ၾကားသိရသမွ်

KBZ ဘဏ္ က်ပ္သိန္းႏွစ္ေထာင္ေက်ာ္ ဓါးျပတိုက္ခံရ

ေတာင္ဥကၠလာ KBZ ဘဏ္ က်ပ္သိန္းႏွစ္ေထာင္ေက်ာ္ ဓါးျပတိုက္ခံရ

ရန္ကုန္တိုင္း၊ ေတာင္ဥကၠလာပၿမိဳနယ္၊ သံသုမာလမ္းမေပၚရွိ ကေမာၻဇဘဏ္ ယေန႔ဧၿပီလ(၆)ရက္၊ ေန႔လည္(၂)နာရီဝန္းက်င္က ဓားျပတိုက္ခံရၿပီး ေငြက်ပ္သိန္းႏွစ္ေထာင္ေက်ာ္ပါသြား‌ေၾကာင္း ေဒသခံမ်ားက ေျပာ သည္။

၎ဘဏ္ကို အမ်ိဳးသား(၄)ဦးက ကားတစ္စီးႏွင့္ေရာက္လာၿပီး ဘဏ္လုံၿခဳံေရးဝန္ထမ္းႏွစ္ဦးကို က်င္စက္ျဖင့္တိုကာ၊ ေသနတ္ျပ၍ ေငြသိန္းႏွစ္ေထာင္ေက်ာ္ကို ယူသြားျခင္းျဖစ္ေၾကာင္း သိရသည္။

“အခုေတာင္ဥကၠလာ တံတားႏွစ္စင္းလုံးကို ပိတ္ၿပီးအစစ္အေဆးေတြၾကမ္းေနတယ္။

ၿမိဳနယ္အဝင္အထြက္လမ္း‌ေတြကို စစ္ေခြး၊ ရဲေခြး‌ေတြ ပိတ္ဆိုစစ္ေဆးေနတယ္။”ဟု ေဒသခံတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

အေသးစိတ္အခ်က္အလက္ကို တာခ်ီလိတ္သတင္းေအဂ်င္စီက ထပ္မံစုံစမ္းေနပါသည္။

ယခုတစ္ႀကိမ္ ဓားျပတိုက္မႈအပါအဝင္ KBZ ဘဏ္မ်ား ဓားျပတိုက္ခံရမႈမွာ (၅)ႀကိမ္ရွိၿပီျဖစ္ကာ တစ္ႀကိမ္လွ်င္ သိန္းႏွစ္ေထာင္ေက်ာ္အထိ ဓားျပတိုက္ခံေနရျခင္းျဖစ္သည္။

TachileikNewsAgency

တောင်ဥက္ကလာ KBZ ဘဏ် ကျပ်သိန်းနှစ်ထောင်ကျော် ဓါးပြတိုက်ခံရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြိုနယ်၊ သံသုမာလမ်းမပေါ်ရှိ ကမ္ဘောဇဘဏ် ယနေ့ဧပြီလ(၆)ရက်၊ နေ့လည်(၂)နာရီဝန်းကျင်က ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်းနှစ်ထောင်ကျော်ပါသွား‌ကြောင်း ဒေသခံများက ပြော သည်။

၎င်းဘဏ်ကို အမျိုးသား(၄)ဦးက ကားတစ်စီးနှင့်ရောက်လာပြီး ဘဏ်လုံခြုံရေးဝန်ထမ်းနှစ်ဦးကို ကျင်စက်ဖြင့်တိုကာ၊ သေနတ်ပြ၍ ငွေသိန်းနှစ်ထောင်ကျော်ကို ယူသွားခြင်းဖြစ်ကြောင်း သိရသည်။

“အခုတောင်ဥက္ကလာ တံတားနှစ်စင်းလုံးကို ပိတ်ပြီးအစစ်အဆေးတွေကြမ်းနေတယ်။

မြိုနယ်အဝင်အထွက်လမ်း‌တွေကို စစ်ခွေး၊ ရဲခွေး‌တွေ ပိတ်ဆိုစစ်ဆေးနေတယ်။”ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

အသေးစိတ်အချက်အလက်ကို တာချီလိတ်သတင်းအေဂျင်စီက ထပ်မံစုံစမ်းနေပါသည်။

ယခုတစ်ကြိမ် ဓားပြတိုက်မှုအပါအဝင် KBZ ဘဏ်များ ဓားပြတိုက်ခံရမှုမှာ (၅)ကြိမ်ရှိပြီဖြစ်ကာ တစ်ကြိမ်လျှင် သိန်းနှစ်ထောင်ကျော်အထိ ဓားပြတိုက်ခံနေရခြင်းဖြစ်သည်။

TachileikNewsAgency