အမျိုးသမီးများ အိမ်ထောင်ဘက် အဖြစ် အရက်သမားအား ရွေးချယ်သင့်သည့် ကောင်းကျိုးများ…c
၁ ။ မူးနေသည့်အချိန်များတွင် မိမိ မလှ သော်ငြားလည်း သူတို့အမြင်တွင်အရမ်းလှသည်ဟုထင်မြင်နေတတ်ခြင်း
၂ ။ ညနေတိုင်း အရက်ဆိုင်တွင် အနေများသဖြင့် ညနေစာကိုအမြဲတစ်ယောက်စာ လျှော့ချက်ရခြင်း
၃ ။ ဆေးသမား ဖဲသမား မဟုတ်သည့်အတွက် အရက်ဖိုးလေး မဆိုသလောက်မျှသာ ကုန်ခြင်း
၄ ။ ကိစ္စရှိလို့ အရေးတကြီးလိုအပ် လျှင် အရက်ဆိုင် တွင် အလွယ်တကူ သွားရောက်ခေါ်နိုင်ခြင်း
၅ ။ အိမ်ရှင်မများ အနေဖြင့် အိမ်၏စီးပွားရေးအား ကိုယ်တိုင်ဦးစီးအုပ်ချုပ် လုပ်ကိုင်နိုင်ပြီး တစ်အိမ်လုံး၏ ဝင်ငွေထွက်ငွေကို မိမိစိတ်တိုင်းကျစီမံခန့်ခွဲသုံးစွဲနိုင်ခြင်း
၆ ။ ထွေလီဖောက်ပြား ဖောက်ပြန်ဖို့ မပြောနဲ့ မူးပြီး အိမ်ပြန်တာတောင် သူ့ဖာသာ အနိုင်နိုင် မနဲထိန်းပြီး လမ်းလျှောက်ပြန်လာရခြင်း
၇ ။ သူတစ်ပါးအသက် သတ်ဖို့နေနေသာသာ သူ့ဖာသာ အန်ဖတ်ဆို့ မ သေအောင် မနဲဂရုစိုက်နေရခြင်း
၈ ။ တစ်ပါးသူပစ္စည်းခိုးဖို့ မပြောနဲ့ သူ့မှာပါလာတဲ့ပစ္စည်း မေ့ကျန်တာ ပျောက်ရှတာ အခိုးခံရတာ အလုခံရတာ
မဖြစ်အောင် အမြဲဂရုစိုက်နေရခြင်း
၉ ။ လိမ်လည် လှည့်ဖျား ပြောဆိုဖို့ဆိုတာ ဝေးလို့… ထန်းရေမူးရင် ကျွဲခိုးပေါ်ဆိုတဲ့စကားပုံလိုပဲ၊ လုပ်ထား သမျှ အကုန်ပြန်ပြောပြနေလို့ ရိုက်စစ်စရာ မလိုအောင် ကိုသိရခြင်း
၁၀ ။လူ့ပတ်ဝန်းကျင်၌လည်း အရက်လေးပဲ သောက် တတ်တာပါအေ…ကျန်တာအကုန်ကောင်းတယ်ဟု… ချီးမွမ်း ထောပနာပြု ခံရ၍ ဂုဏ်ယူနိုင်ခြင်း
ထိုထိုသော အချင်းအရာများ ကြောင့်…… အိုဘဲ့……အမျိုးကောင်းသမီးတို့…မိမိတို့အနေနဲ့ကိုယ်ယူမည့် အမျိုးသားသည်အရက်သမားဖြစ်ဖို့ လိုအပ်၏…..!တိန်
Crd