ဦးတေဇမိသားစုပိုင် Harry’s Bar တွင်ဗုံးကွဲ
-စောနွေဦး/ People’s Spring
မြန်မာပလာဇာရှိ ဦးတေဇ၏မိသားပိုင်ဆိုင်သည့် Harry’s Bar တွင် ယနေ့ ညနေ ၄နာရီခွဲခန့်တွင် ဗုံးပေါက်ကွဲမူဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည်။
ပေါက်ကွဲမူကြောင့် လူထိခိုက်ခြင်းမရှိဘဲမှန်များကွဲသွားကြောင်းလည်း သိရသည်။
“မှန်တွေကွဲသွားတယ်၊ ဘားထဲက လူတွေထိခိုက်တာမျိုးမရှိပါဘူး” ဟု ကိုယ်တိုင်မြင်ခဲ့ရသူတစ်ဦးက ပြောသည်။
Harry’s barသည် စင်ကာပူအခြေစိုက်လုပ်ငန်းဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီကို လက်နက်တင်သွင်းပေးသည့် ဦးတေဇ၏မိသားစု ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
“Harry’s ကစစ်တပ်နဲ့ဆက်စပ်နေလို့ခွဲတာထင်တယ်။ အခုတော့ အဲ့နားမှာ စစ်တပ်ကောရဲတွေကော အများကြီး ပဲလမ်းပိတ်ပြီးစစ်ဆေးဖို့ရောက်နေတယ်”ဟု ရန်ကင်းမြို့ခံတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင် ယနေ့ ညနေတွင် ဗုံးပေါက်ကွဲမူများဆက်တိုက်ဖြစ်ပွားနေသည်ဟုလည်း မြို့ခံများထံသိရသည်။
ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးမူများ အတင်းအကြပ်ပြုလုပ်နေစဉ် ယခုလိုပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကစစ်ကောင်စီပစ်မှတ်များကို မြို့ပြစစ်ဆင်ရေးအဖြစ် နန်းထိုက်အောင် စစ်ဆင်ရေးဖြင့်အရှိန်မြှင့်တိုက်ခိုက်နေသည်။
ဦးေတဇမိသားစုပိုင္ Harry’s Bar တြင္ဗုံးကြဲ
-ေစာေႏြဦး/ People’s Spring
ျမန္မာပလာဇာရွိ ဦးေတဇ၏မိသားပိုင္ဆိုင္သည့္ Harry’s Bar တြင္ ယေန႔ ညေန ၄နာရီခြဲခန႔္တြင္ ဗုံးေပါက္ကြဲမူျဖစ္ပြားခဲ့ေၾကာင္း မ်က္ျမင္ေတြ႕ရွိသူမ်ားကေျပာသည္။
ေပါက္ကြဲမူေၾကာင့္ လူထိခိုက္ျခင္းမရွိဘဲမွန္မ်ားကြဲသြားေၾကာင္းလည္း သိရသည္။
“မွန္ေတြကြဲသြားတယ္၊ ဘားထဲက လူေတြထိခိုက္တာမ်ိဳးမရွိပါဘူး” ဟု ကိုယ္တိုင္ျမင္ခဲ့ရသူတစ္ဦးက ေျပာသည္။
Harry’s barသည္ စင္ကာပူအေျခစိုက္လုပ္ငန္းျဖစ္ေသာ္လည္း ျမန္မာနိုင္ငံတြင္ အၾကမ္းဖက္စစ္ေကာင္စီကို လက္နက္တင္သြင္းေပးသည့္ ဦးေတဇ၏မိသားစု ပိုင္ဆိုင္ထားျခင္းျဖစ္သည္။
“Harry’s ကစစ္တပ္နဲ႔ဆက္စပ္ေနလို႔ခြဲတာထင္တယ္။ အခုေတာ့ အဲ့နားမွာ စစ္တပ္ေကာရဲေတြေကာ အမ်ားႀကီး ပဲလမ္းပိတ္ၿပီးစစ္ေဆးဖို႔ေရာက္ေနတယ္”ဟု ရန္ကင္းၿမိဳ႕ခံတစ္ဦးက ေျပာသည္။
ရန္ကုန္ၿမိဳ႕တြင္ ယေန႔ ညေနတြင္ ဗုံးေပါက္ကြဲမူမ်ားဆက္တိုက္ျဖစ္ပြားေနသည္ဟုလည္း ၿမိဳ႕ခံမ်ားထံသိရသည္။
ရန္ကုန္ၿမိဳ႕တြင္ အၾကမ္းဖက္စစ္ေကာင္စီက ပိတ္ဆို႔စစ္ေဆးမူမ်ား အတင္းအၾကပ္ျပဳလုပ္ေနစဥ္ ယခုလိုေပါက္ကြဲခဲ့ျခင္းျဖစ္သည္။ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားကစစ္ေကာင္စီပစ္မွတ္မ်ားကို ၿမိဳ႕ျပစစ္ဆင္ေရးအျဖစ္ နန္းထိုက္ေအာင္ စစ္ဆင္ေရးျဖင့္အရွိန္ျမႇင့္တိုက္ခိုက္ေနသည္။