အုပ္ခ်ဳပ္ေရးမွဴး ေက်ာ္ထြန္းႏွင့္ ပ်ဴေစာထီးအဖြဲ႕၀င္ ေရႊနန္းတို႕ ငရဲျပည္ပို႕ခံရ(ရုပ္သံ)
အုပ္ခ်ဳပ္ေရးမွဴး ေက်ာ္ထြန္းႏွင့္ ပ်ဴေစာထီးအဖြဲ႕၀င္ ေရႊနန္းတို႕ ငရဲျပည္ပို႕ခံရ
ေရႊဘို တအုံရြာ စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉး ေက်ာ္ထြန္းႏွင့္ ပ်ဴေစာထီးအဖြဲ႕ဝင္ ေရႊနန္းတို႔ ပစ္သတ္ခံရ၊ ေလာင္းလုံးတြင္လည္း စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ ပစ္ခတ္ခံရၿပီး ေသဆုံး
ရန္ကုန္၊ ဧၿပီ ၇
စစ္ကိုင္းတိုင္း ေရႊဘိုၿမိဳ႕နယ္ တအုံေကၽြးရြာ စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉး ေက်ာက္ထြန္းႏွင္ ပ်ဴေစာထီး အဖြဲ႕ဝင္ ေရႊနန္းတို႔ ယေန႔ ဧၿပီလ ၇ရက္ေန႔ မြန္းလြဲ ၂နာရီ ၃ဝမိနစ္ခန႔္တြင္ ေရႊဘို-ေက်ာက္ေျမာင္းလမ္းပိုင္း၌ Black Wolf တပ္ဖြဲ႕က ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေသဆုံးသူ ၂ဦးသည္ အၾကမ္းဖက္ စစ္ေကာင္စီထံ သတင္းေပးျခင္း၊ ေက်းရြာျပည္သူမ်ားအား လက္နက္အားကိုးျဖင့္ ၿခိမ္းေျခာက္ျခင္း၊
ေက်းရြာမ်ားအား မီးရွို႔မည္ဟု ၿခိမ္းေျခာက္ျခင္း၊ ေရႊဘိုတကၠသိုလ္အတြင္း တပ္စြဲထားေသာ စစ္ေကာင္စီႏွင့္ ဆက္သြယ္ျခင္း၊
ေကာ့ရြာရွိ ပ်ဴေစာထီးမ်ားႏွင့္ ပူးေပါင္းျခင္း၊ လူသစ္စုေဆာင္းျခင္းတို႔ေၾကာင့္ ရွင္းလင္းခဲ့ျခင္းျဖစ္ေၾကာင္း Black Wolf တပ္ဖြဲ႕က ထုတ္ျပန္ထားသည္။
အလားတူ တနသၤာရီတိုင္း၊ ေလာင္းလုံးၿမိဳ႕နယ္၊ ညင္းေမာ္ေက်းရြာအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ ဦးေဇာ္နိုင္ဦး(ခ)နိုင္ဦးသည္ ယေန႔ နံနက္၆နာရီခြဲအခ်ိန္ ေစ်းထဲတြင္ ေသနတ္ျဖင့္ ပစ္ခတ္ခံရၿပီး ေသဆုံးသြားေၾကာင္း သိရွိရသည္။
အသက္၅၈ႏွစ္အရြယ္ ဦးေဇာ္နိုင္ဦး(ခ)နိုင္ဦးသည္ ၎၏ဇနီးျဖစ္သူ ကို ေစ်းလာပို႔စဥ္ ပစ္ခတ္ခံရၿပီး လည္ပင္းႏွင့္ ရင္ဘတ္က်ည္ထိမွန္ဒဏ္ရာမ်ားျဖင့္ ပြဲခ်င္း ၿပီး ေသဆုံးသြားေၾကာင္း သိရွိရသည္။
“သူက အုပ္ခ်ဳပ္ေရးမႈးထက္ေတာင္ စစ္ေကာင္စီနဲ႔ ပိုပိုင္တယ္။ ဒီဘက္ကစစ္တပ္ ေတြရဲေတြ ရဲ့လႈပ္ရွားမႈေတြမွာ ေတာ္ေတာ္မ်ားမ်ား သူပါတယ္ေလ”ဟု ညင္းေမာ္ရြာခံတစ္ဦးက ေျပာသည္။
ဦးေဇာ္နိုင္ဦးသည္ ေက်းရြာအရန္မီးသတ္အဖြဲ႕ေခါင္းေဆာင္လည္းျဖစ္ၿပီး အရက္ ဆိုင္ဖြင့္ၿပီး ေလာင္းကစားဝိုင္းမ်ား ထူေထာင္ေနသူလည္းျဖစ္ေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- ေရႊဘိုၿမိဳ႕နယ္ တအုံေကၽြးရြာ စစ္ေကာင္စီခန႔္ အုပ္ခ်ဳပ္ေရးမႉး ေက်ာက္ထြန္းႏွင္ ပ်ဴေစာထီး အဖြဲ႕ဝင္ ေရႊနန္းတို႔ ပစ္ခတ္ခံေနရစဥ္။
