တနဂၤေႏြသားသမီးမ်ားအတြက္ ၁၃၈၄ (၂၀၂၂) ခုႏွစ္အတြင္း ေဆာင္ရန္၊ေရွာင္ရန္မ်ားႏွင့္ တစ္ႏွစ္စာေဟာစာတမ္း
စီးပြားေရးႏွင့္အလုပ္အကိုင္
အလုပ္နဲ႔ပတ္သက္ၿပီး ေျပာင္းလဲျခင္းမတည္ျမဲျခင္းသေဘာအတိုင္း ေျပာင္းလဲလုပ္ကိုင္ေနရတတ္ပါတယ္။ေနအိမ္၊အလုပ္၊ဖခင္၊အႀကီးအကဲမ်ားႏွင့္ပတ္သက္ၿပီး စိတ္ပူပင္ရတတ္ပါတယ္။ ေငြေၾကးနဲ႔ပတ္သက္ၿပီးေလာဘႀကီးလၽွင္ လူလိမ္ခံရနိုင္တာေတြ႕ရပါတယ္။ ေငြေၾကးရသေလာက္ႏွင့္ တင္းတိမ္နိုင္ဖို့ႀကိဳးစားပါ။လက္ထဲက ေငြကို ေခၽြတာ သုံးစြဲပါ။
အကူအညီႏွင့္အေထာက္အပံ့
ဘာသာေရးအားေကာင္းလာမဲ့ ႏွစ္ျဖစ္သလို၊ မိတ္ေဆြေကာင္းေတြရဲ့ ကူညီမွုလည္း ရရွိပါလိမ့္မယ္။ တပည့္ေတြ လက္ေအာက္ငယ္သားေတြရဲ့ ကူညီမွုလည္း ရနိုင္ပါပတယ္။ အေရးေပၚ အကူညီေတာင္းဖို့ လိုလာလၽွင္ တပည့္ထံက ေတာင္းပါ။
ပညာေရးႏွင့္ဘာသာေရး
ပညာေရးမွာ အစပိုင္းအခက္ခဲရွိနိုင္ေပမဲ့ ေနာက္ပိုင္းမွာေတာ့ တိုးတက္ေကာင္းမြန္လာပါမယ္။ ဘာသာေရးအားေကာင္းလၽွင္ေတာ့ ေလာကဓံအဆိုးကို ခံနိုင္ရည္ရွိၿပီး ဘာသာေရးရဲ့ အေထာက္အပံ့ေၾကာင့္ ဆိုးဆိုးဝါးဝါး မျဖစ္နိုင္ပါဘူး။
စိတ္ပိုင္းဆိုင္ရာ
စိတ္ပိုင္းဆိုင္ရာမွာေတာ့ တည္ၿငိမ္မွုအသင့္အတင့္ရွိၿပီး၊ ေလာကဓံကို လက္ခံလာနိုင္တဲ့စိတ္ေနစိတ္ထားမ်ိဳး ျဖစ္လာပါမယ္။
က်န္းမာေရး
ဦးေခါင္းနဲ႔ပတ္သက္ေသာ ေဝဒနာ၊ အစာအိမ္ႏွင့္ပတ္သက္ေသာ ေဝဒနာ၊ အမ်ိဳးသမီးျဖစ္လၽွင ္သားအိမ္၊မီးယပ္ႏွင့္ပတ္သက္ေသာ ေဝဒနာေရာဂါျဖစ္တတ္ပါတယ္။
ကူးစက္ေရာဂါမ်ားလည္း ျဖစ္နိုင္တဲ့အတြက္က်န္းမာေရးကို ဂ႐ုစိုက္ရမဲ့ ႏွစ္ျဖစ္ပါတယ္။
ဆင္ျခင္ရန္
အေပ်ာ္အပါးကိုေရွာင္ပါ။ အေပ်ာ္အပါးကိစၥ ခရီးသြားပါက မရဏကိန္း ရွိပါတယ္။ အလုပ္ကိစၥ ခရီးသြားမယ္ဆိုရင္ သံဗုေဒၶကို သက္ေစ့ရြတ္ၿပီး အရဟံဂုဏ္ေတာ္ပုတီစိတ္ၿပီးမွ သြားပါ။ ခရီးလမ္းမွာ ထိခိုက္ပ်က္ဆီးျခင္းေဘးရန္ႏွင့္ မရဏကိန္း ရွိေနေသာေၾကာင့္ ျဖစ္ပါတယ္။
