ပင်လယ်ထဲတွင် ငါးဖမ်းသွားဖို့ရာအတွက် လှော်တက်မရှိတဲ့အတွက် လက်နှစ်ဖက်ဖြင့် တစ်နာရီကျော်ကြာ လှော်ခပ်ခဲ့ပြီး ဝင်ငွေရှာနေသော အသက်၁၃နှစ်အရွယ် ကောင်လေး
ဖိလစ်ပိုင်နိုင်ငံ ပင်လယ်ကမ်းစပ်ဒေသတွင် နေထိုင်သော အသက်၁၃နှစ်အရွယ် ကောင်လေးတစ်ဦးသည် အဖိုးအဖွား လက်ထဲတွင် ကြီးပြင်းလာရစဥ် မလုပ်နိုင်မကိုင်သည့်အခါ စားဝတ်နေရေးအတွက် ဝင်ငွေထွက်ရှာခဲ့သည်။
ကောင်လေးသည် ကျောင်းပိတ်ရက်တိုင်း ပင်လယ်ထဲတွင် စက်လှေနဲငါးဖမ်းသည့်လုပ်ငန်းခွင်တစ်ခုမှာ ဝင်လုပ်ရန်အတွက် မနက်အစေထကာ ဖော့ဖာနှင့်အတူ.. ပျဥ်ပြားနဲ့ပြုလုပ်ထားသည့် ဖောင်ငယ်လေးကို လှော်တက်မရှိသော်လည်း လက်သေးသေးလေးနှစ်ဖက်နဲ့ လှော်ခပ်ကာ အလုပ်ထဲသို့ အရောက်သွားခဲ့သည်
ကောင်လေးသည် လှေကို လက်လေးနဲ့ပဲ တစ်နာရီကြာသည်ထိ လှော်ခပ်ရ၍ နောက်ကျောများပင် အရမ်းညောင်းညာခဲ့သော်လည်း အနားယူခြင်းမရှိပဲ စက်လှေပေါ်တွင် အခြားသော အမျိုးသားကြီးတွေနှင့်အတူ ပိုက်ကွန်ထဲတွင်ပါလာသော ငါးလေးတွေကို ဖယ်ရှားပေးခဲ့သည်
ကောင်လေးခမျာ ကြိုးစားပမ်းစား အရွယ်နှင့်မလိုက်အောင် ငါးဖမ်းလုပ်ငန်းတွင် ဝင်လုပ်ခဲ့ပေမယ့် လစာဆိုပြီးမရခဲ့ပဲ သူတို့ဖယ်ချန်ထားတဲ့ ငါးအသေးအဖွဲလေးတွေကိုသာ အိမ်ယူပြန်ခွင့်ရခဲ့ပြီး ကောင်လေးမှ ထိုငါးတွေကို စျေးထဲသို့ တဆင့်ပြန်လည်ရောင်းချခဲ့ရသည်။
ကောင်လေးသည် ရသည့်ငွေလေးနှင့် တီဘီရောဂါသည် အဖိုးဖြစ်သူရဲ့ ဆေးဝါးအတွက် သုံးခဲ့ပြီး.. စားဝတ်နေရေးအတွက် ထောက်ပံ့ပေးနေခြင်းဖြင့် အလွန်လေးစားချီးကျူးဖွယ်ကောင်းလှသည်။
Zawgyi
ပင္လယ္ထဲတြင္ ငါးဖမ္းသြားဖို႔ရာအတြက္ ေလွာ္တက္မရွိတဲ့အတြက္ လက္ႏွစ္ဖက္ျဖင့္ တစ္နာရီေက်ာ္ၾကာ ေလွာ္ခပ္ခဲ့ၿပီး ဝင္ေငြရွာေနေသာ အသက္၁၃ႏွစ္အ႐ြယ္ ေကာင္ေလး
ဖိလစ္ပိုင္ႏိုင္ငံ ပင္လယ္ကမ္းစပ္ေဒသတြင္ ေနထိုင္ေသာ အသက္၁၃ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ဦးသည္ အဖိုးအဖြား လက္ထဲတြင္ ႀကီးျပင္းလာရစဥ္ မလုပ္ႏိုင္မကိုင္သည့္အခါ စားဝတ္ေနေရးအတြက္ ဝင္ေငြထြက္ရွာခဲ့သည္။
ေကာင္ေလးသည္ ေက်ာင္းပိတ္ရက္တိုင္း ပင္လယ္ထဲတြင္ စက္ေလွနဲငါးဖမ္းသည့္လုပ္ငန္းခြင္တစ္ခုမွာ ဝင္လုပ္ရန္အတြက္ မနက္အေစထကာ ေဖာ့ဖာႏွင့္အတူ ပ်ဥ္ျပားနဲ႔ျပဳလုပ္ထားသည့္ ေဖာင္ငယ္ေလးကို ေလွာ္တက္မရွိေသာ္လည္း လက္ေသးေသးေလးႏွစ္ဖက္နဲ႔ ေလွာ္ခပ္ကာ အလုပ္ထဲသို႔ အေရာက္သြားခဲ့သည္။
ေကာင္ေလးသည္ ေလွကို လက္ေလးနဲ႔ပဲ တစ္နာရီၾကာသည္ထိ ေလွာ္ခပ္ရ၍ ေနာက္ေက်ာမ်ားပင္ အရမ္းေညာင္းညာခဲ့ေသာ္လည္း အနားယူျခင္းမရွိပဲ စက္ေလွေပၚတြင္ အျခားေသာ အမ်ိဳးသားႀကီးေတြႏွင့္အတူ ပိုက္ကြန္ထဲတြင္ပါလာေသာ ငါးေလးေတြကို ဖယ္ရွားေပးခဲ့သည္။
ေကာင္ေလးခမ်ာ ႀကိဳးစားပမ္းစား အ႐ြယ္ႏွင့္မလိုက္ေအာင္ ငါးဖမ္းလုပ္ငန္းတြင္ ဝင္လုပ္ခဲ့ေပမယ့္ လစာဆိုၿပီးမရခဲ့ပဲ သူတို႔ဖယ္ခ်န္ထားတဲ့ ငါးအေသးအဖြဲေလးေတြကိုသာ အိမ္ယူျပန္ခြင့္ရခဲ့ၿပီး ေကာင္ေလးမွ ထိုငါးေတြကို ေစ်းထဲသို႔ တဆင့္ျပန္လည္ေရာင္းခ်ခဲ့ရသည္။
ေကာင္ေလးသည္ ရသည့္ေငြေလးႏွင့္ တီဘီေရာဂါသည္ အဖိုးျဖစ္သူရဲ႕ ေဆးဝါးအတြက္ သုံးခဲ့ၿပီး စားဝတ္ေနေရးအတြက္ ေထာက္ပံ့ေပးေနျခင္းျဖင့္ အလြန္ေလးစားခ်ီးက်ဴးဖြယ္ေကာင္းလွသည္။