ၾကားသိရသမွ်

ရန္ကုန္တိုင္း၊လွည္းကူးၿမိဳ့နယ္မွာ ေန့လည္ပိုင္းက အမ်ိဳးသမီးတစ္ဦးSee More…

ရန္ကုန္တိုင္း၊လွည္းကူးၿမိဳ့နယ္မွာ ေန့လည္ပိုင္းက အမ်ိဳးသမီးတစ္ဦးSee More…

ရန္ကုန္တိုင္း၊လွည္းကူးၿမိဳ့နယ္၊ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၏ မိုင္တိုင္အမွတ္ ၁၃ မိုင္အနီးငါးဆူေတာင္ေက်းရြာအနီးရွိ ဆည္ေျမာင္းအတြင္း

ဧၿပီ ၉ ရက္ေန႔လည္ ၃ နာရီခန္႔က အသက္(၁၇)ႏွစ္အရြယ္အမ်ိဳးသမီးငယ္တစ္ဦးေရနစ္ေပ်ာက္ဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသမီးငယ္ေရနစ္ေပ်ာက္ဆုံးမွုအား ၿမိဳ့နယ္မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ပုလဲအရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊လူမွုကူညီေရးအသင္းမ်ားႏွင့္ပတ္ဝန္က်င္ေနသူမ်ားက စတင္ေရနစ္ေပ်ာက္ဆုံးခဲ့သည့္ အခ်ိန္မွစ၍ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္ရြက္ခဲ့ၾကသည္။

“အဲဒီကေလးမ ေရနစ္ေပ်ာက္ဆုံးသြားလို့ ကူညီရွာေဖြေပးဖို့ သူ႔မိဘေတြနဲ႔ပတ္ဝန္းက်င္ကလူေတြက ကၽြန္ေတာ္တို့ဆီကိုဆက္သြယ္အကူအညီေတာင္းတာေၾကာင့္ စျဖစ္တဲ့အခ်ိန္ကေန

ေန႔ညရွာေဖြေရးလုပ္ငန္းေတြကို အင္အားအျပည့္နဲ႔လုပ္ခဲ့ၾကပါတယ္”ဟုပုလဲအရန္မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦးကေျပာသည္။

ထိုသို့ ရွာေဖြရာတြင္အဖြဲ႕ႏွစ္ဖြဲ႕ခြဲ၍ ရွာေဖြေရးလုပ္ ငန္းမ်ားေဆာင္ရြက္ခဲ့ၾကၿပီး ေရစီးသန္မွုေၾကာင့္ ေရက်သည့္အခ်ိန္အားေစာင့္၍ ရွာေဖြေရးလုပ္ ငန္းမ်ားအား စဥ္ဆက္မပ်က္ျပဳလုပ္ခဲ့ၾကေၾကာင္း သိရသည္။

ယင္းသို့ ေန႔ညမပ်က္ရွာေဖြေရးလုပ္ငန္းမ်ားျပဳ လုပ္ခဲ့ၾကသျဖင့္ ေရနစ္ေပ်ာက္ဆုံးခဲ့သည့္ အမ်ိဳး သမီးငယ္၏ ႐ုပ္အေလာင္းအား ဧၿပီ ၁၁ ရက္နံ နက္ ၈ နာရီ၌ လွည္းကူးၿမိဳ့နယ္၊ကလီေထွာ္ေက်း ရြာရွိ လက္ယာဆိုင္ဖြန္ေရလြတ္ေျမာင္းအတြင္းမွ ျပန္လည္ေတြ႕ရွိခဲ့ရသည္။

“ကေလးမေလးရဲ့ ႐ုပ္အေလာင္းကိုျပန္ေတြ႕ပါၿပီ ရွာေဖြေရးလုပ္ငန္းက ႏွစ္ရက္နဲ႔တစ္မနက္ေလာက္ၾကာသြားတယ္ ေရစီးသန္တာေၾကာင့္ ရွာေဖြေရးလုပ္ရတာအခက္အခဲေလးေတြေတာ့ရွိတာေပါ့”ဟုလွည္းကူးၿမိဳ့နယ္အေျခစိုက္ လူမွုကူညီေရးအ သင္းဝင္တစ္ဦးကေျပာသည္။

ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်မှာ နေ့လည်ပိုင်းက အမျိုးသမီးတစ်ဦးSee More…

ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်၊ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၃ မိုင်အနီးငါးဆူတောင်ကျေးရွာအနီးရှိ ဆည်မြောင်းအတွင်း

ဧပြီ ၉ ရက်နေ့လည် ၃ နာရီခန့်က အသက်(၁၇)နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးငယ်ရေနစ်ပျောက်ဆုံးမှုအား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ပုလဲအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများနှင့်ပတ်ဝန်ကျင်နေသူများက စတင်ရေနစ်ပျောက်ဆုံးခဲ့သည့် အချိန်မှစ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။

“အဲဒီကလေးမ ရေနစ်ပျောက်ဆုံးသွားလို့ ကူညီရှာဖွေပေးဖို့ သူ့မိဘတွေနဲ့ပတ်ဝန်းကျင်ကလူတွေက ကျွန်တော်တို့ဆီကိုဆက်သွယ်အကူအညီတောင်းတာကြောင့် စဖြစ်တဲ့အချိန်ကနေ

နေ့ညရှာဖွေရေးလုပ်ငန်းတွေကို အင်အားအပြည့်နဲ့လုပ်ခဲ့ကြပါတယ်”ဟုပုလဲအရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ထိုသို့ ရှာဖွေရာတွင်အဖွဲ့နှစ်ဖွဲ့ခွဲ၍ ရှာဖွေရေးလုပ် ငန်းများဆောင်ရွက်ခဲ့ကြပြီး ရေစီးသန်မှုကြောင့် ရေကျသည့်အချိန်အားစောင့်၍ ရှာဖွေရေးလုပ် ငန်းများအား စဉ်ဆက်မပျက်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယင်းသို့ နေ့ညမပျက်ရှာဖွေရေးလုပ်ငန်းများပြု လုပ်ခဲ့ကြသဖြင့် ရေနစ်ပျောက်ဆုံးခဲ့သည့် အမျိုး သမီးငယ်၏ ရုပ်အလောင်းအား ဧပြီ ၁၁ ရက်နံ နက် ၈ နာရီ၌ လှည်းကူးမြို့နယ်၊ကလီထှော်ကျေး ရွာရှိ လက်ယာဆိုင်ဖွန်ရေလွတ်မြောင်းအတွင်းမှ ပြန်လည်တွေ့ရှိခဲ့ရသည်။

“ကလေးမလေးရဲ့ ရုပ်အလောင်းကိုပြန်တွေ့ပါပြီ ရှာဖွေရေးလုပ်ငန်းက နှစ်ရက်နဲ့တစ်မနက်လောက်ကြာသွားတယ် ရေစီးသန်တာကြောင့် ရှာဖွေရေးလုပ်ရတာအခက်အခဲလေးတွေတော့ရှိတာပေါ့”ဟုလှည်းကူးမြို့နယ်အခြေစိုက် လူမှုကူညီရေးအ သင်းဝင်တစ်ဦးကပြောသည်။