မိုးေလ၀သ

ယနေ့ည ၁၁ နာရီနောက်ပိုင်းမှစ၍ ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် ၄ ခု လေပြင်းတိုက်ခတ်ကာ မိုးကြီးပြီး မိုးကြိုးပစ်ခြင်းများ သတိပြုရန်

ယေန႔ည ၁၁ နာရီေနာက္ပိုင္းမွစ၍ ရန္ကုန္အပါအဝင္ တိုင္းႏွင့္ျပည္နယ္ ၄ ခု ေလျပင္းတိုက္ခတ္ကာ မိုးႀကီးၿပီး မိုးႀကိဳးပစ္ျခင္းမ်ား သတိျပဳရန္

ရန္ကုန္တိုင္းအပါအဝင္တိုင္းႏွင့္ျပည္နယ္ ၄ ခု၌ ဧၿပီ ၉ ရက္(ယေန႔)ည ၁၁ နာရီေနာက္ပိုင္းမွစ၍

ေလျပင္းတိုက္ခတ္ျခင္း၊မိုးႀကီးျခင္းႏွင့္မိုးႀကိဳးပစ္ျခင္းမ်ားျဖစ္ေပၚနိုင္သျဖင့္သတိျပဳေနထိုင္ၾကရန္ မြန္၊ကရင္၊တနသၤာရီမိုးေလဝသ

အထူးေစာင့္ၾကည့္ထုတ္ျပန္ေရးမွထုတ္ျပန္ေၾကညာထားပါတယ္။

ထိုသို႔ ျဖစ္ေပၚလာနိုင္ျခင္းမွာ မုတၱမေကြ႕တြင္ မိုး ႀကိဳးမုန္တိုင္းေပါင္းစပ္မႈ(Thunderstorms Composite)ျဖစ္ေပၚမည္ျဖစ္၍ျဖစ္ေပၚလာျခင္းျဖစ္ေၾကာင္းမြန္၊

ကရင္၊တနသၤာရီမိုးေလဝသအထူးေစာင့္ၾကည့္ထုတ္ျပန္ေရး၏ထုတ္ျပန္ခ်က္အရသိရပါတယ္။

ထို႔ေၾကာင့္ရန္ကုန္တိုင္းရွိ ေတာင္ပိုင္းခရိုင္ႏွင့္အေရွ႕ပိုင္းခရိုင္၊တနသၤာရီတိုင္းရွိ ၿမိတ္ခရိုင္ႏွင့္ထားဝယ္ခရိုင္တို႔တြင္ ေလျပင္းတိုင္ျခင္း၊မိုးႀကီးျခင္းႏွင့္မိုး

ႀကိဳးပစ္ျခင္းမ်ားျဖစ္ေပၚနိုင္ေၾကာင္းသိရပါတယ္။အလားတူ မြန္ျပည္နယ္ရွိက်ိဳက္ထို၊

ေတာင္စြန္း၊ဘီးလင္း၊သထုံ၊က်ိဳက္ေကာ္၊ေပါင္၊ေမာ္လၿမိဳင္၊ေခ်ာင္းဆုံ၊မုဒုံ၊က်ိဳက္မေရာ၊က်ိဳက္ခမီႏွင့္သံျဖဴဇရပ္၊ကရင္ျပည္နယ္ရွိ

ဘားအံ၊က်ဳံဒိုး၊ၾကာအင္းဆိပ္ႀကီးႏွင့္လွိုင္းဘြဲ႕တို႔တြင္လည္း ေလျပင္းတိုက္ျခင္း၊မိုးႀကီးျခင္းႏွင့္မိုးႀကိဳးပစ္ျခင္းမ်ားျဖစ္ေပၚနိုင္ေၾကာင္း

မြန္၊ကရင္၊တနသၤာရီမိုးေလဝသအထူးေစာင့္ၾကည့္ထုတ္ျပန္ေရးမွ ထုတ္ျပန္အသိေပးခဲ့သည္။မိုးႏွင့္အတူ မိုးတိမ္စုဖြဲ႕မႈမွျဖစ္ေပၚလာေသာ

