(၁)တနလၤာသားသမီးမ်ားအတြက္ ၁၃၈၄ (၂၀၂၂) ခုႏွစ္အတြင္း ေဆာင္ရန္၊ေရွာင္ရန္မ်ားႏွင့္ တစ္ႏွစ္စာေဟာစာတမ္း
စီးပြားေရးႏွင့္အလုပ္အကိုင္
အလုပ္အကိုင္ ဝင္ေငြေကာင္း ပါမည္။ ဝင္ေငြေကာင္းသလို ထြက္ေငြလည္း မ်ားမည္။ ရန္သူမ်ိဳး ၅ ပါးေၾကာင့္ ရွိေသာေငြမ်ားဆုံးရွုံးနိုင္ေသာအေနအထားလည္း ရွိသည္။
ကိုယ္မႏွစ္သက္ေသာသူမ်ားေၾကာင့္ ေငြေတြအကုန္ထြက္သြားျခင္းမ်ားလည္း ၾကဳံနိုင္ပါသည္။ ေငြဝင္မ်ားသလို ေငြကုန္မ်ားမည္။ ထို့ေၾကာင့္ေသခ်ာေပါက္ ေငြကုန္မ်ားမည့္ကာလမို့ ထြက္မည့္ေငြကို လိုအပ္ေနသူမ်ားအား ကူပါလွူဒါန္းပါက အက်ိဳးရွိပါမည္။
အလုပ္နဲ႔ပတ္သက္ၿပီး စိတ္ပူပင္ရျခင္း၊စိတ္ေသာကျဖစ္ရျခင္းမ်ားလည္း ရွိပါသည္။ သတိႏွင့္ေဆာင္ရြက္သင့္ပါသည္။
အကူအညီႏွင့္အေထာက္အပံ့
မိခင္၏ ေကာင္းက်ိဳးေက်းဇူးကို ခံစားရပါမည္။
မိတ္ေဆြ၊ ဆရာသမား၊တပည့္မ်ား ဝိုင္းရံေနမည့္ ကာလျဖစ္ပါသည္။ လူခ်စ္လူခင္လည္းမ်ားမည္။ စန္းပြင့္ေနပါသည္။ စိတ္မ်ားလၽွင္ စိတ္ကစားလၽွင္ ေသာကျဖစ္နိုင္ပါသည္။ စိတ္ညစ္ျခင္းစိတ္ရွုပ္ေထြးျခင္းမ်ားလည္း ၾကဳံနိုင္ပါသည္။
ပညာေရးႏွင့္ဘာသာေရး
လိုခ်င္သေလာက္ ရနိုင္ေသာကာလျဖစ္ပါသည္။အဓိ႒ာန္လုပ္လၽွင ္ေအာင္ျမင္ပါမည္။ သင္ယူခ်င္သေလာက္ ပညာသင္နိုင္ပါသည္။
စိတ္ပိုင္းဆိုင္ရာ
စိတ္ျမန္ျခင္း၊စိတ္ေလာျခင္း၊စိတ္ခံစားမွုေနာက္ျခင္း၊စိတ္အလိုလိုက္ျခင္းမ်ားေၾကာင့္ က်န္းမာေရး၊ လူမွုေရး၊စီးပြားေရးမ်ားကို ထိခိုက္ေစနိုင္ပါသည္။ ထို့ေၾကာင့္ ဂ႐ုစိုက္ရပါမည္။ စိတ္ကို ထိန္းသိမ္းပါ။ မေကာင္းေသာအေတြးေတြကိုလက္မခံမိပါေစနဲ႔။
က်န္းမာေရး
စိတ္ဖိစီးမွုမ်ားျခင္းေၾကာင့္ ေခါင္းကိုက္ျခင္း၊ ေခါင္းမူးျခင္း. စသျဖင့့္ၾကဳံနိုင္သလို မ်က္စိႏွင့္ပတ္သက္ေသာ ေဝဒနာေရာဂါျဖစ္တတ္ပါတယ္။
ဆင္ျခင္ရန္
