ေဗဒင္

ၾကာသပေတး သားသမီးမ်ား အတြက္ ၁၃၈၄ ခုႏွစ္ အတြင္း တစ္ႏွစ္စာေဟာစာတမ္း

ၾကာသပေတး သားသမီးမ်ား အတြက္ ၁၃၈၄ ခုႏွစ္ အတြင္း တစ္ႏွစ္စာေဟာစာတမ္း

စီးပြားေရးႏွင့္အလုပ္အကိုင္

လုပ္ငန္းခြင္ ျပႆနာမ်ား ၾကဳံေတြ႕ရမည္၊ သို႔ေသာ္ ကိုယ္က ေအာင္နိုင္ဖို႔ ၇၀%ရွိပါတယ္။ ေဒါသနဲ႔ ေလာဘစိတ္ကို ထိန္းၿပီးလုပ္ေဆာင္နိုင္မွသာ ေအာင္နိုင္ပါမယ္။ ေလာဘႏွင့္ အတၱစိတ္မ်ားပါက ျပႆနာမ်ား ႀကီးထြားၿပီး တစ္ႏွစ္လုံး ျပႆနာမ်ားသာ ေျဖရွင္းေနရပါမည္။

အိမ္၊ၿခံ၊ေျမတို႔နဲ႔ပတ္သက္ေသာ အမႈမ်ားလည္း ျဖစ္နိုင္ပါတယ္။ ျပႆနာမ်ားေသာ ႏွစ္တစ္ႏွစ္လည္း ျဖစ္ပါတယ္။ အပ်က္အဆီးမ်ားၿပီးထိခိုက္မႈလည္း မ်ားနိုင္ပါတယ္။ မျမဲေသာတရားကို လက္ကိုင္ထားပါမွ စိတ္သက္သာရာရပါမယ္။

အကူအညီႏွင့္အေထာက္အပံ့

မိခင္၊ သားသမီး၊ ညီကိုေမာင္ႏွမေတြရဲ့ကူညီေထာက္ပံ့မႈမ်ားရရွိပါမယ္။ အကူအညီေတာင္းလာဖို႔လိုအပ္လၽွင ္ေသြးသားေတာ္စပ္သူကိုသာ ေတာင္းပါ။ မိတ္ေဆြမ်ားက ကူညီမလိုျဖင့္ ကူညီမ်ားပ်က္ဆီးသြားတတ္ပါတယ္။ မိတ္ေဆြမ်ားနဲ႔ စိတ္ဝမ္းကြဲျခင္း ဆုံးရႈံးျခင္းမ်ားၾကဳံနိုင္ပါတယ္။

ပညာေရးႏွင့္ဘာသာေရး

ပညာေရးတြင္ မျမဲပါ။ မည္သည့္ပညာရပ္ကိုမဆို အဆုံးထိၿပီးဆုံးသည္အထိ သင္ယူလိုေသာ စိတ္ဆႏၵမရွိတာ ေတြ႕ရပါမယ္။ ဘာသာေရးကူမွ စိတ္သက္သာရာရပါမယ္။ေမတၱာသုတ္ကို တစ္ေန႔လၽွင္ ၅ ေခါက္ရြတ္ေပးပါ။

စိတ္ပိုင္းဆိုင္ရာ

စိတ္ပူပင္ေသာကရွိေပမဲ့ မျမဲေသာတရားကို လက္ကိုင္ထားနိုင္ပါက စိတ္သက္သာရာရနိုင္ပါတယ္။ စိတ္ပူစိတ္ညစ္တိုင္း ဘုရားကို ေရလႉေပးပါ။ ေရကဲ့သို႔ ေအးခ်မ္းပါရေစလို႔လည္း ဆုေတာင္းေပးလၽွင ္သက္သာပါမယ္။

က်န္းမာေရး

ႏွလုံးႏွင့္ပတ္ေသာေရဝဒနာေရာဂါေပၚတတ္ပါတယ္။ ဒူး၊ေျခသလုံး စတဲ့ ေနရာမ်ားတြင္လည္း နာက်င္၊ကိုက္ခဲျခင္း ေဝဒနာမ်ား ေပၚလာတတ္ပါတယ္။

ဆင္ျခင္ရန္

ေတြးပူတတ္ေသာ စိတ္ကို ထိန္းသိမ္းရပါမယ္။

ေဒါသစိတ္နဲ႔ စကားေျပာဆိုျခင္းကို ထိန္းသိမ္းရပါမယ္။

ေလာဘစိတ္၊ ကိုယ့္အက်ိဳးစီးပြားကိုသာ ေတြးေသာၾကည့္ေသာစိတ္ကို ထိန္းသိမ္းရါပမယ္။ အဲဒီ ၃ ခ်က္ေၾကာင့္ ျပႆနာ၊အမႈအခင္း ျဖစ္တတ္ပါတယ္။

ယၾတာ

လာမဲ့ျမန္မာ ႏွစ္ဆန္းတစ္ရက္ေန႔ နံနက္ ၉နာရီ ၂၇ မိနစ္မွာ နို႔နစ္ေရာင္၊(သို႔)အဝါေဖ်ာ့ေရာင္ ဝတ္ဆင္ၿပီး အိမ္က ဘုရားမွာ ဘယာေၾကာ္လႉေပးပါ။

(၁)တစ္ႏွစ္လုံး ေဘးကင္းလိုရာျပည့္ေစဖို႔ကေတာ့ ဂုဏ္ေတာ္ကြန္ခ်ာ ၃ ေခါက္နဲ႔ နဲ႔ေမတၱာသုတ္ ၅ ေခါက္ကို ေန႔စဥ္ရြတ္ဖတ္ေပးပါ။

