ၾကားသိရသမွ်

ပြည်သူ့ရင်ပြင်အပြင်မှာဆောက်ထားတဲ့ မဏ္ဍပ်တွေအထဲပြန်ရွေ့ဆောက်

ပြည်သူ့ရင်ပြင်အပြင်မှာဆောက်ထားတဲ့ မဏ္ဍပ်တွေအထဲပြန်ရွေ့ဆောက်

ဆဏ်း/People’s Spring
သင်္ကြန် ရောက်ဖို့ သုံးရက်ပဲလိုတော့ချိန်မှာ စစ်ကောင်စီက ရန်ကုန်မြို့တွင်းမဏ္ဍပ်တွေကို အပူတပြင်းဆောက်လုပ်နေတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်က ရန်ကုန်တိုင်းအစိုးရရုံးရှေ့ ပြည်သူ့ရင်ပြင် အပြင်ဘက်မှာ ဆောက်လုပ်နေတဲ့ မဏ္ဍပ်တွေကိုလည်း ပြည်သူ့ရင်ပြင်အတွင်း ပြောင်းဆောက်နေတာကိုလည်းတွေ့ရပါတယ်။

အဲဒီမဏ္ဍပ်တွေဆောက်နေတဲ့ရက်က ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်အနီး ဗုံးပေါက်ခဲ့တာကြောင့် မဏ္ဍပ်တွေကို ပြည်သူ့ရင်ပြင်အတွင်း ရွှေ့ပြောင်းခြင်းဖြစ်နိုင်တယ်လို့ သုံးသပ်နေတာလည်းရှိပါတယ်။

ဗုံးပေါက်မှုဖြစ်ခဲ့တဲ့ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ရှိရာ လမ်းမကြီးကိုလည်း စစ်ကောင်စီက ပိတ်ထားပြီး ပြင်ဆင်တာတွေဆက်လုပ်နေပါတယ်။

စစ်ကောင်စီက လူစည်ကားတဲ့ နေရာတွေမှာ မဏ္ဍပ်ဆောက်လုပ်ဖို့ ညွှန်ကြားထားတယ်လိုဆိုပေမယ့် ရန်ကုန်မြို့လယ် အနော်ရထားလမ်းပေါ်မှာ ရေကစားမဏ္ဍပ်နှစ်ခုပဲ ဆောက်နေတာတွေ့ရပါတယ်။

၂၇ လမ်း နဲ့ ဘိုကလေးဈေးမှာ စစ်ကောင်စီတပ်လုံခြုံရေးယူပြီး ဆောက်လုပ်နေတာဖြစ်ပါတယ်။

စစ်ကောင်စီက သင်္ကြန်ကိုစည်ကားရေး နည်းမျိုးစုံနဲ့ပြင်ဆင်လျက်ရှိပြီး တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီ သင်္ကြန်တွင်မပါဖို့ တိုက်တွန်းထားပါတယ်။

ျပည္သူ႔ရင္ျပင္အျပင္မွာေဆာက္ထားတဲ့ မ႑ပ္ေတြအထဲျပန္ေရြ႕ေဆာက္

ဆဏ္း/People’s Spring
သၾကၤန္ ေရာက္ဖို႔ သုံးရက္ပဲလိုေတာ့ခ်ိန္မွာ စစ္ေကာင္စီက ရန္ကုန္ၿမိဳ႕တြင္းမ႑ပ္ေတြကို အပူတျပင္းေဆာက္လုပ္ေနတာေတြ႕ရပါတယ္။

ၿပီးခဲ့တဲ့ရက္က ရန္ကုန္တိုင္းအစိုးရ႐ုံးေရွ႕ ျပည္သူ႔ရင္ျပင္ အျပင္ဘက္မွာ ေဆာက္လုပ္ေနတဲ့ မ႑ပ္ေတြကိုလည္း ျပည္သူ႔ရင္ျပင္အတြင္း ေျပာင္းေဆာက္ေနတာကိုလည္းေတြ႕ရပါတယ္။

အဲဒီမ႑ပ္ေတြေဆာက္ေနတဲ့ရက္က ရန္ကုန္ၿမိဳ႕ေတာ္ဝန္မ႑ပ္အနီး ဗုံးေပါက္ခဲ့တာေၾကာင့္ မ႑ပ္ေတြကို ျပည္သူ႔ရင္ျပင္အတြင္း ေရႊ႕ေျပာင္းျခင္းျဖစ္နိုင္တယ္လို႔ သုံးသပ္ေနတာလည္းရွိပါတယ္။

ဗုံးေပါက္မႈျဖစ္ခဲ့တဲ့ ရန္ကုန္ၿမိဳ႕ေတာ္ဝန္မ႑ပ္ရွိရာ လမ္းမႀကီးကိုလည္း စစ္ေကာင္စီက ပိတ္ထားၿပီး ျပင္ဆင္တာေတြဆက္လုပ္ေနပါတယ္။

စစ္ေကာင္စီက လူစည္ကားတဲ့ ေနရာေတြမွာ မ႑ပ္ေဆာက္လုပ္ဖို႔ ညႊန္ၾကားထားတယ္လိုဆိုေပမယ့္ ရန္ကုန္ၿမိဳ႕လယ္ အေနာ္ရထားလမ္းေပၚမွာ ေရကစားမ႑ပ္ႏွစ္ခုပဲ ေဆာက္ေနတာေတြ႕ရပါတယ္။

၂၇ လမ္း နဲ႔ ဘိုကေလးေဈးမွာ စစ္ေကာင္စီတပ္လုံျခဳံေရးယူၿပီး ေဆာက္လုပ္ေနတာျဖစ္ပါတယ္။

စစ္ေကာင္စီက သၾကၤန္ကိုစည္ကားေရး နည္းမ်ိဳးစုံနဲ႔ျပင္ဆင္လ်က္ရွိၿပီး ေတာ္လွန္ေရးအင္အားစုေတြကလည္း စစ္ေကာင္စီ သၾကၤန္တြင္မပါဖို႔ တိုက္တြန္းထားပါတယ္။