စိတ္ခံစားခ်က္မ်ားကို ထိန္းခ်ဳပ္နိုင္ေအာင္ ဂ႐ုစိုက္ပါ။ စီးပြားေရးမွာ ေလာဘ မႀကီးမိေအာင္ဂ႐ုစိုက္ပါ။စစ္တပ္ႏွင့္ မပတ္သက္မိေအာင္ ဂ႐ုစိုက္ပါ။ စစ္တပ္ႏွင့္ပတ္သက္မိလၽွင္ နာမည္ပ်က္ျခင္း၊ ဂုဏ္သိကၡာက်ဆင္းျခင္း၊ အထင္လႊဲခံရျခင္းမ်ား ၾကဳံနိုင္ၿပီး မလိုလားအပ္ေသာ ျပႆနာမ်ားကို ေျဖရွင္းရနိုင္ပါသည္။
ညီကိုေမာင္ႏွမ၊ခင္ပြန္း ၎တို့ႏွင့္ပတ္သက္လၽွင္ စကားေျပာဆင္ျခင္ပါ။ ရန္ေဘးရွိေနပါသည္။
ယတြာ
လာမဲ့ျမန္မာ ႏွစ္ဆန္းတစ္ရက္ေန႔ နံနက္ ၉နာရီ ၀၉ မိနစ္မွာ အျပာႏုေရာင္ ဝတ္ဆင္ၿပီး အိမ္က ဘုရားမွာ ၾသဇာညႊန႔္+ကံေကာ္ညႊန႔္(သို့) ဂႏၶာပန္း+ စပါယ္ပန္းတို့အား လွူေပးပါ။
(၁)တစ္ႏွစ္လုံး ေဘးကင္းလိုရာျပည့္ေစဖို့ကေတာ့ သရဏဂုဏ္ ၃ ပါးကို ေန႔စဥ္ ပုတီးစိတ္ေပးပါ။ ေမတၱာသုတ္ကို ေန႔စဥ္ တစ္ေန႔လၽွင္ ၂ ေခါက္ ရြတ္ဖတ္ေပးၿပီး သဗၺဇယမဂၤလာ ဂါထာကို ၂၇ ေခါက္ရြတ္ဖတ္ေပးပါ။
(၂)ေန႔စဥ္ ေဆး လွူေပးပါ။ လူနာမ်ား၊ ဆင္းရဲသားမ်ားအတြက္ ဓါတ္ဆာလွူေပးပါ။
(၃) သီလ ၃ပါး ကို ေန႔စဥ္ ထိန္းသိမ္းေပးပါ။
ေမတၱာျဖင့္ May Thingyan Hein-Myitmakha
unicode
(၁)တနင်္လာသားသမီးများအတွက် ၁၃၈၄ (၂၀၂၂) ခုနှစ်အတွင်း ဆောင်ရန်၊ရှောင်ရန်များနှင့် တစ်နှစ်စာဟောစာတမ်း
စီးပွားရေးနှင့်အလုပ်အကိုင်
အလုပ်အကိုင် ဝင်ငွေကောင်း ပါမည်။ ဝင်ငွေကောင်းသလို ထွက်ငွေလည်း များမည်။ ရန်သူမျိုး ၅ ပါးကြောင့် ရှိသောငွေများဆုံးရှုံးနိုင်သောအနေအထားလည်း ရှိသည်။
ကိုယ်မနှစ်သက်သောသူများကြောင့် ငွေတွေအကုန်ထွက်သွားခြင်းများလည်း ကြုံနိုင်ပါသည်။ ငွေဝင်များသလို ငွေကုန်များမည်။ ထို့ကြောင့်သေချာပေါက် ငွေကုန်များမည့်ကာလမို့ ထွက်မည့်ငွေကို လိုအပ်နေသူများအား ကူပါလှူဒါန်းပါက အကျိုးရှိပါမည်။
အလုပ်နဲ့ပတ်သက်ပြီး စိတ်ပူပင်ရခြင်း၊စိတ်သောကဖြစ်ရခြင်းများလည်း ရှိပါသည်။ သတိနှင့်ဆောင်ရွက်သင့်ပါသည်။
အကူအညီနှင့်အထောက်အပံ့
မိခင်၏ ကောင်းကျိုးကျေးဇူးကို ခံစားရပါမည်။
မိတ်ဆွေ၊ ဆရာသမား၊တပည့်များ ဝိုင်းရံနေမည့် ကာလဖြစ်ပါသည်။ လူချစ်လူခင်လည်းများမည်။ စန်းပွင့်နေပါသည်။ စိတ်များလျှင် စိတ်ကစားလျှင် သောကဖြစ်နိုင်ပါသည်။ စိတ်ညစ်ခြင်းစိတ်ရှုပ်ထွေးခြင်းများလည်း ကြုံနိုင်ပါသည်။
