လက်ထပ်ထိမ်းမြားမှု အကြိမ်ရေ အများဆုံး စံချိန်တင်ထားသူ
၁၉၀၈ ခုနှစ် ဇူလိုင်လ ၂၅ ရက်တွင် မွေးဖွားပြီး ကယ်လီဖိုးနီးယား ပြည်နယ် Blythe တွင် နေထိုင်သော နှစ်ခြင်းခရစ်ယာန် ဓမ္မအမှုဆောင်တစ်ဦး ဖြစ်သူ Glynn Wolfe (ခ) Scotty Wolfe သည် လက်ထပ် ထိမ်းမြားမှု အကြိမ်ရေ အများဆုံး စံချိန်တင်ထားသူအဖြစ် ကျော်ကြားသည်။
လက်ထပ်မှု အကြိမ်ရေ စုစုပေါင်း ၃၁ ကြိမ် ရှိခဲ့ပြီး အတိုဆုံး အိမ်ထောင်သက်တမ်း ၁၉ ရက် နှင့် အရှည်ဆုံး အိမ်ထောင်သက် ဆယ့်တစ်နှစ် ကြာသည်အထိ ရှိခဲ့သည်။
လက်ထပ်ခဲ့သည့် ၃၁ ကြိမ်ထဲမှ ၃ ကြိမ်သည် သူကွာရှင်းပြီးသား မယားဟောင်း များကို ပြန်လည် လက်ထပ်ခြင်းဖြစ်သည်။ (လေးစား :D)
သူသည် မုဆိုးဖို ၅ ကြိမ် ဖြစ်ခဲ့ဖူးသည် ။
Scotty Wolfe ၏ အရှည်ကြာဆုံးအိမ်ထောင်ဖက်မှာ ၂၈ ကြိမ်မြောက် လက်ထပ်သူ ခရစ္စတင်း ကာမာချို ဖြစ်ပြီး သူ့အောက် ၃၇ နှစ် ငယ်ရွယ်သူ ဖြစ်သည်။
သို့သော် ကံ အကြောင်း မလှသဖြင့် ကွဲကွာသွားကာ နောက်ထပ် သုံးကြိမ်တိုင် လက်ထပ်ခဲ့ရသေးသည်။ 😀
Wolfe၏ နောက်ဆုံးအကြိမ် လက်ထပ်မှုမှာ စိတ်ဝင်စားဖွယ်ကောင်း၏။
Wolfe သည် နောက်ဆုံးအနေဖြင့် ကမ္ဘာ့ လင်အများဆုံး စာရင်းဝင် စံချိန်ကို ရရှိထားသူ Linda Wolfe (ခ) (Taylor) နှင့် နောက်ဆုံး လက်ထပ်ခဲ့လေသည်။ (Good :P)
သို့သော် ပေါင်းသင်းချိန်မှာ တစ်ပတ်ခန့်သာ ကြာမြင့်ပါ၏ ။ (သူမသည် ၂၃ ကြိမ် ထိ ယောကျ်ားယူခဲ့ဖူးသူ ဖြစ်သည်။ )
(ဒီတစ်ကြိမ် လက်ထပ်တာကတော့ သူတို့ တကယ် ချစ်ခင်နှစ်သက်လို့ လက်ထပ်တာမျိုး မဟုတ်ပဲ ထင်ပေါ်ကျော်ကြားအောင် စတန့်ထွင်တာမျိုးသာ ဖြစ်သည်။)
အဘယ့်ကြောင့်ဆိုသော် သူတို့လက်ထပ်ပြီး တစ်ပတ်အကြာမှာပဲ တေလာ လေးဟာ သူ့ဇာတိမြေ အင်ဒီယားနားကို ပြန်သွားခဲ့သည် ။
သို့သော် သူ့ယောကျ်ားနာမည် wolfe ကိုတော့ နာမည်နောက်မှာ ဆက်လက် ခေါ်ဝေါ်သုံးစွဲခဲ့ပါသည်။
(ဆရာကြီး) Wolfe ဟာ သူ့အသက် 89 နှစ်မြောက် မွေးနေ့မတိုင်မီ 45 ရက် အလိုတွင်ကယ်လီဖိုးနီးယားပြည်နယ် Redlands ၌ လူ့ပြည်ညီး၍ နတ်ထီးစံခဲ့ပါသည်။
တရားဝင် သားသမီး ၄၀ လောက်ထွန်းကားခဲ့သော် လည်း သူ တရားဝင် လက်ထပ်ခဲ့တဲ့ အမျိုးသမီး ၂၉ ယောက်ရော ၊ သူ့သားသမီးတွေ (တစ်ယောက်က လွဲလို့) ရော အကုန် တစ်ယောက်မှ သူ့ဈာပန အခမ်းအနား မတက်ခဲ့ကြပါ။
ပုံမှာ Wolfe နှင့် သူ၏ မယားဟောင်း ၄ ဦး၏ အမှတ်တရပုံ ဖြစ်ပါသည်။
𝑪𝒓𝒆𝒅𝒊𝒕 𝑻𝒐 𝑶𝒓𝒊𝒈𝒊𝒏𝒂𝒍 𝑼𝒑𝒍𝒐𝒂𝒅𝒆𝒓