ျမန္မာအတြက္ ေဒၚလာ ၁၃၆ သန္းကူညီေပးအပ္မယ့္ See More…
ဧၿပီ ၇
အေမရိကန္အစိုးရ အမ်ိဳးသားလုံၿခဳံေရးေကာင္စီရဲ႕ အေရွ႕အာရွေဒသဆိုင္ရာ အဆင့္ျမင့္ ဒါ႐ိုက္တာ Mr. Egatd Kavan နဲ႔
အိမ္ျဖဴေတာ္မွာ ေတြ႕ဆုံခဲ့ေၾကာင္း NUG ဝန္ႀကီးဦးေအာင္မ်ိဳးမင္းက သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။
အေမရိကန္အစိုးရနဲ႔ ေဒသအတြင္းက မိတ္ဖက္ႏိုင္ငံေတြ ပူးေပါင္းၿပီး ျမန္မာ့ေႏြဦးေတာ္လွန္ေရးအတြက္ ကူညီႏိုင္မဲ့နည္းလမ္းေတြကို
ပြင့္လင္းစြာ ေဆြးေႏြးႏိုင္ခဲ့ေၾကာင္းလည္း ေဖၚျပထားပါတယ္။
ဒီေဆြးေႏြးပြဲဟာ ျမန္မာအတြက္ ေဒၚလာ ၁၃၆ သန္းေက်ာ္ ကူညီေရး ပါဝင္တဲ့ ၂၀၂၂ အေမရိကန္ ကာကြယ္ေရး အသုံးစရိတ္
ဥပေဒ NDAA နဲ႔လည္း ပတ္သက္ ဆက္စပ္ ေနတာ ျဖစ္ပါတယ္။
ေဒၚလာ ၁၃၆ သန္းေက်ာ္ ကူညီေထာက္ပံ့မယ့္ အဖြဲ႕အစည္းေတြထဲမွာ NUG၊ NUCC၊ CRPH၊ EAO ေတြနဲ႔ CDM လႈပ္ရွားမႈ ေတြ ပါဝင္ပါဝယ္။
ဒါေပမယ့္လို႔ ဒါဟာ အၾကမ္းမဖက္ လုပ္ငန္း ေဆာင္႐ြက္မႈေတြ အတြက္သာ အက်ဳံးဝင္မွာ ျဖစ္ပါတယ္။
အခု အေမရိကန္ အစိုးရပိုင္းနဲ႔ ေဆြးေႏြးေနတဲ့ NUG ကိုယ္စားလွယ္အဖြဲ႕မွာ လူ႔အခြင့္အေရး ဝန္ႀကီး ဦးေအာင္မ်ိဳးမင္း၊ ႏိုင္ငံျခားေရး
ဒုဝန္ႀကီး ဦးမိုးေဇာ္ဦး နဲ႔ အာဆီယံကိုယ္စားလွယ္ ဦးဘိုလွတင့္ တို႔ပါဝင္ၾကပါတယ္။
အေမရိကန္အစိုးရက အခုလို NUG ကိုယ္စားလွယ္ အဖြဲ႕ကို ေတြ႕ဆုံတာဟာ၊ ထုတ္မေျပာေပမယ့္ NUG ကို တရားဝင္အစိုးရ
အျဖစ္ အသိအမွတ္ျပဳရာ ေရာက္တယ္လို႔ ဦးေအာင္မ်ိဳးမင္းက အေစာပိုင္းမွာ ေျပာၾကားထားပါတယ္။
THN freelance journalist
Unicode
မြန်မာအတွက် ဒေါ်လာ ၁၃၆ သန်းကူညီပေးအပ်မယ့် See More…
ဧပြီ ၇
အမေရိကန်အစိုးရ အမျိုးသားလုံခြုံရေးကောင်စီရဲ့ အရှေ့အာရှဒေသဆိုင်ရာ အဆင့်မြင့် ဒါရိုက်တာ Mr. Egatd Kavan နဲ့
အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြောင်း NUG ဝန်ကြီးဦးအောင်မျိုးမင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
အမေရိကန်အစိုးရနဲ့ ဒေသအတွင်းက မိတ်ဖက်နိုင်ငံတွေ ပူးပေါင်းပြီး မြန်မာ့နွေဦးတော်လှန်ရေးအတွက် ကူညီနိုင်မဲ့နည်းလမ်းတွေကို
ပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ကြောင်းလည်း ဖေါ်ပြထားပါတယ်။
ဒီဆွေးနွေးပွဲဟာ မြန်မာအတွက် ဒေါ်လာ ၁၃၆ သန်းကျော် ကူညီရေး ပါဝင်တဲ့ ၂၀၂၂ အမေရိကန် ကာကွယ်ရေး အသုံးစရိတ်
ဥပဒေ NDAA နဲ့လည်း ပတ်သက် ဆက်စပ် နေတာ ဖြစ်ပါတယ်။
ဒေါ်လာ ၁၃၆ သန်းကျော် ကူညီထောက်ပံ့မယ့် အဖွဲ့အစည်းတွေထဲမှာ NUG၊ NUCC၊ CRPH၊ EAO တွေနဲ့ CDM လှုပ်ရှားမှု တွေ ပါဝင်ပါဝယ်။
ဒါပေမယ့်လို့ ဒါဟာ အကြမ်းမဖက် လုပ်ငန်း ဆောင်ရွက်မှုတွေ အတွက်သာ အကျုံးဝင်မှာ ဖြစ်ပါတယ်။
အခု အမေရိကန် အစိုးရပိုင်းနဲ့ ဆွေးနွေးနေတဲ့ NUG ကိုယ်စားလှယ်အဖွဲ့မှာ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်း၊ နိုင်ငံခြားရေး
ဒုဝန်ကြီး ဦးမိုးဇော်ဦး နဲ့ အာဆီယံကိုယ်စားလှယ် ဦးဘိုလှတင့် တို့ပါဝင်ကြပါတယ်။
အမေရိကန်အစိုးရက အခုလို NUG ကိုယ်စားလှယ် အဖွဲ့ကို တွေ့ဆုံတာဟာ၊ ထုတ်မပြောပေမယ့် NUG ကို တရားဝင်အစိုးရ
အဖြစ် အသိအမှတ်ပြုရာ ရောက်တယ်လို့ ဦးအောင်မျိုးမင်းက အစောပိုင်းမှာ ပြောကြားထားပါတယ်။
THN freelance journalist