ဟာသ

သမီးက ကလေးရှိသေးတယ် ဆိုတဲ့ KTV က ၁၆ နှစ်မလေး














0ိာန်​ 🙂 0ိာန်​ 🙂


Unicode

ကောင်မလေးကလည်း အကြိမ်ကြိမ်​ငြင်းဆို​နေတာ​ပေါ့ !

”ဦးရယ် မဖြစ်နိုင်ပါဘူး ခုမီးက…ခလေးရှိသေးတယ်”

ဘောစိ ဦးလေးကြီးလည်း” မီးကိုသာရမယ်ဆို ဘယ်ပုဒ်မတွေမဆို ငွေနဲ့ဖြေရှင်း

မည်ဖြစ်ကြောင်း နွားအို မြက်နုကြိုက်တာ အစဉ်အလာဖြစ်ကြောင်း” ပြောဆိုကာ ဒူးထောက်၍ လက်ထပ်ခွင့်တောင်း​နေပြန်​တယ်​ !

ကောင်မလေးကလည်း “ငရဲတွေကြီးပါ့မယ် ဦးရယ်…မီးက တကယ် ခလေးရှိပါသေးတယ်”ဆိုပြီးအကြိမ်ကြိမ်ငြင်းဆိုနေတော့…

ဘောစိဦးလေးကြီးလည်း …“မီး​လေး​ရေ …ရှေ့ရေးစဉ်းစား​လေ” ..ဆိုပြီး အမြဲ နားပူနားစာလုပ်​​နေတယ်​ !

နောက်ဆုံးတော့ မီးဆိုတဲ့ကောင်မလေး လည်း ဘောစိဦးလေးကို….မငြင်းသာ မလှုပ်သာပဲ လက်ထပ်ဖို့သဘောတူလိုက်တယ် !

ကောင်မလေးက..ဦးနဲ့လက်ထပ်ပြီး ရွာကို ခဏ ဆိုပြီးပြန်သွားတာပေါ့ !ဦးလည်း လွမ်းကာကျန်ရစ်ခဲ့တယ်​ !

နှစ်ရက်သုံးရက်နေတော့ ကောင်မလေး ဦးဆီကို ပြန်ရောက်လာတယ် !

ကောင်မလေး(ခေါ် )မီးရဲ့ ဘယ်ဘက်​လက်မှာ တစ်​နှစ်အရွယ် ခလေး​လေးတစ်ယောက် ချီပိုးပြီးပါလာတယ်။

အဲ့ဒီမှာ ဘောစိဦးလေးကြီးကဘယ်သူလဲ ​မေးတာပေါ့ !

“ဦးကို မီးပြောထားတယ်လေ…မီးက ခလေးရှိသေးတယ်လို့ပြောထားတာ ဦးမေ့သွားပြီလား”တဲ့….!

ဘောစိကြီးလည်း အဲ့ဒီနေရာမှာပဲရှော့ဖြစ်ပြီး နန်းတော်ဆေးရုံ​ရောက်​ရှာ​ပေါ့ !

0ာိန်​ 🙂 0ာိန်​ 🙂

Credit :Original Uploader