ဗေဒင်

သင်ကြိုက်တဲ့ အရောင်တွေကပြောတဲ့ သင့်အကြောင်း

လူတိုင်းမှာ ကိုယ်ကြိုက်နှစ်သက် တဲ့အရောင်တွေ ကိုယ်စီ ရှိကြ ပါတယ်။ အဲ့လို မတူညီတဲ့အရောင်တွေပေါ် အခြေခံပြီး လူတွေရဲ့ စိတ်နေ စိတ်ထားလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) အနီရောင်

အနီရောင် ကြိုက်တဲ့ သူတွေက ရဲရင့်ပြီး ပြတ်သားကြ ပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ အားအင်အပြည့်ရှိတဲ့ သူတွေလည်း ဖြစ် ပါတယ်။ စူးစမ်းလေ့လာ ရတာကို ကြိုက်နှစ်သက်ကြတဲ့သူတွေ ဖြစ်ပြီး ရည်မှန်းချက်တွေ၊ စိတ်အား ထက်သန် မှုတွေနဲ့ ပြည့်နှက်နေ သူတွေလည်း ဖြစ်ပါတယ်။ ပြီးတော့ သူတို့တွေက ပြိုင်ဆိုင် လိုစိတ်လည်း ပြင်းထန် ကြပါတယ်။

(၂) အဝါရောင်

အဝါရောင်ကြိုက်တဲ့သူတွေက ပျော်ရွှင်မှုနဲ့ လေ့လာ ရတာကို ကြိုက်တဲ့ သူတွေဖြစ် ပါတယ်။ အကြံဉာဏ် အသစ်တွေ၊ ကိုယ်စုဆောင်း ထားမိတဲ့ Knowledgeတွေ ကို တခြားသူတွေကို ဝေမျှတတ်တဲ့ သူတွေလည်း ဖြစ်ပါတယ်။

အဝါရောင်ဆိုတာက နေရောင်ခြည်ကို ကိုယ်စားပြုတဲ့ အရောင်ဖြစ် တာကြောင့် နွေးထွေးမှုတွေ၊ ချစ်ခင်မှုတွေ၊ ပျော်ရွှင်မှုတွေကို ယူဆောင် လာပေးတယ် ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။

(၃) လိမ္မော်ရောင်

လိမ္မော်ရောင်ကြိုက် တဲ့သူတွေက လူတွေ နဲ့ပြောဆို ဆက်ဆံ ရတာကို ကြိုက်ကြတဲ့သူတွေ ဖြစ်ပါတယ်။ အလုပ်လုပ် ရင်လည်း အဖွဲ့လိုက်လုပ် ရတဲ့ အခါမျိုးတွေမှာ Respect ထားတတ်တဲ့ သူတွေလည်း ဖြစ် ပါတယ်။

(၄) အစိမ်းရောင်

အစိမ်းရောင်ကြိုက်တဲ့ သူတွေက အချစ်ကြီးတဲ့ သူတွေ လည်းဖြစ်ပြီး အချစ်ခံချင်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ ဘာပဲ လုပ်လုပ် အသိ အမှတ်ပြု ခံရတာကို ကြိုက်ကြတဲ့သူတွေပါ။လူတွေက သူ့ကို ဘယ်လိုမြင်လဲ ဆိုတာကိုလဲ ဂရုစိုက် ကြတဲ့ သူတွေ ဖြစ်ပါတယ်။ ပြီးတော့ သူတို့လေးတွေက သစ္စာရှိ ကြပြီး၊ ရိုးသားပွင့် လင်းကြတဲ့ သူတွေလည်း ဖြစ်ပါတယ်။

(၅) အပြာရောင်

အရောင်တွေ ထဲမှာ အပြာရောင်ကြိုက် တဲ့သူတွေ တော်တော် များကြ ပါတယ်။ ဒီအရောင်ကြိုက်တဲ့သူလေးတွေက အမှန်တရား၊ ငြိမ်းချမ်းမှုကို နှစ်သက်တဲ့ သူတွေ ဖြစ်ပါတယ်။သူတို့က ဘဝကို သူတို့ရဲ့ယုံကြည်ချက်တွေ၊ ခံယူချက်တွေအလိုက် နေထိုင်ကြတဲ့သူတွေဖြစ်ပြီး လူတွေနဲ့လည်း သဟဇာတ မျှအောင်နေ တတ်တဲ့ သူလေးတွေ လည်း ဖြစ်ပါတယ်။

