ၾကားသိရသမွ်

ဘီးလင်းက အသက် ၆ နှစ်အရွယ် မောင်ကြယ်စင်မင်းနှင့် အသက် ၉ နှစ်အရွယ် မောင်မောင်ညီညီဇော်တို့နှစ်ဦးရဲ့ နောက်ဆုံးခရီး (ရုပ်/သံ)

ဘီးလင္း၊ ေရႊေရာင္ျပေက်းရြာအနီး စစ္တပ္က ပစ္THATလိုက္ေသာ အသက္ ၆ ႏွစ္အရြယ္ ေမာင္ၾကယ္စင္မင္းႏွင့္အသက္ ၉ ႏွစ္အရြယ္ ေမာင္ေမာင္ညီညီေဇာ္တို႔ႏွစ္ဦးကို သၿဂိဳလ္ၿပီးစီး ႐ုပ္/သံ

မတ္ ၃၀ မြန္ျပည္နယ္၊ ဘီးလင္းၿမိဳ႕နယ္၊ ေရႊေရာင္ျပေက်းရြာအနီးတြင္ ယမန္ေန႔ မတ္လ ၂၉ ရက္ေန႔ စစ္တပ္က အသက္ ၆ ႏွစ္အရြယ္ ေမာင္ၾကယ္စင္မင္းႏွင့္ အသက္ ၉ ႏွစ္အရြယ္ ေမာင္ညီညီေဇာ္တို႔ႏွစ္ဦးကို

ပစ္THATလိုက္ၿပီး ေမာင္ၾကယ္စင္မင္းႏွင့္ ေမာင္ညီညီေဇာ္တို႔၏ db မ်ားကို သထုံၿမိဳ႕နယ္ ေျမနီကုန္း သုႆာန္တြင္ ယေန႔ မြန္းလြဲ ၂ နာရီအခ်ိန္ သၿဂိဳလ္ၿပီးစီးၿပီျဖစ္သည္

မတ္လ ၂၉ ရက္ေန႔ ေန႔လယ္ပိုင္း စစ္ေကာင္စီတပ္မ်ားသည္ အေဝးေျပးကားလမ္းအတိုင္း စစ္ကားမ်ားျဖင့္ သြားလာေနစဥ္ ကားေပၚမွ ခရီးသည္တင္ကားမ်ားႏွင့္ အိမ္စီးကားမ်ားကို ရမ္းသမ္းပစ္ခတ္ေၾကာင္

ထိုသို႔ ပစ္ခတ္စဥ္ ကေလးငယ္မ်ားအပါအဝင္ လူအမ်ားစု လိုက္ပါလာေသာ ကားတစ္စီးကို ဘီးလင္းၿမိဳ႕နယ္၊ ေရႊေရာင္ျပေက်းရြာအနီး စစ္တပ္က ကားေပၚမွ ပစ္ခတ္သြားေၾကာင္း၊ ယင္းသို႔ ပစ္ခတ္မႈေၾကာင့္

သုံးဘီးေပၚတြင္လိုက္ပါေသာ အသက္ ၉ ႏွစ္အရြယ္ ေမာင္ညီညီေဇာ္သည္ ပြဲခ်င္းၿပီး TAY ဆုံး ခဲ့ၿပီး အသက္ ၆ ႏွစ္အရြယ္ ေမာင္ၾကယ္စင္မင္းမွာ ဆီးခုံထိမွန္၍ ေဆး႐ုံေရာက္ရွိၿပီးေနာက္ TAY ဆုံးသြား ေၾကာင္း သိရွိရသည္

ကားေပၚမွာ ကေလး ၅ ဦးပါတယ္ အဲဒါ မိသားစုေတြက ဘုန္းႀကီးေက်ာင္းသြားအၿပီး ျပန္လာတာ။ ေရႊေရာင္ျပဆီဆိုင္နားအေရာက္မွာ စစ္ကားက ရပ္ထားတယ္

ပစ္သံေတြၾကားေတာ့ ကေလးေတြနဲ႔ လူႀကီးေတြက ကားေပၚက ဆင္းၿပီး လမ္းေဘးမွာ ဝပ္ၾကတာ။

အဲဒါ ဝပ္ေနရင္း ေသနတ္သံၿငိမ္လို႔ ထလိုက္ေတာ့ စစ္တပ္က ကေလးအေဖကို လွမ္းပစ္တာ

အဲဒီမွာ ကေလးက ထိၿပီး ပြဲခ်င္းၿပီး ဆုံးတယ္ ေနာက္ကေလးတစ္ဦးကလည္း ဆီးခုံကို ထိတယ္။ ေဆး႐ုံေရာက္ၿပီးေတာ့ ဆုံးသြားတယ္။ ခြဲစိတ္ခန္းဝင္ေပမယ့္ မရေတာ့ဘူး ဟု ျဖစ္စဥ္ကို မ်က္ျမင္ေတြ႕ရသူက အေျခအေနကို ရွင္းျပသည္

