အိႏၵိယႏိုင္ငံ Odishaျပည္နယ္ရွိ ေက်းလက္ေဒသတြင္ ေနထိုင္ေသာ အသက္၄၂ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ လက္လုပ္လက္စားဘဝႏွင့္ ႐ုန္းကန္ေနရသူျဖစ္ၿပီး တီဘီေရာဂါသည္ ဇနီးျဖစ္သူအတြက္လည္း ေဆးဖိုးဝါးခ ရွာေပးခဲ့ရသည္။
ဇနီးျဖစ္သူသည္ တီဘီေရာဂါရေနခ်ိန္တြင္ ေငြေၾကးမတတ္ႏိုင္တာေၾကာင့္ အိမ္မွာပဲ ေဆးေလးဝယ္ေသာက္ရင္းနဲ႔ ေနခဲ့ရာ အေျခအေနအေတာ္ဆိုးလာေသာေန႔တြင္ ခင္ပြန္းျဖစ္သူမွ အိမ္နီးနားခ်င္းဆီကေန ပိုက္ဆံေခ်းၿပီးေတာ့ ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့သည္။
သို႔ေသာ္လည္း ဇနီးျဖစ္သူရဲ႕ ေရာဂါမွာ ဆိုး႐ြားလြန္းသြားၿပီး ေဆး႐ုံေရာက္တာနဲ႔ မၾကာမီ ဆုံးပါးသြားခဲ့ရာ ပိုက္ဆံကလည္း လက္ထဲမက်န္ေတာ့၍ ဇနီးရဲ႕႐ုပ္အေလာင္းကို အိမ္ျပန္လိုက္ပို႔ေပးရန္ ေဆး႐ုံဆီအကူအညီေတာင္းခဲ့ေသာ္လည္း ျငင္းဆန္ခဲ့သည္။
ထို႔ေၾကာင့္ အမ်ိဳးသားသည္ ဇနီးျဖစ္သူရဲ႕ ႐ုပ္အေလာင္းကို ေစာင္တစ္ခုနဲ႔ထုတ္လိုက္ၿပီး ပုခုံးေပၚတင္ကာ ကီလိုမီတာ ၆၀အကြာအေဝးရွိအိမ္သို႔ ဝမ္းနည္းစြာငိုရင္း ထမ္းျပန္သြားခဲ့ရာ ျမင္ေတြ႕သူမ်ားမွ သနားၿပီး ကားဌားေပးခဲ့သည္။
Rain (For Ialinks)
Unicode
ကားဌားခ ပေးဖို့မတတ်နိုင်တာကြောင့် ဆေးရုံကနေ ၆၀ကီလိုမီတာကွာဝေးသော အိမ်သို့ ဇနီးဖြစ်သူရဲ့ရုပ်အလောင်းကို ထမ်းပြန်ခဲ့သော အမျိုးသား
အိန္ဒိယနိုင်ငံ Odishaပြည်နယ်ရှိ ကျေးလက်ဒေသတွင် နေထိုင်သော အသက်၄၂နှစ်အရွယ် အမျိုးသားတစ်ဦးသည် လက်လုပ်လက်စားဘဝနှင့် ရုန်းကန်နေရသူဖြစ်ပြီး တီဘီရောဂါသည် ဇနီးဖြစ်သူအတွက်လည်း ဆေးဖိုးဝါးခ ရှာပေးခဲ့ရသည်။
ဇနီးဖြစ်သူသည် တီဘီရောဂါရနေချိန်တွင် ငွေကြေးမတတ်နိုင်တာကြောင့် အိမ်မှာပဲ ဆေးလေးဝယ်သောက်ရင်းနဲ့ နေခဲ့ရာ အခြေအနေအတော်ဆိုးလာသောနေ့တွင် ခင်ပွန်းဖြစ်သူမှ အိမ်နီးနားချင်းဆီကနေ ပိုက်ဆံချေးပြီးတော့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
သို့သော်လည်း ဇနီးဖြစ်သူရဲ့ ရောဂါမှာ ဆိုးရွားလွန်းသွားပြီး ဆေးရုံရောက်တာနဲ့ မကြာမီ ဆုံးပါးသွားခဲ့ရာ ပိုက်ဆံကလည်း လက်ထဲမကျန်တော့၍ ဇနီးရဲ့ရုပ်အလောင်းကို အိမ်ပြန်လိုက်ပို့ပေးရန် ဆေးရုံဆီအကူအညီတောင်းခဲ့သော်လည်း ငြင်းဆန်ခဲ့သည်။
ထို့ကြောင့် အမျိုးသားသည် ဇနီးဖြစ်သူရဲ့ ရုပ်အလောင်းကို စောင်တစ်ခုနဲ့ထုတ်လိုက်ပြီး ပုခုံးပေါ်တင်ကာ ကီလိုမီတာ ၆၀အကွာအဝေးရှိအိမ်သို့ ဝမ်းနည်းစွာငိုရင်း ထမ်းပြန်သွားခဲ့ရာ မြင်တွေ့သူများမှ သနားပြီး ကားဌားပေးခဲ့သည်။
Rain (For Ialinks)