ပညာရေးနှင့်ဘာသာရေး
လိုချင်သလောက် ရနိုင်သောကာလဖြစ်ပါသည်။အဓိဋ္ဌာန်လုပ်လျှင ်အောင်မြင်ပါမည်။ သင်ယူချင်သလောက် ပညာသင်နိုင်ပါသည်။
စိတ်ပိုင်းဆိုင်ရာ
စိတ်မြန်ခြင်း၊စိတ်လောခြင်း၊စိတ်ခံစားမှုနောက်ခြင်း၊စိတ်အလိုလိုက်ခြင်းများကြောင့် ကျန်းမာရေး၊ လူမှုရေး၊စီးပွားရေးများကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ဂရုစိုက်ရပါမည်။ စိတ်ကို ထိန်းသိမ်းပါ။ မကောင်းသောအတွေးတွေကိုလက်မခံမိပါစေနဲ့။
ကျန်းမာရေး
စိတ်ဖိစီးမှုများခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း. စသဖြင့့်ကြုံနိုင်သလို မျက်စိနှင့်ပတ်သက်သော ဝေဒနာရောဂါဖြစ်တတ်ပါတယ်။
ဆင်ခြင်ရန်
စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်အောင် ဂရုစိုက်ပါ။ စီးပွားရေးမှာ လောဘ မကြီးမိအောင်ဂရုစိုက်ပါ။စစ်တပ်နှင့် မပတ်သက်မိအောင် ဂရုစိုက်ပါ။ စစ်တပ်နှင့်ပတ်သက်မိလျှင် နာမည်ပျက်ခြင်း၊ ဂုဏ်သိက္ခာကျဆင်းခြင်း၊ အထင်လွှဲခံရခြင်းများ ကြုံနိုင်ပြီး မလိုလားအပ်သော ပြဿနာများကို ဖြေရှင်းရနိုင်ပါသည်။
ညီကိုမောင်နှမ၊ခင်ပွန်း ၎င်းတို့နှင့်ပတ်သက်လျှင် စကားပြောဆင်ခြင်ပါ။ ရန်ဘေးရှိနေပါသည်။
ယတွာ
လာမဲ့မြန်မာ နှစ်ဆန်းတစ်ရက်နေ့ နံနက် ၉နာရီ ၀၉ မိနစ်မှာ အပြာနုရောင် ဝတ်ဆင်ပြီး အိမ်က ဘုရားမှာ သြဇာညွှန့်+ကံကော်ညွှန့်(သို့) ဂန္ဓာပန်း+ စပါယ်ပန်းတို့အား လှူပေးပါ။
(၁)တစ်နှစ်လုံး ဘေးကင်းလိုရာပြည့်စေဖို့ကတော့ သရဏဂုဏ် ၃ ပါးကို နေ့စဉ် ပုတီးစိတ်ပေးပါ။ မေတ္တာသုတ်ကို နေ့စဉ် တစ်နေ့လျှင် ၂ ခေါက် ရွတ်ဖတ်ပေးပြီး သဗ္ဗဇယမင်္ဂလာ ဂါထာကို ၂၇ ခေါက်ရွတ်ဖတ်ပေးပါ။
(၂)နေ့စဉ် ဆေး လှူပေးပါ။ လူနာများ၊ ဆင်းရဲသားများအတွက် ဓါတ်ဆာလှူပေးပါ။
(၃) သီလ ၃ပါး ကို နေ့စဉ် ထိန်းသိမ်းပေးပါ။
မေတ္တာဖြင့် May Thingyan Hein-Myitmakha