သထုံၿမိဳ႕နယ္မွ ေဒသခံတစ္ဦးကလည္း အႀကီးေကာင္က က်ည္ထိတာ အခ်က္ေရမ်ားလို႔ သူ႔အေဖလက္ထဲမွာတင္ ပြဲခ်င္းၿပီးပဲ အငယ္ေကာင္ေလးက ဆီးခုံနားမွာ ထိတာ ေဆး ႐ုံေရာက္‌ေတာ့ဆုံးသြားတယ္ဟု ေျပာဆိုသည္ Crd- Khit Thit

ဘီးလင်း၊ ရွှေရောင်ပြကျေးရွာအနီး စစ်တပ်က ပစ်THATလိုက်သော အသက် ၆ နှစ်အရွယ် မောင်ကြယ်စင်မင်းနှင့်အသက် ၉ နှစ်အရွယ် မောင်မောင်ညီညီဇော်တို့နှစ်ဦးကို သဂြိုလ်ပြီးစီး ရုပ်/သံ

မတ် ၃၀ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီးတွင် ယမန်နေ့ မတ်လ ၂၉ ရက်နေ့ စစ်တပ်က အသက် ၆ နှစ်အရွယ် မောင်ကြယ်စင်မင်းနှင့် အသက် ၉ နှစ်အရွယ် မောင်ညီညီဇော်တို့နှစ်ဦးကို

ပစ်THATလိုက်ပြီး မောင်ကြယ်စင်မင်းနှင့် မောင်ညီညီဇော်တို့၏ db များကို သထုံမြို့နယ် မြေနီကုန်း သုဿာန်တွင် ယနေ့ မွန်းလွဲ ၂ နာရီအချိန် သဂြိုလ်ပြီးစီးပြီဖြစ်သည်

မတ်လ ၂၉ ရက်နေ့ နေ့လယ်ပိုင်း စစ်ကောင်စီတပ်များသည် အဝေးပြေးကားလမ်းအတိုင်း စစ်ကားများဖြင့် သွားလာနေစဉ် ကားပေါ်မှ ခရီးသည်တင်ကားများနှင့် အိမ်စီးကားများကို ရမ်းသမ်းပစ်ခတ်ကြောင်

ထိုသို့ ပစ်ခတ်စဉ် ကလေးငယ်များအပါအဝင် လူအများစု လိုက်ပါလာသော ကားတစ်စီးကို ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီး စစ်တပ်က ကားပေါ်မှ ပစ်ခတ်သွားကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့်

သုံးဘီးပေါ်တွင်လိုက်ပါသော အသက် ၉ နှစ်အရွယ် မောင်ညီညီဇော်သည် ပွဲချင်းပြီး TAY ဆုံး ခဲ့ပြီး အသက် ၆ နှစ်အရွယ် မောင်ကြယ်စင်မင်းမှာ ဆီးခုံထိမှန်၍ ဆေးရုံရောက်ရှိပြီးနောက် TAY ဆုံးသွား ကြောင်း သိရှိရသည်

ကားပေါ်မှာ ကလေး ၅ ဦးပါတယ် အဲဒါ မိသားစုတွေက ဘုန်းကြီးကျောင်းသွားအပြီး ပြန်လာတာ။ ရွှေရောင်ပြဆီဆိုင်နားအရောက်မှာ စစ်ကားက ရပ်ထားတယ်

ပစ်သံတွေကြားတော့ ကလေးတွေနဲ့ လူကြီးတွေက ကားပေါ်က ဆင်းပြီး လမ်းဘေးမှာ ဝပ်ကြတာ။

အဲဒါ ဝပ်နေရင်း သေနတ်သံငြိမ်လို့ ထလိုက်တော့ စစ်တပ်က ကလေးအဖေကို လှမ်းပစ်တာ

အဲဒီမှာ ကလေးက ထိပြီး ပွဲချင်းပြီး ဆုံးတယ် နောက်ကလေးတစ်ဦးကလည်း ဆီးခုံကို ထိတယ်။ ဆေးရုံရောက်ပြီးတော့ ဆုံးသွားတယ်။ ခွဲစိတ်ခန်းဝင်ပေမယ့် မရတော့ဘူး ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရသူက အခြေအနေကို ရှင်းပြသည်

သထုံမြို့နယ်မှ ဒေသခံတစ်ဦးကလည်း အကြီးကောင်က ကျည်ထိတာ အချက်ရေများလို့ သူ့အဖေလက်ထဲမှာတင် ပွဲချင်းပြီးပဲ အငယ်ကောင်လေးက ဆီးခုံနားမှာ ထိတာ ဆေး ရုံရောက်‌တော့ဆုံးသွားတယ်ဟု ပြောဆိုသည် Crd- Khit Thit