ၾကားသိရသမွ်

အကြမ်းဖက်စစ်ကောင်စီကိုအားပေးသူအုပ်စုက သရုပ်ဆောင် မင်းမော်ကွန်း၏ မိဘများလုံခြုံရေးအာမမခံဟု ခြိမ်းခြောက်

အကြမ်းဖက်အားပေးသူအုပ်စုက သရုပ်ဆောင် မင်းမော်ကွန်း၏ မိဘများလုံခြုံရေးအာမမခံဟု ခြိမ်းခြောက်

ရန်ကုန်၊ ဧပြီ ၈
လူငယ့်ခေတ်
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှ စတင်ကာ အကြမ်းဖက်စစ်အာဏာရှင်ကို ဆက်တိုက်တွန်းလှန်နေသည့် ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် မင်းမော်ကွန်းကို တော်လှန်ရေးလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်မည် ဆိုပါက မိဘများ၏ လုံခြုံရေးကို အာမခံမည်မဟုတ်ဟု အကြမ်းဖက်စစ်ကောင်စီကို အားပေးထောက်ခံသည့် တရားမျှတမှုရှာဖွေပေးရေးအဖွဲ့ အမည်ရှိ အဖွဲ့က ဧပြီ ၇ ရက်နေ့ညပိုင်းက စာထုတ် ခြိမ်းခြောက်ခဲ့သည်။

သင်္ကြန်ကာလတွင် ဖျော်ဖြေရေးပြုလုပ်မည့် အနုပညာရှင်များနှင့်ပတ်သက်၍ မင်းမော်ကွန်းက လူမှုကွန်ရက် စာမျက် နှာတွင် ပြင်းထန်စွာဝေဖန်ခဲ့ပြီးနောက် ၎င်းတို့က မင်းမော်ကွန်း၏ မိဘများအသက်အန္တရာယ်ကို ခြိမ်းခြောက် ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တော်လှန်ရေး လုပ်ငန်းများကို လုပ်ဆောင်နေပြီး လွတ်မြောက်နယ်မြေ တနေရာ၌ ရောက်ရှိနေသည့် သရုပ်ဆောင် မင်းမော်ကွန်းကို ထိပ်တိုက်ရင်ဆိုင်ခွင့်မရသည့် စစ်ကောင်စီအားပေးသည့် အဖွဲ့က တော်လှန်ရေးလုပ် ငန်းစဉ်များကို နှောင့်နှေးရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သိရသည်။

တရားမျှတမှု ရှာဖွေပေးရေး အဖွဲ့ဟု အမည်ပေးထားသည့် အကြမ်းဖက်အားပေးသူ အုပ်စုသည် ၎င်းတို့၏ ဖေ့စ်ဘုတ်ပေ့ချ်ကို ဇန်နဝါရီလ၌ စတင်ဖွင့်လှစ်ခဲ့ပြီး page ကို Like လုပ်ထားသူမှာ ၆၃ ဦးသာ ရှိသည်။ NUG အစိုးရ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် အာဏာရှင်တော်လှန်ရေး လုပ်ဆောင်နေသူများကို ခြိမ်းခြောက်နေပြီး စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးအဖွဲ့ တဖွဲ့သာ ဖြစ်သည်။

အၾကမ္းဖက္အားေပးသူအုပ္စုက သ႐ုပ္ေဆာင္ မင္းေမာ္ကြန္း၏ မိဘမ်ားလုံျခဳံေရးအာမမခံဟု ၿခိမ္းေျခာက္

ရန္ကုန္၊ ဧၿပီ ၈
လူငယ့္ေခတ္
စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွ စတင္ကာ အၾကမ္းဖက္စစ္အာဏာရွင္ကို ဆက္တိုက္တြန္းလွန္ေနသည့္ ႐ုပ္ရွင္ႏွင့္ ဗီဒီယို သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းကို ေတာ္လွန္ေရးလုပ္ငန္းစဥ္မ်ား ဆက္လက္လုပ္ေဆာင္မည္ ဆိုပါက မိဘမ်ား၏ လုံျခဳံေရးကို အာမခံမည္မဟုတ္ဟု အၾကမ္းဖက္စစ္ေကာင္စီကို အားေပးေထာက္ခံသည့္ တရားမၽွတမႈရွာေဖြေပးေရးအဖြဲ႕ အမည္ရွိ အဖြဲ႕က ဧၿပီ ၇ ရက္ေန႔ညပိုင္းက စာထုတ္ ၿခိမ္းေျခာက္ခဲ့သည္။

သၾကၤန္ကာလတြင္ ေဖ်ာ္ေျဖေရးျပဳလုပ္မည့္ အႏုပညာရွင္မ်ားႏွင့္ပတ္သက္၍ မင္းေမာ္ကြန္းက လူမႈကြန္ရက္ စာမ်က္ ႏွာတြင္ ျပင္းထန္စြာေဝဖန္ခဲ့ၿပီးေနာက္ ၎တို႔က မင္းေမာ္ကြန္း၏ မိဘမ်ားအသက္အႏၲရာယ္ကို ၿခိမ္းေျခာက္ ခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ ေတာ္လွန္ေရး လုပ္ငန္းမ်ားကို လုပ္ေဆာင္ေနၿပီး လြတ္ေျမာက္နယ္ေၿမ တေနရာ၌ ေရာက္ရွိေနသည့္ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းကို ထိပ္တိုက္ရင္ဆိုင္ခြင့္မရသည့္ စစ္ေကာင္စီအားေပးသည့္ အဖြဲ႕က ေတာ္လွန္ေရးလုပ္ ငန္းစဥ္မ်ားကို ေႏွာင့္ေႏွးရန္ ရည္ရြယ္ေဆာင္ရြက္ေနျခင္းျဖစ္သည္ဟု သိရသည္။

တရားမၽွတမႈ ရွာေဖြေပးေရး အဖြဲ႕ဟု အမည္ေပးထားသည့္ အၾကမ္းဖက္အားေပးသူ အုပ္စုသည္ ၎တို႔၏ ေဖ့စ္ဘုတ္ေပ့ခ်္ကို ဇန္နဝါရီလ၌ စတင္ဖြင့္လွစ္ခဲ့ၿပီး page ကို Like လုပ္ထားသူမွာ ၆၃ ဦးသာ ရွိသည္။ NUG အစိုးရ၊ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕မ်ားႏွင့္ အာဏာရွင္ေတာ္လွန္ေရး လုပ္ေဆာင္ေနသူမ်ားကို ၿခိမ္းေျခာက္ေနၿပီး စစ္ေကာင္စီ၏ ဝါဒျဖန္႔ခ်ိေရးအဖြဲ႕ တဖြဲ႕သာ ျဖစ္သည္။