ဒီpostကို ကလေးအမေ မြင်ပါစေ။ ဒီနေ့ဆိုင်မခင်းရသေးခင် သားအမိ ၂ယောက် နားကပ်လာရောင်းပါတယ်။နားကပ်က ကလေးနားမှာ ပန်ထားတာ။
ရောင်းဖို့ဖြုတ်ရော ကလေးက ငိုလိုက်တာမှ ဘလိုမှဖြုတ်မရ ရုန်းကန်နေရော။ကျနော်လဲ နောက်ဧည့်သည်တွေလာတော့ သူတို့ဖြုတ်အပီးမစောင့်တော့ပဲ တခြားလူကို ပြနေလိုက်တယ်။

ခနနေတော့ အာ့ကလေးမသားအမိပြန်သွားရော။ဖြုတ်ပေးနေတဲ့ညီလေးကို မေးလိုက်တော့ ကလေးအရမ်းငိုနေလို့ သူ့အမေ မျက်ရည်တွေကျပီး မရောင်းတော့ဘူးဆိုပြီး ပြန်သွားတာတဲ့။
သိသိချင်းလိုက်ရှာတာ မမီ တော့ဘူး။ တခုခုအဆင်မပြေလို့လာရောင်းရတာတောင် သားသမီးငိုတော့ မနေသာတဲ့ မိဘမေတ္တာ အတွက် အာ့ကလေးမကို နားကပ် ရောင်းရငွေ ရမယ့်အတိုင်း ဆုချချင်ပါတယ်။
နားကပ်ကိုလဲ ကလေးဆီမှာပဲ ဆက်ပန်ထားပါ။ ဒီပို့စ်ကို ကလေးအမေတွေ့ရင် ဆိုင်ကို ဘောက်ချာပြန်ယူပီးလာခဲ့ပါ။မိဘဆိုတော့လည်း သားသမီးမျက်ရည်ကျတာ ဘယ်နေနိုင်ပါ့မလဲလေ မိဘမေတ္တာကို အထင်းသားမြင်ရပါတယ်။
Credit
Zawgyi
ဒီpostကို ကေလးအေမ ျမင္ပါေစ။ ဒီေန႔ဆိုင္မခင္းရေသးခင္ သားအမိ ၂ေယာက္ နားကပ္လာေရာင္းပါတယ္။နားကပ္က ကေလးနားမွာ ပန္ထားတာ။
ေရာင္းဖို႔ျဖဳတ္ေရာ ကေလးက ငိုလိုက္တာမွ ဘလိုမွျဖဳတ္မရ ႐ုန္းကန္ေနေရာ။က်ေနာ္လဲ ေနာက္ဧည့္သည္ေတြလာေတာ့ သူတို႔ျဖဳတ္အပီးမေစာင့္ေတာ့ပဲ တျခားလူကို ျပေနလိုက္တယ္။

ခနေနေတာ့ အာ့ကေလးမသားအမိျပန္သြားေရာ။ျဖဳတ္ေပးေနတဲ့ညီေလးကို ေမးလိုက္ေတာ့ ကေလးအရမ္းငိုေနလို႔ သူ႔အေမ မ်က္ရည္ေတြက်ပီး မေရာင္းေတာ့ဘူးဆိုၿပီး ျပန္သြားတာတဲ့။
သိသိခ်င္းလိုက္ရွာတာ မမီ ေတာ့ဘူး။ တခုခုအဆင္မေျပလို႔လာေရာင္းရတာေတာင္ သားသမီးငိုေတာ့ မေနသာတဲ့ မိဘေမတၱာ အတြက္ အာ့ကေလးမကို နားကပ္ ေရာင္းရေငြ ရမယ့္အတိုင္း ဆုခ်ခ်င္ပါတယ္။
နားကပ္ကိုလဲ ကေလးဆီမွာပဲ ဆက္ပန္ထားပါ။ ဒီပို႔စ္ကို ကေလးအေမေတြ႕ရင္ ဆိုင္ကို ေဘာက္ခ်ာျပန္ယူပီးလာခဲ့ပါ။မိဘဆိုေတာ့လည္း သားသမီးမ်က္ရည္က်တာ ဘယ္ေနႏိုင္ပါ့မလဲေလ မိဘေမတၱာကို အထင္းသားျမင္ရပါတယ္။
Credit



