ကြားသိရသမျှ

ယူကရိန်းကို တိုက်ခိုက်ဖို့ ငြင်းဆိုတဲ့ ရုရှားလေထီးခုန်တပ်သား ၆၀ ခန့် ရာထူးက ထုတ်ပယ်ခံရပြီး တရားရင်ဆိုင်နေရရှာ

ဧပြီလ ၈ ရက်နေ့။

ယူကရိန်းကို တိုက်ခိုက်ဖို့ ငြင်းဆိုထားတဲ့ ရုရှားလေထီးခုန်တပ်သား ၆၀ ခန့်ဟာ ရာထူးတွေကနေ ထုတ်ပယ်ခံထားရပြီး ထောင်ဒဏ်ချမှတ်ခံရဖို့အတွက် တရားရင်ဆိုင်နေရတယ်လို့ ပြည်ပသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါသည်။

ရုရှားမြောက်ပိုင်း ပီစကော့ဗ်မြို့အခြေစိုက် လေထီးခုန်တပ်သား ၆၀ ခန့်က ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ဖို့အတွက် ဘီလာရုစ်နိုင်ငံကို ပို့ဆောင်ခဲ့ပေမယ့်

အဲ့ဒီတပ်သားတွေဟာ တိုက်ခိုက်ဖို့ ငြင်းဆိုတာကြောင့် သူတို့ရဲ့ အခြေစိုက်စခန်းဆီ ပြန်လည်ပို့ဆောင်ထားတယ်လို့ ရုရှားသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါသည်။

အဲ့ဒီ လေထီးခုန်တပ်သားအချို့က ရာထူးကနေ ထုတ်ပယ်ခံထားရပြီး အချို့မှာ စစ်ခုံရုံးတင် စစ်ဆေးခံနေရပြီး ထောင်ဒဏ်ချမှတ်ခံရနိုင်တယ်လို့ သိရပါသည်။

အဲ့ဒီလေထီးခုန်တပ်သားတွေဟာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ဖို့အတွက် ပထမဆုံး စေလွှတ်ထားတဲ့ တပ်သားတွေထဲမှာ ပါဝင်တယ်လို့ သိရပါသည်။

ပီစကော့ဗ် အခြေစိုက်စခန်းဟာ ရုရှားရဲ့ အဆင့်မြင့် လေတပ်ဌာနချုပ်ဖြစ်ပြီး အဲ့ဒီတပ်သားတွေဟာ အဆင့်မြင့် တပ်သားတွေဖြစ်တယ်လို့ ဆိုကြပေမယ့် အတည်မပြုရသေးဘူးလို့ ယူကရိန်းက ဆိုထားပါသည်။