ၾကားသိရသမွ်

လိုင်းပေါ်ကချစ်သူကို ယုံစားမိလို့ အဖြစ်ဆိုးခဲ့ရတဲ့ အသက်(၂၀)အရွယ် ကောင်မလေးရဲ့အဖြစ်အပျက်…

zawgyi









unicode

လိုင်းပေါ်ကချစ်သူကိုယုံပြီး အိမ်ပေါ်ကဆင်းလာခဲ့ရာ ကောင်လေးက တစ်လဘဲပေါင်းပြီး မောင်းထုတ်ခဲ့လို့ လမ်းဘေးတွင်နေထိုင်ခဲ့ရသည့် အသက်၂၀ အရွယ်ကောင်မလေး။

Guangdong ပြည်နယ် Foshan ရှိ လမ်းဘေးခုံလေးတစ်ခုပေါ်တွင် ငယ်ရွယ်သေးသော ကောင်မလေးတစ်ယောက်က အိပ်နေတာကိုတွေ့ခဲ့ရပါတယ်။
ထို့ကြောင့် Sohu ဆိုသည့်အမျိုးသမီးကို အခြေအနေကို သွားရောက်မေးမြန်းခဲ့ရာမှ သိရှိခဲ့ရပါတယ်။

ကောင်မလေးဟာ အသက်၂၀ အရွယ်သာရှိသေးပြီး လိုင်းပေါ်တွင် ချစ်ကြိုက်မိခဲ့သော ကောင်လေးကိုယုံကြည်ပြီး သူ၏မိဘနေအိမ်မှထွက်လာခဲ့တာ ဘဝတစ်ခုထူထောင်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း သူ၏ချစ်သူကောင်လေးဟာ တစ်လအထိပေါင်းသင်းနေထိုင်ပြီးသောအခါ စိတ်ကုန်လာခဲ့ပြီး ကောင်မလေးကို မောင်းထုတ်ခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့် ကောင်မလေးဟာ အဝတ်ထုပ်လေးကိုဆွဲပြီး ကောင်လေးထံမှ ထွက်ခွာလာခဲ့ကာ နေအိမ်သို့လည်း မပြန်ရဲတော့သဖြင့် လမ်းဘေးတွင် အိပ်စက်နေထိုင်ခဲ့တာဟုသိရပါတယ်။

စာဖတ်ပရိတ်သက်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ ညီမလေးတွေလဲ လိုင်းပေါ်ကလူတိုင်းကိုယုံပြီး ခုလိုမျိုးမလုပ်ပါနဲ့နော်။ အခြေအနေကိုသေချာစဉ်းစားပြီးမှ ဆုံဖြတ်ကြပါနော်။

မူရင်းရေးသားသူကို လေးစားစွာ credit ပေးပါသည်။