မိန်းမ ဖြစ်သူက ကျောင်းဆရာမ ဖြစ်တော့ တာဝန်ကျရာ နယ်မြေဒေသမှာ တာဝန်ထမ်းဆောင်ရတယ်။ အိမ်မှာ ယောက်ျားတစ်ယောက်ပဲ ကျန်ခဲ့တယ်။သားသမီးက မရှိ စားဖို့ သောက်ဖို့ ချက်ပြုတ်ဖို့က ပြသနာ မကြီးလှပေမယ့် အဝတ်လျှော် နဲ့ အိမ်သန့်ရှင်းရေး က ပြသနာရှိလာတော့ ယောက်ျားဖြစ်သူက အိမ်ဖော်တစ်ယောက်ခေါ်လိုက်မယ်ဆိုပြီး အိမ်ဖော်ခေါ်ထားလိုက်တယ်။တာဝန်ကျရာ မြို့မှ ကျောင်းပိတ်ရက် အိမ်ကို ပြန်ရောက် လာသော အခါ သူ့ယောက်ျားကိုမိန်းမဖြစ်သူ ဆရာမက ” ရှင့် အိမ်ဖော်ကလည်း ချောလှချည်လား ကိုမိုးကြီးရဲ့ ”
ယောက်ျားဖြစ်သူ ကိုမိုးကြီးက ပြန်ပြောတယ် ” ချောလား မချောလား မသိပါဘူးကွာ အဝတ်လျှော် ထမင်း ချက်တတ်ရင် ပြီးတာဘဲ ဆိုပြီး ခေါ်ထားလိုက် တာပါ ”” ရှင်နဲ့ရော ကင်းရှင်းရဲ့လား ယောက်ျား ”” ရှင်းပါတယ်ကွာ ”” ဒီ တစ်အိမ်လုံးမှာ ရှင်တို့ နှစ်ယောက်ထဲ ဆိုတော့ ”” ဘာဆိုင်လဲကွာ ၊ ညမိုးချုပ်တာနဲ့ သူ့အခန်း သူအိပ် ၊ ငါ့အခန်း ငါအိပ် သီးခြားဆီပါ ””ဒါဆိုလည်း ပြီးတာပါပဲ ”ဒီလိုနဲ့ ဆရာမက ကျောင်း ပြန်ဖွင့်တော့ သူတာဝန်ကျရာ ဒေသကို ပြန်သွားရပြန်တယ် ။ဆရာမ ပြန်သွားပြီး နှစ်ရက် ၊ သုံးရက် နေတော့ အိမ်ဖော်လေးက ကိုမိုးကြီးကို ပြောပါလေရော။
အိမ်မှာ ဟင်းချက်တဲ့ ဒယ်အိုးကြီး မရှိတော့ဘူး ပျောက်နေတယ် တဲ့” ဆရာမ ပြန်သွားကတည်းက ပျောက်တာ ဆရာမဆီ မှားများ ပါသွားလေသလား မေးကြည့်ပါအုံး ” ဆိုတော့ကိုမိုးကြီး လည်း သူ့မိန်းမ ကျောင်းဆရာမဆီ စာရေးပြီး မေးရ တာပေါ့” မိန်းမရေ မင်းယူတယ် လို့ မစွပ်စွဲပါဘူး မင်း ပြန်သွား ကတည်းက အိမ်မှာ ဟင်းချက်တဲ့ ဒယ်အိုးကြီး ပျောက်နေလို့ ” လို့ မင်းဆီများ မှားပါသွား သလား.. ဆိုပီး စာပို့ လိုက်တယ် ။အဲ့ဒီတော့.. သူ့မိန်းမ ကျောင်းဆရာမ ဆီက စာပြန်လာတယ်
” ယောက်ျားရေ … ရှင်တို့ အတူ အိပ်ကြတယ်လို့ ကျမ မစွပ်စွဲပါဘူး… ရှင်ခေါ်ထားတဲ့ အိမ်ဖော်မိန်းမ အချော အလှလေးသာ သူ့အခန်း သူ့အိပ်ယာမှာ သူ အိပ်ရင် အခု ရှင်တို့ ပျောက်နေတဲ့ ဟင်းချက် ဒယ်အိုးကို ပြန်တွေ့တာ ကြာပါပြီ…ဒယ်အိုးက ရှင့် အိမ်ဖော်မ ရဲ့ အခန်းထဲက သူ့ အိပ်ယာပေါ် သူ့ ခေါင်းအုံး အောက်မှာ ရှိပါတယ် တဲ့..။” ငွမ့် .. ”( ဆရာမသည် အချဉ်မဟုတ် )
မူရင်းရေးသားသူ ကို လေးစာစွာ Credit ပေးပါတယ်။ ApannPyay မှ အနည်းငယ် ကိုးကားပြင်ဆင်ပေးလိုက်ပါသည်။ အပန်းပြေစေရန် ဟာသအမြင်ဖြင့် ဖတ်ရှုပျော်ရွှင်နိုင်ကြပါစေ..



