uncode,
တစ်ခါတုန်းက ပဲ အရမ်းများ တဲ့ အပျို ကြီး တယောက်ဟာ သူ့ကို ချစ်ခွင့်ပန်တဲ့သူတိုင်း အိုက်တင်အရမ်းခံပြီး
ငြင်းပယ်ရင်းနဲ့ အသက် ၄၀ ကျော်သွားတော့ သူ့ကို ကြိုက်မဲ့သူ မရှိတော့ဘူး
ဒါနဲ့ နောက်ဆုံး ရှားရှား ပါးပါး ၁၆ နှစ်သားကောင်လေး ချစ်သူတယောက် ရ လိုက်တယ်
တိုတိုပြောရရင် ကောင်လေးရဲ့ ချိန်းဆိုမှုနဲ့အတူ ကန်ဘောင်ပေါ်ကို အပျိုကြီးတယောက် ရောက်လာပါတော့တယ်
ဒါနဲ့ကန် ဘောင်မြက်ခင်းပေါ် စကားစပြော တယောက်နဲ့တယောက် ဘယ်ဘဝထိ ချစ်ကြမည် ဖြစ်ကြောင်း စသဖြင့်ပေါ့
ထီးလေးကွယ်ရင်း ကောင်လေးက အပျိုကြီးကို အနမ်းတွေပေးပြီး အရမ်းဖက်ထားတော့တယ်
ပြသနာ က အဲ့မှာ စပြီ အပျိုကြီးတယောက် ရည်းစား မထားခဲ့ဖူးဘူးတော့ ရှက်သွေးတွေဖျာ နေတော့တယ် အဆိုဆုံးက
ညက အပျိုကြီး တယောက် TV ကြည့်ရင်း ပဲကြီး လှော်စားခဲ့တယ်
မနက်လာခါနီးတော့ ကြက်ဥပြုတ်လေးလည်း စားခဲ့မိတော့အပျိုကြီးခမျာ ဗိုက်ကရစ် ပြီး လေလည်ချင်တော့တာပဲ
ကောင်လေးကလည်း အပျိုကြီးကို အတင်းဖက်ထားတော့ ရင်ခွင်ထဲကနေ ရုန်းမရဘူး ဒါနဲ့ အပျိုကြီးတ ယောက်
မျက်စိကိုမှိတ် အံကိုကြိတ်ပီး လေမလည်မိအောင် တောင့်ခံရင်းနဲ့ ချွေးသီးချွေးပေါက် တွေပါ ကျလာတော့တယ်။
ကောင်လေး ကလည်း တင်းကြပ်စွာဖက်ထားတော့ အပျိုကြီးတယောက် အံကြိတ် နှုတ်ပိတ်ယုံဖြင့်မကပဲ
အခြေအနေ မဟန်တော့မှန်း သိတော့ သူရဲ့ခြေမလေးပါ အားအကုန် ကွေးထားတော့တယ် ဒါကို ကောင်လေးက
အလိုက်မသိ ပဲ ကွေး ထားတဲ့ အပျိုကြီးရဲ့ခြေမလေးကို မြင်တော့…ချစ်မရယ် ဒီလောက်လှတဲ့ ခြေမလေးတွေ ကို ဘာလို့ ကွေးထားတာလဲပြောတော့
အပျို ကြီးခမျာ အံကြိတ် ချွေးသီချွေးပေါက် ကျရုံမကပဲမျက်လုံးပြူးပြီး ခေါင်းပါခါတော့သည်…
ဆိုလိုချင်တာကတော့ သွားမထိလိုက်နဲ့ပေါ့ ဒါနဲ့ကောင်လေးက မပြောမဆိုနှင့် ကွေးထားတဲ့ အပျိုကြီးရဲ့ ခြေမလေးကို ဆွဲဆန့်လိုက်တော့တယ်
ပွတ် သွားပီ လေ လည်သံက အကျယ်ကြီးနှင့် အရှည်ကြီး အနံ့ဆိုးဆိုးဖြင့် ထွက်သွားတော့သည် အပျိုကြီးခမျာ
အရှက် ဗြမ်းဗြမ်း ကွဲပြီ ခေါင်းလည်းမဖော်ဝံ့တော့ပါ…
ဒါနဲ့ ကောင်လေးခမျာ ဘာလုပ်လို့ လုပ်ရမှန်းမသိ အပျိုကြီး မရှက် အောင်လို့ ဤသို့ပြောမိပြောရာ စကားတခွန်း
ပြောထွက် လိုက်တော့သည်…စောရီး ချစ်မရီးရယ် မရှက်ပါနဲ့ ဒီခလုတ်က အီးခလုတ်မှန်း မသိလို့ မှားနှိပ်မိတာ နောက်
မနှိပ်တော့ဘူးနော် ဟူ၍ ပြောချ လိုက်လေတော့သတည်း