ရရှိပါလိမ့်မည် ။

ခြေထောက် မတော်တဆ ထိခိုက်မိတတ်ပါသည်။အချစ်ရေးတွင်ဇွဲရှိရှိသာဆက်ကြိုးစားပါ အဆင်ပြေဖို့ အလွန်နီးစပ်နေပါပြီ။

ထီ ၂၀ ပါသော ထီထိုးပါ …..။ယတြာ အုန်းသီးတစ်လုံးကိုရေမျှောပြီး လိုရာဆုတောင်းပါ။

တနင်္လာသားသမီး

စိတ်ရောကိုယ်ပါ ပင်ပန်းနေရမည့်ကာလပါ …။အလုပ်အကိုင် အလွန်ရှုပ်ထွေးပြီး ဝင်ငွေပိုင်းဆိုင်ရာ ပင်ပန်းသလောက်မရတတ်ပါ ။

သားသမီးအတွက်လည်း စိုးရိမ်ပူပန်နေရတဲ့ကာလပါ ။အာရုံကြောအားနည်း၍ မကြာခဏသတိမေ့နေလိမ့်မည် ။ချစ်သူထံမှ

လက်ဆောင်ပစ္စည်း ရရှိပါလိမ့်မည်။ထီ ၇အစ ၅အဆုံး ထိုးပါ …။ယတြာ နေအိမ်ဘုရားတွင် ရွှေရင်အေး လှုဒါန်းပေးပါ။

အင်္ဂါသားသမီး

အိုးသစ်အိမ်သစ် နေရာထိုင်ခင်းအသစ် နေထိုင်ရပါမည် ။လက်အောက် ငယ်သားများနှင့်ပါတ်သက်၍ စိတ်သောက ဖြစ်စရာများ ကြုံရတတ်ပါသည်။

စာချူပ် စာတမ်းကိစ္စတွေအထူးသတိထားပါ။အမှားအယွင်းတွေဖြစ်နေတတ်ပါသည် ။အိပ်မပျော်ဖြစ်ပြီး မျက်စိကြောင်နေတတ်ပါသည် ။

ချစ်သူ မရှိသေးသူများ ချစ်သူ ရည်းစားရပါမည်။ထီ ၆အစ ၄အဆုံး ထိုးပါ ။ယတြာ ငါးစာ ကျွေးပေးပါ။

ဗုဒ္ဓဟူးသားသမီး

မိတ်ဆွေ ဆရာသမားများအပေါ်တွင် ပေးကမ်းကူညီလိုစိတ်များ ဖြစ်ပေါ်နေလိမ့်မည် ။ရာထူးတိုးခြင်း အလုပ်တွင်နေရာကောင်းရခြင်းများ ကြုံရပါလိမ့်မည် ။

ကျန်းမာရေး အနည်းငယ်ချူ ချာမည် ။မိမိထက် အသက်ငယ်သူနှင့် ချစ်သူ ရည်းစားဖြစ်လိမ့်မည်။ထီ ၆အစ ၅အဆုံး ထိုးပါ ။

ယတြာ လမ်းဘေးခလေးများအား ဖီးကြမ်းဌက်ပျောသီး ဒါနပြုလိုက်ပါ။

ကြာသာပတေးသားသမီး

အများအပေါ်တွင် စိတ်ကောင်းထား ကူညီတတ်မူကြောင့် မိမိအားလည်း အကူအညီပေးမည့်သူများ ပေါ်လာပါလိမ့်မည် ။

မိမိလုပ်ငန်းအတွက် စပ်တူရှယ်ယာလုပ်လိုသူများ ပေါ်ပေါက်လာပါလိမ့်မည် ။

ဝက်ခြံဘုများ မျက်နှာတွင်ထွက်လာပါလိမ့်မည် ။ခရီးထွက်ရင်း မိမိစိတ်ဝင်စားရမည့်သူကို စတင်တွေ့ရှိရမည့်ကာလပါ။

ထီ ၉အစ ၇အဆုံး ထိုးပါ ။ယတြာ နေအိမ်ဘုရားတွင်လက်ဖက်ထမင်းလှုပေးပါ။

သောကြာသားသမီး

အခြေအနေ အရပ်ရပ်ပေါ်တွင် နားလည်နိုင်မူ စွမ်းရည်မြင့်မားလာပါလိမ့်မည် ။စီမံကိန်းအသစ်များ ရေးဆွဲရခြင်း လုပ်ငန်းအသစ်များ လုပ်ကိုင်ဖို့ကြံစည်ရပါလိမ့်မည် ။

သဘောတူ လက်မှတ်စာချူပ်ရေးထိုးခြင်းများ သေချာစီစစ်ပြီးမှ လက်ခံပါ ။ကျန်းမာရေးချူ ချာပြီး မကြာခဏ အအေးမိနေလိမ့်မည် ။ချစ်သူရပ်ဝေး ခရီးထွက်ခွာလိမ့်မည်။

ထီ ၇အစ ၃အဆုံး ထိုးပါ ။ယတြာ သက်ကြီး ရွယ်အိုများအား ငွေကြေးလှုဒါန်းပေးပါ။

စနေသားသမီး

အဆင်မပြေ မရေရာသောအလုပ်များကို လုပ်ကိုင်မိနေလိမ့်မည် ။မိသားစု အတွင်းရေးအတွက် စိတ်ပူပန်မူများမည် ။

ငွေကြေးကိစ္စများတွင်ကြားဝင်အာမခံပေးတာမျိုး မလုပ်သင့်သော ကာလပါ ။

မကြာခဏ သတိမေ့ပြီး ပစ္စည်းများမေ့ကျန်နေတတ်မည် ။ချစ်သူရည်းစားများ ဘာမဟုတ်တဲ့ကိစ္စလေးကို ပုံကြီးချဲ့စကားများ ရတတ်ပါသည်။

ထီ ၆အစ ၅အဆုံး ထိုးပါ ။ယတြာ- မိတ်ဆွေတစ်ဦးအား အုန်းနို့ခေါက်ဆွဲ ဒါနပြုပေးလိုက်ပါ။

ကျော်ဘိုဘိုဟိန်း