ၾကားသိရသမွ်












Credit – ပဲခူးလေးနိုင်

မယားကြီးဘက်မှ သာသမီးတွေကို အိမ်ပေါ်က ဆင်းမပေးလို့ဟုဆိုကာ မိထွေးမှ အိမ်ကို အင်းအားသုံးပြီး သော့ခတ်သွားတဲ့ ဖြစ်ရပ်

ပဲခူးဒေသကြီးပဲခူးမြို့ ရပ်ကွက်ကြီး ၄ ဆယ်မြောင်းလမ်းမတွင် မနေ့ကဖြစ်ခဲ့သောဖြစ်စဉ်

အခင်းဖြစ်နေသောအိမ်မှာ ဒေါက်တာ ဦးမြလှိုင် နှစ့် ဒေါ်ကြည်ကြည်သန်း (ခ) မငယ်တို့ရဲ့နေအိမ်ဖြစ်ပါသည် ဒေါ်ငယ်မှ ဦးမြလှိုင်ရဲ့ဒုတိယမိန်းမဖြစ်ပြီးယခုပေါင်းခဲ့တဲ့အချိန်ထိသားသမီးမထွန်းကားခဲ့ပါ ဦးမြလှိုင်မှာအရင်မိန်းမဖြစ် သားသမီး ၄ ယောက်မွေးဖွားခဲ့ပါသည်

သားသမီးများမှာ အိမ်ထောင်ကြပြီးအိမ်ခွဲနေခဲ့ကြပြီး မိထွေးဖြစ်သူ ဒေါ်ငယ်နဲ့လဲအဆင်မပြေခဲ့ကြပါ။ဖခင်ဖြစ်သူ ဦးမြလှိုင်မှ နေမကောင်းရောဂါဝေဒနာခံစားနေရချိန်တွင် သားသမီးဖြစ်သူတွေကို အကြောင်းကြားခေါ်သဖြစ် သားသမီးများမှာ ဖခင်ဖြစ်သူနေအိမ်သို့ရောက်ရှိလာပြီး နေမကောင်းသူဖခင်အားပြုစုခဲ့ကြပါသည်။

ထိုသို့ပြုစုနေချိန်အတွင်းမှာပဲ ဖခင်ဖြစ်သူ ဦးမြလှိုင်မှာကွယ်လွန်သွားပါသည်။ ထိုသိုကွယ်လွန်သွားချိန်တွင် ဖခင်ရဲ့ရက်လည်နေ့တွင်ငွေမရှိသဖြင့် ရပ်ကွက်နေပြည်သူများမှစုပေါင်းပြီးရက်လည်ခဲ့ပါသည်။ထိုသိုရက်လည်ပြီးချိန်တွင် မိထွေးဖြစ်သူဒေါ်ငယ်မှ

ဦးမြလှိုင်ရဲသားသမီးတွေအား ဒီအိမ်နဲ့ခြံအားနင်အဖေမှဘုန်းကြီးကျောင်းမှာလှူသွားခဲ့တယ် နင်တို့နဲ့ဘာမှမဆိုင်တော့ဘူး အခုအိမ်ပေါ်ကဆင်းကြဆိုပြီးမောင်ထုက်ခဲ့ပါတယ်။ ထိုသို့မောင်ထုက်သည်ကို သားသမီးများကလက်မခံဘဲ သူတို့အဖေသေသွားပြီဖြစ်သဖြစ့် သူတိုတွေရဲ့ရပိုင်ခွင့်အမွေအားတောင်းဆိုရာတွင်

မိထွေးဖြစ်သူမှမပေးနိုင်ဘူး ငါသေမှလာယူကြ။ ငါမသေသေးဘူး ဒီအိမ်ခြံကလဲဘုန်းကြီးကျောင်းလှူထားတယ်။ နင်တို့နေလို့မရတော့ဘူးဆင်းသွားကြ ငါတယောက်ဘဲနေခွင့်ရှိတယ်ဆိုပြီး မောင်းထုက် ခဲ့ရာတွင်သားသမီးများမှမထွက်သွားသဖြစ်

မိထွေးဖြစ်သူမှ ဒီသားသမီးတွေနဲ့သူနေလို့မရတော့ပါဘူး အရှင်ဘုရားတို့အား ဦးမြလှိုင်လှူထားခဲ့တဲ့အတိုင်း အိမ်ကိုယူလိုက်ကြပါတော့ဘုရားလို့သွားရောက်ရှောက်ခဲ့သဖြစ် ကျောင်းမှသံဃာများဖြစ် ဒေါ်ငယ်နဲ့အတူ ဦးမြလှိုင်ရဲ့နေအိမ်ကိုသွားရောက်ခဲ့ပါသည်။

Video ကြည့်ရန် နေအိမ်တွင် နေထိုင်နေသောသားသမီးများအားဆရာတော်မှဒီအိမ်နဲ့ခြံအားနင်တို့ရဲ့ဖခင်မှကျောင်းတွင်လှူထားပြီး ခဲ့သည့်အတွက် ဖယ်ပေးကြရန်လာပြောတာဖြစ်ပြီး မဖယ်ပေးပါက ဒေါ်ငယ်မှအိမ်အားအပြင်မှသော့ပိတ်သွားမည်လို့ပြောဆိုပါသည်။

သားသမီးတွေမှလဲ အရှင်ဘုရားအခုဖြစ်နေသောပြဿနာသည် ရှင်ဘုရားတို့နဲ့မဆိုင်သေးပါဘူးဘုရား မိထွေးဖြစ်သူနဲ့အရင်ရှင်းရအုံးမှာပါလို့လျှောက်တင်သောလဲ လုံးဝလက်မခံဘဲ မိထွေးဖြစ်သူမှ အပြင်မှနေပြီအားလုံးသော့ခတ်ပြီးပိတ်လှောင်သွားခြင်ဖြစ်ပါတယ် ဆိုတဲ့အကြောင်းတင်ပြလိုက်ပါတယ်

Credit – ပဲခူးလေးနိုင်