ညီကိုေမာင္ႏွမ၊ခင္ပြန္း
၎တို့ႏွင့္ပတ္သက္လၽွင္ စကားေျပာဆင္ျခင္ပါ။ ထိခိုက္နစ္နာေအာင္ မေျပာပါနဲ႔၊ ေဒါသနဲ႔ မေျပာပါနဲ႔။
ယတြာ
လာမဲ့ျမန္မာ ႏွစ္ဆန္းတစ္ရက္ေန႔ နံနက္ ၉နာရီ ၄၅ မိနစ္မွာ အဝါေရာင္ ဝတ္ဆင္ၿပီး အိမ္က ဘုရားမွာ ထန္းလ်က္နဲ႔ေကာက္ညင္းေပါင္း လွူေပးပါ။
(၁)တစ္ႏွစ္လုံး ေဘးကင္းလိုရာျပည့္ေစဖို့ကေတာ့ အရဟံဂုဏ္ေတာ္ကို ေန႔စဥ္ ပုတီးစိတ္ေပးပါ။ ေမတၱာသုတ္ကို ေန႔စဥ္ တစ္ေန႔လၽွင္ ၆ ေခါက္ ရြတ္ဖတ္ေပးပါ။
(၂)ေန႔စဥ္ ေရလွူပါ။ ဘုရားႏွင့္အမ်ားအတြက္ ေရကို ေန႔စဥ္ လွူဒါန္းပါ။
ေရတြင္းေရကန္တူးျ့ပီး လွူနိုင္လၽွင္ ပိုေကာင္းပါပတယ္။
(၃) သီလ ၃ပါး ကို ေန႔စဥ္ ထိန္းသိမ္းေပးပါ။
ေမတၱာျဖင့္ May Thingyan Hein-Myitmakha
unicode
တနင်္ဂနွေသားသမီးများအတွက် ၁၃၈၄ (၂၀၂၂) ခုနှစ်အတွင်း ဆောင်ရန်၊ရှောင်ရန်များနှင့် တစ်နှစ်စာဟောစာတမ်း
စီးပွားရေးနှင့်အလုပ်အကိုင်
အလုပ်နဲ့ပတ်သက်ပြီး ပြောင်းလဲခြင်းမတည်မြဲခြင်းသဘောအတိုင်း ပြောင်းလဲလုပ်ကိုင်နေရတတ်ပါတယ်။နေအိမ်၊အလုပ်၊ဖခင်၊အကြီးအကဲများနှင့်ပတ်သက်ပြီး စိတ်ပူပင်ရတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးလောဘကြီးလျှင် လူလိမ်ခံရနိုင်တာတွေ့ရပါတယ်။ ငွေကြေးရသလောက်နှင့် တင်းတိမ်နိုင်ဖို့ကြိုးစားပါ။လက်ထဲက ငွေကို ချွေတာ သုံးစွဲပါ။
အကူအညီနှင့်အထောက်အပံ့
ဘာသာရေးအားကောင်းလာမဲ့ နှစ်ဖြစ်သလို၊ မိတ်ဆွေကောင်းတွေရဲ့ ကူညီမှုလည်း ရရှိပါလိမ့်မယ်။ တပည့်တွေ လက်အောက်ငယ်သားတွေရဲ့ ကူညီမှုလည်း ရနိုင်ပါပတယ်။ အရေးပေါ် အကူညီတောင်းဖို့ လိုလာလျှင် တပည့်ထံက တောင်းပါ။
ပညာရေးနှင့်ဘာသာရေး