(၂)ေန႔စဥ္ ပန္းတစ္မ်ိဳးမ်ိဳး လႉဒါန္းေပးပါ။ ဆင္းရဲႏြမ္းပါးသူမ်ားအား ေငြလႉေပးပါ။

(၃) သီလ ၃ပါး ကို ေန႔စဥ္ ထိန္းသိမ္းေပးပါ။

unicode

ကြာသပတေး သားသမီးများ အတွက် ၁၃၈၄ ခုနှစ် အတွင်း တစ်နှစ်စာဟောစာတမ်း

စီးပွားရေးနှင့်အလုပ်အကိုင်

လုပ်ငန်းခွင် ပြဿနာများ ကြုံတွေ့ရမည်၊ သို့သော် ကိုယ်က အောင်နိုင်ဖို့ ၇၀%ရှိပါတယ်။ ဒေါသနဲ့ လောဘစိတ်ကို ထိန်းပြီးလုပ်ဆောင်နိုင်မှသာ အောင်နိုင်ပါမယ်။ လောဘနှင့် အတ္တစိတ်များပါက ပြဿနာများ ကြီးထွားပြီး တစ်နှစ်လုံး ပြဿနာများသာ ဖြေရှင်းနေရပါမည်။

အိမ်၊ခြံ၊မြေတို့နဲ့ပတ်သက်သော အမှုများလည်း ဖြစ်နိုင်ပါတယ်။ ပြဿနာများသော နှစ်တစ်နှစ်လည်း ဖြစ်ပါတယ်။ အပျက်အဆီးများပြီးထိခိုက်မှုလည်း များနိုင်ပါတယ်။ မမြဲသောတရားကို လက်ကိုင်ထားပါမှ စိတ်သက်သာရာရပါမယ်။

အကူအညီနှင့်အထောက်အပံ့

မိခင်၊ သားသမီး၊ ညီကိုမောင်နှမတွေရဲ့ကူညီထောက်ပံ့မှုများရရှိပါမယ်။ အကူအညီတောင်းလာဖို့လိုအပ်လျှင ်သွေးသားတော်စပ်သူကိုသာ တောင်းပါ။ မိတ်ဆွေများက ကူညီမလိုဖြင့် ကူညီများပျက်ဆီးသွားတတ်ပါတယ်။ မိတ်ဆွေများနဲ့ စိတ်ဝမ်းကွဲခြင်း ဆုံးရှုံးခြင်းများကြုံနိုင်ပါတယ်။

ပညာရေးနှင့်ဘာသာရေး

ပညာရေးတွင် မမြဲပါ။ မည်သည့်ပညာရပ်ကိုမဆို အဆုံးထိပြီးဆုံးသည်အထိ သင်ယူလိုသော စိတ်ဆန္ဒမရှိတာ တွေ့ရပါမယ်။ ဘာသာရေးကူမှ စိတ်သက်သာရာရပါမယ်။မေတ္တာသုတ်ကို တစ်နေ့လျှင် ၅ ခေါက်ရွတ်ပေးပါ။

စိတ်ပိုင်းဆိုင်ရာ

စိတ်ပူပင်သောကရှိပေမဲ့ မမြဲသောတရားကို လက်ကိုင်ထားနိုင်ပါက စိတ်သက်သာရာရနိုင်ပါတယ်။ စိတ်ပူစိတ်ညစ်တိုင်း ဘုရားကို ရေလှူပေးပါ။ ရေကဲ့သို့ အေးချမ်းပါရစေလို့လည်း ဆုတောင်းပေးလျှင ်သက်သာပါမယ်။

ကျန်းမာရေး

နှလုံးနှင့်ပတ်သောရေဝဒနာရောဂါပေါ်တတ်ပါတယ်။ ဒူး၊ခြေသလုံး စတဲ့ နေရာများတွင်လည်း နာကျင်၊ကိုက်ခဲခြင်း ဝေဒနာများ ပေါ်လာတတ်ပါတယ်။

ဆင်ခြင်ရန်

တွေးပူတတ်သော စိတ်ကို ထိန်းသိမ်းရပါမယ်။

ဒေါသစိတ်နဲ့ စကားပြောဆိုခြင်းကို ထိန်းသိမ်းရပါမယ်။

လောဘစိတ်၊ ကိုယ့်အကျိုးစီးပွားကိုသာ တွေးသောကြည့်သောစိတ်ကို ထိန်းသိမ်းရါပမယ်။ အဲဒီ ၃ ချက်ကြောင့် ပြဿနာ၊အမှုအခင်း ဖြစ်တတ်ပါတယ်။

ယတြာ

လာမဲ့မြန်မာ နှစ်ဆန်းတစ်ရက်နေ့ နံနက် ၉နာရီ ၂၇ မိနစ်မှာ နို့နစ်ရောင်၊(သို့)အဝါဖျော့ရောင် ဝတ်ဆင်ပြီး အိမ်က ဘုရားမှာ ဘယာကြော်လှူပေးပါ။

(၁)တစ်နှစ်လုံး ဘေးကင်းလိုရာပြည့်စေဖို့ကတော့ ဂုဏ်တော်ကွန်ချာ ၃ ခေါက်နဲ့ နဲ့မေတ္တာသုတ် ၅ ခေါက်ကို နေ့စဉ်ရွတ်ဖတ်ပေးပါ။

(၂)နေ့စဉ် ပန်းတစ်မျိုးမျိုး လှူဒါန်းပေးပါ။ ဆင်းရဲနွမ်းပါးသူများအား ငွေလှူပေးပါ။

(၃) သီလ ၃ပါး ကို နေ့စဉ် ထိန်းသိမ်းပေးပါ။