❝ ဒီလူ(၆)ယောက်နဲ့တွေ့ရင် တစ်သက်လုံးပေါင်းပါ ❞
(၁) သင့်ကိုငွေချေးပေးသူ
ငွေတစ်ပြားတစ်ကျပ်တိုင်းဟာ
သွေးနဲ့ချွေးနဲ့ရင်းခဲ့တာပါ။တန်ဖိုးထားပါ။
(၂) သင့်ကို ပစ္စည်းရက်ရက်ရောရောပေးတတ်သူ
ပစ္စည်းပေါလွန်းလို့တော့ မဟုတ်ဘူး။
ပေးကမ်းစွန့်ကြဲတတ်သူမို့ပါ။
(၃) အတူတူအလုပ်လုပ်တဲ့အချိန်မှာ
သင့်ကို ဦးစားပေးတတ်သူ
“အ”လို့တော့မဟုတ်ဘူး။
မျှဝေခံစားတတ်လို့ပါ။
(၄) အလုပ်လုပ်ချိန်မှာ ပိုလုပ်တတ်သူ
နုံအ လို့တော့မဟုတ်ဘူး။
တာ၀န်သိတတ်သူမို့လို့ပါ။
(၅) ဘေလ်ကို အရင်ရှင်းတတ်သူ
ငွေပေါနေလို့မဟုတ်ဘူး။
ခင်မင်ရင်းနှီးမှုကို ငွေထက် တန်ဖိုးထားတတ်လို့ပါ။
(၆) သင့်ကို ကူညီတတ်သူ
သင့်ကို အောက်ကျခံ နေလို့မဟုတ်ဘူး။
သင့်ကို သူငယ်ချင်းအရင်းလို သတ်မှတ်လို့ပါ။
ဒီလို သူငယ်ချင်းမျိုး သင့်မှာရှိနေပြီဆိုရင် ဘယ်တော့မှ လက်လွတ်မခံပါနဲ့။
အချစ်ဆုံးသူငယ်ချင်း ညီအမအရင်း ညီအကိုအရင်းတွေအဖြစ် ပေါင်းသင်းလိုက်ပါ။