ပညာရေးမှာ အစပိုင်းအခက်ခဲရှိနိုင်ပေမဲ့ နောက်ပိုင်းမှာတော့ တိုးတက်ကောင်းမွန်လာပါမယ်။ ဘာသာရေးအားကောင်းလျှင်တော့ လောကဓံအဆိုးကို ခံနိုင်ရည်ရှိပြီး ဘာသာရေးရဲ့ အထောက်အပံ့ကြောင့် ဆိုးဆိုးဝါးဝါး မဖြစ်နိုင်ပါဘူး။
စိတ်ပိုင်းဆိုင်ရာ
စိတ်ပိုင်းဆိုင်ရာမှာတော့ တည်ငြိမ်မှုအသင့်အတင့်ရှိပြီး၊ လောကဓံကို လက်ခံလာနိုင်တဲ့စိတ်နေစိတ်ထားမျိုး ဖြစ်လာပါမယ်။
ကျန်းမာရေး
ဦးခေါင်းနဲ့ပတ်သက်သော ဝေဒနာ၊ အစာအိမ်နှင့်ပတ်သက်သော ဝေဒနာ၊ အမျိုးသမီးဖြစ်လျှင ်သားအိမ်၊မီးယပ်နှင့်ပတ်သက်သော ဝေဒနာရောဂါဖြစ်တတ်ပါတယ်။
ကူးစက်ရောဂါများလည်း ဖြစ်နိုင်တဲ့အတွက်ကျန်းမာရေးကို ဂရုစိုက်ရမဲ့ နှစ်ဖြစ်ပါတယ်။
ဆင်ခြင်ရန်
အပျော်အပါးကိုရှောင်ပါ။ အပျော်အပါးကိစ္စ ခရီးသွားပါက မရဏကိန်း ရှိပါတယ်။ အလုပ်ကိစ္စ ခရီးသွားမယ်ဆိုရင် သံဗုဒ္ဓေကို သက်စေ့ရွတ်ပြီး အရဟံဂုဏ်တော်ပုတီစိတ်ပြီးမှ သွားပါ။ ခရီးလမ်းမှာ ထိခိုက်ပျက်ဆီးခြင်းဘေးရန်နှင့် မရဏကိန်း ရှိနေသောကြောင့် ဖြစ်ပါတယ်။
ညီကိုမောင်နှမ၊ခင်ပွန်း
၎င်းတို့နှင့်ပတ်သက်လျှင် စကားပြောဆင်ခြင်ပါ။ ထိခိုက်နစ်နာအောင် မပြောပါနဲ့၊ ဒေါသနဲ့ မပြောပါနဲ့။
ယတွာ
လာမဲ့မြန်မာ နှစ်ဆန်းတစ်ရက်နေ့ နံနက် ၉နာရီ ၄၅ မိနစ်မှာ အဝါရောင် ဝတ်ဆင်ပြီး အိမ်က ဘုရားမှာ ထန်းလျက်နဲ့ကောက်ညင်းပေါင်း လှူပေးပါ။
(၁)တစ်နှစ်လုံး ဘေးကင်းလိုရာပြည့်စေဖို့ကတော့ အရဟံဂုဏ်တော်ကို နေ့စဉ် ပုတီးစိတ်ပေးပါ။ မေတ္တာသုတ်ကို နေ့စဉ် တစ်နေ့လျှင် ၆ ခေါက် ရွတ်ဖတ်ပေးပါ။
(၂)နေ့စဉ် ရေလှူပါ။ ဘုရားနှင့်အများအတွက် ရေကို နေ့စဉ် လှူဒါန်းပါ။
ရေတွင်းရေကန်တူးြ့ပီး လှူနိုင်လျှင် ပိုကောင်းပါပတယ်။
(၃) သီလ ၃ပါး ကို နေ့စဉ် ထိန်းသိမ်းပေးပါ။
မေတ္တာဖြင့် May Thingyan Hein-Myitmakha