ဖိအားျမင့္ေလစီးမ်ားေျမျပင္သို႔စိုက္ဆင္းျခင္းေၾကာင့္

အလြန္ျပင္းထန္ေသာ ေလျပင္းတိုက္ခတ္မ်ားႏွင့္ မိုးႀကီးျခင္း၊မိုးႀကိဳးပစ္ျခင္း အႏၲရာယ္မ်ား က်ေရာက္နိုင္ျခင္းျဖစ္၍ ဂ႐ုျပဳေနထိုင္ၾကရန္ မြန္၊

ကရင္၊တနသၤာရီ မိုးေလဝသအထူးေစာင့္ၾကည့္ ထုတ္ျပန္ေရးမွထုတ္ျပန္အသိေပးထားပါတယ္။

credit,

Unicode,

ယနေ့ည ၁၁ နာရီနောက်ပိုင်းမှစ၍ ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် ၄ ခု လေပြင်းတိုက်ခတ်ကာ မိုးကြီးပြီး မိုးကြိုးပစ်ခြင်းများ သတိပြုရန်

ရန်ကုန်တိုင်းအပါအဝင်တိုင်းနှင့်ပြည်နယ် ၄ ခု၌ ဧပြီ ၉ ရက်(ယနေ့)ည ၁၁ နာရီနောက်ပိုင်းမှစ၍

လေပြင်းတိုက်ခတ်ခြင်း၊မိုးကြီးခြင်းနှင့်မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်နိုင်သဖြင့်သတိပြုနေထိုင်ကြရန် မွန်၊ကရင်၊တနင်္သာရီမိုးလေဝသ

အထူးစောင့်ကြည့်ထုတ်ပြန်ရေးမှထုတ်ပြန်ကြေညာထားပါတယ်။

ထိုသို့ ဖြစ်ပေါ်လာနိုင်ခြင်းမှာ မုတ္တမကွေ့တွင် မိုး ကြိုးမုန်တိုင်းပေါင်းစပ်မှု(Thunderstorms Composite)ဖြစ်ပေါ်မည်ဖြစ်၍ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းမွန်၊

ကရင်၊တနင်္သာရီမိုးလေဝသအထူးစောင့်ကြည့်ထုတ်ပြန်ရေး၏ထုတ်ပြန်ချက်အရသိရပါတယ်။

ထို့ကြောင့်ရန်ကုန်တိုင်းရှိ တောင်ပိုင်းခရိုင်နှင့်အရှေ့ပိုင်းခရိုင်၊တနင်္သာရီတိုင်းရှိ မြိတ်ခရိုင်နှင့်ထားဝယ်ခရိုင်တို့တွင် လေပြင်းတိုင်ခြင်း၊မိုးကြီးခြင်းနှင့်မိုး

ကြိုးပစ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်းသိရပါတယ်။အလားတူ မွန်ပြည်နယ်ရှိကျိုက်ထို၊

တောင်စွန်း၊ဘီးလင်း၊သထုံ၊ကျိုက်ကော်၊ပေါင်၊မော်လမြိုင်၊ချောင်းဆုံ၊မုဒုံ၊ကျိုက်မရော၊ကျိုက်ခမီနှင့်သံဖြူဇရပ်၊ကရင်ပြည်နယ်ရှိ

ဘားအံ၊ကျုံဒိုး၊ကြာအင်းဆိပ်ကြီးနှင့်လှိုင်းဘွဲ့တို့တွင်လည်း လေပြင်းတိုက်ခြင်း၊မိုးကြီးခြင်းနှင့်မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း

မွန်၊ကရင်၊တနင်္သာရီမိုးလေဝသအထူးစောင့်ကြည့်ထုတ်ပြန်ရေးမှ ထုတ်ပြန်အသိပေးခဲ့သည်။မိုးနှင့်အတူ မိုးတိမ်စုဖွဲ့မှုမှဖြစ်ပေါ်လာသော

ဖိအားမြင့်လေစီးများမြေပြင်သို့စိုက်ဆင်းခြင်းကြောင့်

အလွန်ပြင်းထန်သော လေပြင်းတိုက်ခတ်များနှင့် မိုးကြီးခြင်း၊မိုးကြိုးပစ်ခြင်း အန္တရာယ်များ ကျရောက်နိုင်ခြင်းဖြစ်၍ ဂရုပြုနေထိုင်ကြရန် မွန်၊

ကရင်၊တနင်္သာရီ မိုးလေဝသအထူးစောင့်ကြည့် ထုတ်ပြန်ရေးမှထုတ်ပြန်အသိပေးထားပါတယ်။

credit,