ၾကားသိရသမွ်

ယဉ်တိုက်ခံရတဲ့ ညီလေးရဲ့ ထမင်းချိုင့်ဖွင့်ကြည့်မိပြီး ရင်ထဲ တော်တော်စိတ်မကောင်းဖြစ်မိတယ်

ထမင်းချိုင့်လေး (၁)လုံး….…

မနက် (၈)နာရီခွဲလောက်…..

ဒေါပုံ ဂျပန်တံတားပေါ် ပြိုင်ကားမှ စက်ဘီးတွေကို ဝင်တိုက်တဲ့ ယာဉ်တိုက်မှု သွားရောက်ကူညီဖြစ်

ကျနော့်ကားပေါ် ပါလာတဲ့ လူနာ ညီလေး…..

အတော်ထိထားတယ်…ခေါင်းတွေလဲ ကွဲ…နှာခေါင်းရိုးလဲ ကျိုး…အောက်ပိုင်းလဲ ထိထားပုံရတယ်…

သတိက လှုပ်နိုးမှ ပြန်လည်တယ်

ကားပေါ်မှာလဲ ကျနော့်လက်လေးကိုင်ပြီ…အားကိုးတကြီး ကြည့်ရှာတယ်

လူနာညီလေးကို အရေးပေါ်သို့ အမြန်ဆုံး ပို့ဆေ ာင်ပေးခဲ့ပြီ…..ကားပေါ်မှာ အဲ့လူနာ ညီလေး ထမင်းချိုင့်လေး ကျန်ခဲ့တယ်

ကျနော်တို့လဲ နောက်လူနာလမ်းကြောင်းတွေ သွားပြီ ပြန်ရောက်တော့…

ကျနော့် ညီငယ်မှ ကိုကြီး​ရေ… ဟို မနက်က ကားတိုက် လူနာအကို ထမင်းချိုင့်လေး ကျန်ခဲ့တယ်တဲ့

ဟေ…ဟုတ်လား သူ အလုပ်သွားရင် တိုက်ခံရတာ နေမယ် ညီ (အချိန်ကြည့်တော့ (၁)နာရီကျော်နေပြီ)

ဒါဆို ပြန်သွားပေးကြမယ်ပေါ့…ရောက်တော့ အ ရေးပေါ်ဆိုတော့ သိတဲ့တိုင်း ရှုပ်ယှက်ခက်နေတော့…ပြန်လာခဲ့ရ

ကျနော့် ဆေးခန်းလေး ရောက်တော့…ကျနော်လဲ ထမင်းစားမလို့ တပည့်တွေ ပြင်နေတုန်း…ကျနော် အဲ့ ထမင်းချိုင့်လေးကို ဖွင့်ကြည့်မိတယ်

(ဘာရယ်မဟုတ်ဘူး…ပတ်ထားတဲ့ သရေကွင်းလေးကလဲ ညစ်ပတ်နေတယ်…အပေါ်က ကျွတ်ကျွတ်အိတ်လေးကလဲ ရေတွေနဲ့မလို့…သန့်ရှင်းရေး လုပ်ပေးမယ်ပေါ့ )

ဖွင့်ကြည့်လိုက်တော့…ရင်ထဲ အတော် မကောင်းဖြစ်သွားတယ်

အပေါ်ဆုံးလေးက ထမင်းလေး တခွက်ပဲပါတ ယ်…ကျန်တာတွေက အလွှတ်တွေ ဗျာ

ကျနော့် အမျိုးသမီးက (ကိုကိုရေ သဲတို့ ထမ င်းဆိုင်(ကျနော်တို့ဆိုင်ပါ)က ဟင်းတွေ ထည့်ပြီ ပြန်သွားပေးမယ်တဲ့)

ကျနော့် ခေါင်းထဲ တွေးနေတာက….

အော…သူ့ခင်ဗျာ ပါလာတဲ့ ထမင်းလေး မိုးစိုမှာဆိုးလို့ အိတ်လေးနဲ့…

အဲ့ထမင်းကို သူ အလုပ်ရောက်မှ ဟင်းဝယ်စားမှာလား ??

ဒါမှ မဟုတ်…အဲ့ ထမင်းကိုဘာနဲ့စားမှာလဲပေါ့ ??

ကျနော့် ရင်ထဲ မကောင်းဘူး ဗျာ…ငါတို့ကတော့ ဟင်းတွေ အစုံအလင်နဲ့ အဆင်ပြေစွာ စားနေပေမဲ့…

ခုလို ဘာဟင်းမှ မပါတဲ့… ချိုင့်လေးတလုံးနဲ့ အလု ပ်သွား အလုပ်လုပ်နေကြတဲ့သူတွေ အများကြီးရှိနေပါလားဆိုတဲ့ အတွေးက တနေကုန် စိုးမိုးနေခဲ့တယ် ဗျာ

ညီလေး အဆင်ပြေပါစေ…အမြန်ဆုံး ကျန်းမာပါစေ

အော…ကျနော်တို့တွေ တခါတလေ ဘူဖေးဆိုင်မှာ ဗုံပေါလအောတွေ စားနေပေမဲ့….. တချို့တွေမှာ အသားဟင်း မပြောနဲ့ အရွက်ကြော်တောင် အနို င်နိုင်ဖြစ်နေကြပါလားဗျာ

လူနာညီလေး အသိတွေများ ဒီPostကို တွေ့ခဲ့ရင် ဆက်သွယ်ပေးပါနော်…ထမင်းချိုင့်လေးလဲ ပြန်ပေးရင်း…လူနာညီလေးအတွက် တခုခုပေါ့ဗျာ…

ကိုပူတူးနှင့်ဘော်ဒါများ

095408437
Crd