လူတိုင်းကတော့ အချိန်တန်ရင် အိုကြရသူတွေပဲမို့ ကိုယ့်ရဲ့ မိ ဘ ၊သက်ကြီး အဖိုးအဖွားတွေကို အိုမင်း မသန်စွမ်းလို့ ဆိုတဲ့ အကြောင်းတရားမျိုးစုံနဲ့ ဥပေက္ခာ မပြုသင့်ပါဘူး
သက်ကြီးရွယ်အိုတွေဆိုတာ ဒီလို အချိန်တွေမှာ အရမ်းကို အာ းငယ်တတ်လို့ သားသမီး ၊မြေးတွေရဲ့ ဂရုစိုက်မှု ၊ ကြင်နာယု ယမှုတွေကို မက်မက်မောမော တောင့်တတ်ကြပါတယ် ။
ဒီလို သက်ကြီးအဖိုးအဖွားတွေကို ပြုစုစောင့်ရှောက်ပေးရတာလည်း ကုသိုလ်တစ်ပါးပဲ မဟုတ်လား ။
တစ်ချို့သော သူတွေကြတော့လည်း ဒီလို အဖိုးအဖွားတွေကို အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်လာတာတွေ လုပ်လာတာ တွေ့ရပါတယ် ။
မနေ့ညကဆိုရင်လည်း ညကြီး အချိန်မတော် မန္တလေးမြို့ 55 လမ်း 123 လမ်းဒေါင့်မှာ အသက် (၈၀) အရွယ် အဖွားတစ်ဦးကို အိမ်က လာရောက်စွန့်ပစ်ခဲ့တယ်လို့ အနီးပတ်ဝန်းကျင်က သူတွေပြောပြချက်အရ သိရပါတယ် ။
ဒီလို အစစအရာရာ အန္တရာယ်ရှိနေတဲ့ ကာလကြီးမှာ အဖွားခ မျာ အထုပ်လေးကိုင်ပြီး ငူငူငေါင်ငေါင်ရပ်နေရှာတာ ပုံတွေကြ ည့်ပြီး တကယ်ကို စိတ်ပူပန် သနားမိတာ အမှန်ပါပဲ ။
ဒီလို အဖွားစွန့်ပစ်ခံရတဲ့ အကြောင်းကို ပြည်သူတွေကလည်း အွန်လိုင်းကနေတစ်ဆင့် ကူညီသူတွေသိအောင် ဝိုင်းရှယ်ပေးကြတာတွေ့ရပါတယ် ။
ခဏကြာတော့ ဆရာတော်တစ်ပါးရောက်လာပြီး အဖွားကို လာရောက်ခေါ်ယူခဲ့ပေမယ့် အဖွားက ဘယ်လိုပြောပြော မလိုက်ဘူ းပဲ ငြင်းနေတယ်လို့ ဆရာတော်ကပြောကြားထားတာတွေ့ရပါတယ် ။
ဒီသတင်းလေးဖတ်ပြီး တကယ်ကို စိတ်မကောင်းဖြစ်မိတာ အ မှန်ပါပဲ ။ အဖွားရဲ့ သတင်းလေးကို ပြန်လည်ဖော်ပြပေးရင်း အမြန်အဆင်ပြေပါစေ ဆုတောင်းပေးလိုက်ပါတယ် ။
Credit
zawgyi
လူတိုင္းကေတာ့ အခ်ိန္တန္ရင္ အိုၾကရသူေတြပဲမို႔ ကိုယ့္ရဲ႕ မိ ဘ ၊သက္ႀကီး အဖိုးအဖြားေတြကို အိုမင္း မသန္စြမ္းလို႔ ဆိုတဲ့ အေၾကာင္းတရားမ်ိဳးစုံနဲ႔ ဥေပကၡာ မျပဳသင့္ပါဘူး ။
သက္ႀကီး႐ြယ္အိုေတြဆိုတာ ဒီလို အခ်ိန္ေတြမွာ အရမ္းကို အာ းငယ္တတ္လို႔ သားသမီး ၊ေျမးေတြရဲ႕ ဂ႐ုစိုက္မႈ ၊ ၾကင္နာယု ယမႈေတြကို မက္မက္ေမာေမာ ေတာင့္တတ္ၾကပါတယ္ ။
ဒီလို သက္ႀကီးအဖိုးအဖြားေတြကို ျပဳစုေစာင့္ေရွာက္ေပးရတာလည္း ကုသိုလ္တစ္ပါးပဲ မဟုတ္လား ။
တစ္ခ်ိဳ႕ေသာ သူေတြၾကေတာ့လည္း ဒီလို အဖိုးအဖြားေတြကို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စြန႔္ပစ္လာတာေတြ လုပ္လာတာ ေတြ႕ရပါတယ္
မေန႔ညကဆိုရင္လည္း ညႀကီး အခ်ိန္မေတာ္ မႏၲေလးၿမိဳ႕ 55 လမ္း 123 လမ္းေဒါင့္မွာ အသက္ (၈၀) အ႐ြယ္ အဖြားတစ္ဦးကို အိမ္က လာေရာက္စြန႔္ပစ္ခဲ့တယ္လို႔ အနီးပတ္ဝန္းက်င္က သူေတြေျပာျပခ်က္အရ သိရပါတယ္ ။
ဒီလို အစစအရာရာ အႏၲရာယ္ရွိေနတဲ့ ကာလႀကီးမွာ အဖြားခ မ်ာ အထုပ္ေလးကိုင္ၿပီး ငူငူေငါင္ေငါင္ရပ္ေနရွာတာ ပုံေတြၾက ည့္ၿပီး တကယ္ကို စိတ္ပူပန္ သနားမိတာ အမွန္ပါပဲ ။
ဒီလို အဖြားစြန႔္ပစ္ခံရတဲ့ အေၾကာင္းကို ျပည္သူေတြကလည္း အြန္လိုင္းကေနတစ္ဆင့္ ကူညီသူေတြသိေအာင္ ဝိုင္းရွယ္ေပးၾကတာေတြ႕ရပါတယ္ ။
ခဏၾကာေတာ့ ဆရာေတာ္တစ္ပါးေရာက္လာၿပီး အဖြားကို လာေရာက္ေခၚယူခဲ့ေပမယ့္ အဖြားက ဘယ္လိုေျပာေျပာ မလိုက္ဘူ းပဲ ျငင္းေနတယ္လို႔ ဆရာေတာ္ကေျပာၾကားထားတာေတြ႕ရပါတယ္ ။
ဒီသတင္းေလးဖတ္ၿပီး တကယ္ကို စိတ္မေကာင္းျဖစ္မိတာ အ မွန္ပါပဲ ။ အဖြားရဲ႕ သတင္းေလးကို ျပန္လည္ေဖာ္ျပေပးရင္း အျမန္အဆင္ေျပပါေစ ဆုေတာင္းေပးလိုက္ပါတယ္ ။
Credit