ၾကားသိရသမွ်

ႏြားမေတြေႏြားႏို႔ပိုထြက္ေအာင္ ျမက္ခင္းပုံျမင္ရတဲ့ VR headset တပ္ေပးထားတဲ့လယ္သမား(ရုပ္/သံ)

ႏြားမေတြေႏြားႏို႔ပိုထြက္ေအာင္ ျမက္ခင္းပုံျမင္ရတဲ့ VR headset တပ္ေပးထားတဲ့လယ္သမား(ရုပ္/သံ)
ႏြား ႏို႔ အထြက္တိုးဖို႔ လယ္သမားေတြက နည္း မ်ိဳး စုံနဲ႔ ႀကိဳးစား ၾကပါတယ္။ ဒါေပမယ့္ လယ္သမား တစ္ေယာက္ ကေတာ့ ႏြားမေတြကို VR headsets တပ္ေပးလိုက္ ပါတယ္။

ႏြားမေတြ VR headsets တပ္ ထား တဲ့ အခါ ႏြားမေတြရဲ႕ မ်က္လုံးထဲမွာ ျမက္ခင္းျပင္ႀကီး ကို ျမင္ေနရေအာင္လို႔ ပါ။

အဲဒီ လယ္သမားကေတာ့ တူရကီႏိုင္ငံ က Izzet Kocak ျဖစ္ ပါ တယ္။ ႏြားမေတြ ေပ်ာ္႐ႊင္မွ ႏြားႏို႔မ်ားမ်ား ထြက္ႏိုင္မွာကို Izzet သိတဲ့အခါ အႀကံေကာင္း ရ သြား ပါ တယ္။

သူ႔ရဲ႕ ႏြားမႏွစ္ေကာင္ကို VR headset ေတြတပ္ေပးၿပီး ႏြားႏို႔ထြက္ႏႈန္းကို မွတ္သား ထားပါတယ္။ ႏြားမေတြကို VR headset တပ္ေပးၿပီးေနာက္မွာ ႏြားႏို႔ထြက္ႏႈန္းက တစ္ေန႔ကို ၂၂ လီတာကေန ၂၇ လီတာအထိ တိုး လာ ပါတယ္။

” VR headset တပ္ထားေတာ့ ျမက္ခင္းျပင္ကို ႏြားမေတြ ျမင္ရတယ္။ အဲ ဒီ အခါ သူတို႔မွာ စိတ္ဖိစီးမႈနည္းၿပီး ေပ်ာ္႐ႊင္လာတယ္” လို႔ Izzet က ေျပာပါတယ္။

အရင္ကလည္း Izzet က သူ႔ႏြားေတြ ေပ်ာ္ဖို႔ ဂႏၲဝင္သီခ်င္းေတြဖြင့္ေပးဖူးပါတယ္။ ဒါေပမယ့္ headset နဲ႔ဆိုရင္ ႏြားေတြကပိုေပ်ာ္ပါတယ္။ အခုဆိုရင္ ေနာက္ထပ္ VR headsets ၁၀ လုံး ထပ္ဝယ္ဖို႔သူစီစဥ္ထားပါၿပီ။

ႏြားေတြ ကိုသီခ်င္းဖြင့္ေပးတာ၊ ျမက္ခင္းတု ျပေပးတာက ႏြားႏို႔အရည္အေသြး ပိုေကာင္းလာတဲ့အျပင္ႏြား ႏို႔ လည္း ပို ထြက္လာတယ္လို႔ ႐ုရွားစိုက္ပ်ိဳးေရးဝန္ႀကီးဌာနက ၂၀၁၉ ခုႏွစ္မွာ ေဖာ္ျပ ခဲ့ဖူးပါတယ္။ Credit

Unicode

နွားမတွေနွေားနို့ပိုထွက်အောင် မြက်ခင်းပုံမြင်ရတဲ့ VR headset တပ်ပေးထားတဲ့လယ်သမား(ရုပ်/သံ)
နွား နို့ အထွက်တိုးဖို့ လယ်သမားတွေက နည်း မျိုး စုံနဲ့ ကြိုးစား ကြပါတယ်။ ဒါပေမယ့် လယ်သမား တစ်ယောက် ကတော့ နွားမတွေကို VR headsets တပ်ပေးလိုက် ပါတယ်။

နွားမတွေ VR headsets တပ် ထား တဲ့ အခါ နွားမတွေရဲ့ မျက်လုံးထဲမှာ မြက်ခင်းပြင်ကြီး ကို မြင်နေရအောင်လို့ ပါ။

အဲဒီ လယ်သမားကတော့ တူရကီနိုင်ငံ က Izzet Kocak ဖြစ် ပါ တယ်။ နွားမတွေ ပျော်ရွှင်မှ နွားနို့များများ ထွက်နိုင်မှာကို Izzet သိတဲ့အခါ အကြံကောင်း ရ သွား ပါ တယ်။

သူ့ရဲ့ နွားမနှစ်ကောင်ကို VR headset တွေတပ်ပေးပြီး နွားနို့ထွက်နှုန်းကို မှတ်သား ထားပါတယ်။ နွားမတွေကို VR headset တပ်ပေးပြီးနောက်မှာ နွားနို့ထွက်နှုန်းက တစ်နေ့ကို ၂၂ လီတာကနေ ၂၇ လီတာအထိ တိုး လာ ပါတယ်။

” VR headset တပ်ထားတော့ မြက်ခင်းပြင်ကို နွားမတွေ မြင်ရတယ်။ အဲ ဒီ အခါ သူတို့မှာ စိတ်ဖိစီးမှုနည်းပြီး ပျော်ရွှင်လာတယ်” လို့ Izzet က ပြောပါတယ်။

အရင်ကလည်း Izzet က သူ့နွားတွေ ပျော်ဖို့ ဂန္တဝင်သီချင်းတွေဖွင့်ပေးဖူးပါတယ်။ ဒါပေမယ့် headset နဲ့ဆိုရင် နွားတွေကပိုပျော်ပါတယ်။ အခုဆိုရင် နောက်ထပ် VR headsets ၁၀ လုံး ထပ်ဝယ်ဖို့သူစီစဉ်ထားပါပြီ။

နွားတွေ ကိုသီချင်းဖွင့်ပေးတာ၊ မြက်ခင်းတု ပြပေးတာက နွားနို့အရည်အသွေး ပိုကောင်းလာတဲ့အပြင်နွား နို့ လည်း ပို ထွက်လာတယ်လို့ ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်မှာ ဖော်ပြ ခဲ့ဖူးပါတယ်။ Credit