(၆) ခရမ်းရောင်

ခရမ်းရောင်ကြိုက်တဲ့ သူတွေ ကတော့ အနုပညာဆန်ကြပြီး တစ်ဦးချင်းစီမှာ မတူညီတဲ့ထူးခြားချက်လေးတွေ ရှိပါတယ်။ တက်တက်ကြွကြွ ရှိပြီး ဘယ်အရာမဆို အသေးစိတ်လေးတွေကအစ အာရုံစူးစိုက် မှုရှိ ပါတယ်။

ပေါင်းသင်းဆက်ဆံရေး လည်းကောင်းပြီးတော့ ပြဿနာဖြေရှင်းတဲ့နေရာမှာလည်းတော်ကြပါတယ်။ တခါတလေမှာ စိတ်အပြောင်း အလည်မြန်တတ်ပြီး ဒေါသ လည်းကြီးပါတယ်။ဘာကြောင့်ဆို သူတို့က အရာရာကို စိတ်နှစ်ပြီး ခံစားကြတာကြောင့် ဖြစ်ပါတယ်။ ခရမ်းရောင်ကို တော်ဝင်အရောင်လို့ လည်း တင်စားခေါ်ကြ ပါတယ်။

(၇) ပန်းရောင်

မိန်းကလေးတော်တော်များများက ပန်းရောင်ကြိုက်ကြပြီး အဲ့လိုကြိုက်ကြတဲ့ မိန်းကလေးတွေကလည်း ချစ်ဖို့ကောင်းကြပါတယ်။ ဒါကြောင့် ပန်းရောင်က ချစ်စရာကောင်းတယ်၊ နူးညံ့ ကြင်နာတတ်တယ် ဆိုတဲ့ စိတ်ကို ကိုယ်စားပြုတဲ့ အရောင်ဖြစ် ပါတယ်။

မိန်းကလေး ဆန်တာကို ကိုယ်စားပြုတဲ့ အရောင်ဖြစ်ပြီး ဒီအရောင်ကို ကြိုက်တဲ့သူလေးတွေက တခြားသူတွေနဲ့မတူအောင် အချစ်ခံ ချင်ကြတဲ့ သူလေးတွေ လည်းဖြစ်ပါတယ်။

(၈) အမည်းရောင်

အမည်းရောင်ကြိုက်တဲ့ သူလေးတွေကတော့ စိတ်အားထက်သန်ပြီး ဆုံးဖြတ်ချက်ပြတ်သားကြတဲ့သူတွေ ဖြစ်ပါ တယ်။ ဂုဏ်သိက္ခာကို အလေးထားတဲ့ သူတွေဖြစ်ပြီး လိုချင်တာကိုလည်း မကြောက်ပဲ ရအောင်ယူ တတ်တဲ့ သူတွေ ဖြစ်ပါ တယ်။

(၉) အဖြူရောင်

အဖြူရောင်က လူတွေရဲ့စိတ်ကို ကြည်လင်စေတဲ့ အရောင်ဖြစ်ပြီး အဖြူရောင်ကြိုက်တဲ့သူလေးတွေကလည်း သပ်သပ်ရပ်ရပ်နေ တတ်ပြီး ရိုးရှင်းတဲ့ သူတွေဖြစ် ပါတယ်။အေးဆေးနေတတ်ပြီး အကောင်းမြင် တတ်တဲ့ သူတွေလည်း ဖြစ်ကြ ပါတယ်။ ပြီးတော့သူတို့က လွတ်လပ်မှုကို နှစ်သက်ပြီး ကိုယ့်အားကိုယ်ကိုးတတ်တဲ့သူတွေ ဖြစ်ပါတယ်။

Credit

unicode