Video Player
00:00
00:42
unicode
အုပ်ချုပ်ရေးမှူး ကျော်ထွန်းနှင့် ပျူစောထီးအဖွဲ့ဝင် ရွှေနန်းတို့ ငရဲပြည်ပို့ခံရ
ရွှေဘို တအုံရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျော်ထွန်းနှင့် ပျူစောထီးအဖွဲ့ဝင် ရွှေနန်းတို့ ပစ်သတ်ခံရ၊ လောင်းလုံးတွင်လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင် ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဧပြီ ၇
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တအုံကျွေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျောက်ထွန်းနှင် ပျူစောထီး အဖွဲ့ဝင် ရွှေနန်းတို့ ယနေ့ ဧပြီလ ရရက်နေ့ မွန်းလွဲ ၂နာရီ ၃ဝမိနစ်ခန့်တွင် ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း၌ Black Wolf တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးသူ ၂ဦးသည် အကြမ်းဖက် စစ်ကောင်စီထံ သတင်းပေးခြင်း၊ ကျေးရွာပြည်သူများအား လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ခြင်း၊
ကျေးရွာများအား မီးရှို့မည်ဟု ခြိမ်းခြောက်ခြင်း၊ ရွှေဘိုတက္ကသိုလ်အတွင်း တပ်စွဲထားသော စစ်ကောင်စီနှင့် ဆက်သွယ်ခြင်း၊
ကော့ရွာရှိ ပျူစောထီးများနှင့် ပူးပေါင်းခြင်း၊ လူသစ်စုဆောင်းခြင်းတို့ကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း Black Wolf တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်နိုင်ဦး(ခ)နိုင်ဦးသည် ယနေ့ နံနက်၆နာရီခွဲအချိန် စျေးထဲတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
အသက်၅၈နှစ်အရွယ် ဦးဇော်နိုင်ဦး(ခ)နိုင်ဦးသည် ၎င်း၏ဇနီးဖြစ်သူ ကို စျေးလာပို့စဉ် ပစ်ခတ်ခံရပြီး လည်ပင်းနှင့် ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာများဖြင့် ပွဲချင်း ပြီး သေဆုံးသွားကြောင်း သိရှိရသည်။
“သူက အုပ်ချုပ်ရေးမှုးထက်တောင် စစ်ကောင်စီနဲ့ ပိုပိုင်တယ်။ ဒီဘက်ကစစ်တပ် တွေရဲတွေ ရဲ့လှုပ်ရှားမှုတွေမှာ တော်တော်များများ သူပါတယ်လေ”ဟု ညင်းမော်ရွာခံတစ်ဦးက ပြောသည်။
ဦးဇော်နိုင်ဦးသည် ကျေးရွာအရန်မီးသတ်အဖွဲ့ခေါင်းဆောင်လည်းဖြစ်ပြီး အရက် ဆိုင်ဖွင့်ပြီး လောင်းကစားဝိုင်းများ ထူထောင်နေသူလည်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရွှေဘိုမြို့နယ် တအုံကျွေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျောက်ထွန်းနှင် ပျူစောထီး အဖွဲ့ဝင် ရွှေနန်းတို့ ပစ်ခတ်ခံနေရစဉ်။