တ်ပြခြင်းဖြစ်ပါတယ်
credit
unicode
မြွေအိပ်မက်နိမိတ်နှင့်သင့်ဘဝအဆိုးအကောင်း
၁။မြွေကိုကြောက်ပြီးထွက်ပြေးတယ်လို့အိပ်မက်မက်တဲ့အခါအိပ်မက်ထဲမှာမြွေကကိုယ့်ကိုကိုက်တော့မယ့်ပုံစံပေါက်တော့မယ့်ပုံစံနဲ့လိုက်လာလို့ကြာက်လန့်တကြားထွက်ပြေးရတယ်လို့
အိပ်မက်မြင်မက်တယ်ဆိုရင်သင့်ထံသို့ကံမကောင်းတဲ့ကိစ္စရပ်တစ်ခုမကြာခင်ရောက်ရှိလာတော့မှာလို့ဆိုလိုခြင်းဖြစ်ပါတယ်
၂။မြွေနဲ့တရင်းတနှီးကစားနေရတယ်လို့မြင်မက်လျှင်သင်ဟာပြင်ပမှာတော့မြွေကိုသေမလိုကြောက်ပေမယ့်အိပ်မက်ထဲမှာ
မြွေနဲ့ရင်းနှီးကျွမ်းဝင်စွာကစားနေတယ်လို့မြင်မက်တယ်ဆိုရင်သင်ရင်ဆိုင်ဖြေရှင်းနေရတဲ့ပြဿနာတွေရဲ့အရင်းအမြစ်ကိုရှာတွေ့ပြီးမကြာခင်ဖြေရှင်းနိုင်တော့မှာဖြစ်ပါတယ်
၃။မြွေအရေခွံလဲတာကိုသင်ကိုယ်တိုင်မြင်တွေ့ရတယ်လို့မြင်မက်
လျှင်အိပ်မက်ထဲမှာမြွေတစ်ကောင်အရေခွံလဲနေတာကိုသင့်မျက်စိရှေ့မှာမျက်ဝါးထင်ထင်မြင်တွေ့ရတယ်ဆိုရင်မကြာခင်အချိန်
မှာသင့်ထံသို့ကောင်းသောဘဝတစ်ဆစ်ချိုးပြောင်းလဲမှုတွေရောက်လာတော့မယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်
၄။မြွေကိုသတ်ရတယ်လို့အိပ်မက်မြင်မက်လျှင်အိပ်မက်ထဲမှာသင်ကိုယ်တိုင်မြွေကိုသတ်လိုက်ရတယ်လို့အိပ်မက်မြင်မက်လျှင်သင့်ဘဝမှာကြုံတွေ့နေရတဲ့
အခက်အခဲဆုံးပြဿနာတွေကိုယုံကြည်ချက်အပြည့်နဲ့ကျော်လွှားနိုင်မှာဖြစ်ပြီးသူမတူတဲ့အောင်မြင်မှုမျိုးရရှိတော့မှာဖြစ်ကြောင်းနိမိတ်ပြခြင်းဖြစ်ပါတယ်
၅။မြွေကသင်ဘယ်သွားသွားနောက်ကလိုက်လာတယ်လို့မြင်မက်တဲ့အခါသင့်မှာငိုစရာဝမ်းနည်းစရာကိစ္စရပ်တစ်ခုဖြစ်ပေါ်လာတော့မယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်
၆။မြွေကိုက်ခံရတယ်လို့အိပ်မက်မြင်မက်လျှင်အိပ်မက်ထဲမှာသင့်ကိုမြွေတစ်ကောင်ကပြင်းပြင်းထန်ထန်လိုက်ကိုက်ပြီးသင်ဒဏ်ရာရသွားတယ်လို့မြင်မက်တယ်ဆိုရင်ဘယ်လိုမှရှောင်လွဲလို့မရတော့တဲ့ပြဿနာအကြီးကြီးပေါ်လာတော့မှာ
ဖြစ်ပါတယ်ဒီလိုအိပ်မက်မျိုးမြင်မက်ပြီးပြီဆိုရင်မပေါ့ဆသင့်ဘဲသတိကြီးစွာနေထိုင်သင့်ပါတယ်
၇။မြွေအချင်းချင်းရန်ဖြစ်နေတာကိုအိပ်မက်မြင်မက်လျှင် မြွေအချင်းချင်းရန်သတ်နေတာကိုမြင်မက်တယ်ဆိုရင်သင်ပေါင်းသင်းနေတဲ့မိတ်ဆွေ
အပေါင်းအသင်းတွေထဲမှာသင့်ကိုမလိုမုန်းထားသူရှိနေပြီလို့ဆိုလိုခြင်းပဲဖြစ်ပါတယ်မြွေနိမိတ်လေးကိုဖတ်ပြီးတာနဲ့ပိုစ့်ကိုရှဲပါ
မိမိဖတ်မိလိုက်တဲ့အချိန်နာရီလေးကို မန့်ပါထိုနေ့အတွက်ဂဏန်းလေးများကိုမိမိအတွက်ကံကောင်းစေတဲ့ဂဏန်းလာဘ်ခေါ်တဲ့
ဂဏန်းလေးများအဖြစ်အသုံးချလိုက်ပါ
credit